Tuesday, September 14, 2010

ဆိတ်ကွယ်ရာအရပ်ဆီကကျမျက်ရည်

 ဆိတ်ကွယ်ရာအရပ်ဆီကကျမျက်ရည
(အမေ့သား)

အလင်းမဲ့အခန်းကျင်းလေးဆီက
ငါ့ရဲ့စိတ်အစဉ်တွေဟာ
ကျေးလက်မိခင်ရှိရာအရပ်ဆီ
ရောက်ခဲ့ညချိန်တွေဆိုလေ
ငါ့ရဲ့မျက်လုံးအိမ်ထဲမှာ
တပြိုက်ပြိုက်ချွေးရယ်နဲ့
နွားနှစ်ကောင်နဲ့ဖခင်။

ဦးခေါင်းထက်နွမ်းပုဆိုးရယ်နဲ့
ကဇဉ်းရိုးနဘေး
ကညွှတ်ချိုးတဲ့ရုပ်လွှာမိခင်။

ပြီးတော့...ပလိုင်းတလုံးရယ်နဲ့
ဂဏန်းလုံးရှာတဲ့
ပါးကွက်ကြားနဲ့ညီမငယ်လေး
ပြန်မြင်ခဲ့ညတွေဆိုလေ
ဆိတ်ကွယ်ရာအရပ်ထဲမှာ
တိတ်တခိုးလေး
ရွှေရင်ဆို့လို့ငိုမိတယ်။ ။