Friday, July 30, 2010

Myanmar Girl-band "Tiger Girls"


Myanmar Girl-band Making Ready for International Fans

Myanmar Girl-band "Tiger Girls"

Myanmar's Pop Band, Tiger Girls is trying to be ready for seeking international fans with their active and hot dancing and wonderful singing style. Tiger Girls can sing both English and Myanmar songs quite well and they also have their own English language songs too. Tiger Girls band is getting popular rapidly because of their hot and sexy dancing style and performances. Australian Girl, Nicole May is acting as the Manager and dancing trainer of Tiger Girls Band. The Tiger Girls is preparing to be able to stretch their paws around the globe.
၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈

ချယ်(လ်)ဆီ ကလင်တန် ရဲ့ မင်္ဂလာပွဲ
ချယ်ဆီး ကလင်တန် ရဲ့  လက်ထပ်မင်္ဂလာပွဲ

လေးဆယ့် နှစ်ဦး မြောက် အမေရိကန် သမ္မတ ဘီလ်ကလင်တန် နဲ့  လက်ရှိ နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန် ရဲ့  သမီး ချယ်(လ)ဆီး ကလင်တန် ရဲ့  လက်ထပ် မင်္ဂလာ ပွဲ ကို စနေ နေ့ က နယူးယောက်က ရိန်းဘက် ဒေသမှာ ကျင်းပခဲ့ ပါတယ် ။ မင်္ဂလာ ပွဲ ကျင်းပမယ့် နေရာ ကို လှို့ ဝှက် မှု တွေ လည်း ပြုလုပ် ထားသလိုလုံခြုံရေး ကို လည်း ထူထပ်စွာ ချထားပါတယ်။
အသက် ၃၀ အရွယ် ရှိ ပြီ ဖြစ်တဲ့ ချယ်(လ)ဆီး ကလင်တန် ဟာ စတန်း ဖို့ တက္ကသိုလ် ၊ကိုလံဘီယာ တက္ကသိုလ် ၊ အောက်စဖို့ တက္ကသိုလ် တွေ ကနေ ဒဿနိက ၊စီးပွား စီမံ အစရှိ တဲ့ ဘာသာ ရပ်တွေ နဲ့ ဘွဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်(လ)ဆီး ရဲ့  ဘ၀ လက် တွဲ ဖော်က ဘဏ်စီးပွားရေး လုပ်ကိုင် နေသူ နဲ့  ပင်ဆယ်ဗေးနီးယား ဒီမိုကရတ်အတ် တစ်ဦး ရဲ့  သား ဖြစ်သူ ဂျူးလူမျိုး မာခ် မာဗင်စကီး ဖြစ်ပါတယ်။ သူ တို့  နှစ်ဦး ဟာ စတန်း ဖို့  တက္ကသိုလ်မှာ ဆုံစည်း ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့ တဲ့ နှစ် ကျေး ဇူးတော် နေ့ မှ စေ့စပ် မင်္ဂလာ အခမ်းအနားပြုလုပ် ခဲ့ပါတယ်။
ချယ်(လ)ဆီး ရဲ့  သတို့ သမီး ၀တ်စုံ ကို ဒီဇိုင်နာ ဗီရာဝန် က ဖန်တီးပေးထား တာ ဖြစ်ပါတယ်။လက်ထပ်မင်္ဂလာ ပွဲ ကို နာမည် ကျော် သရုပ်ဆောင် အချို့  လည်း တက်ရောက်ပြီး အော်ပရာဝင်းဖရေး ၊ဒါရိုက်တာစတီဗင် စပီးလ် ဘာဂ် တို့ လည်း တက်ရောက် ပါတယ်။သူတို့ နှစ် ဦး ရဲ့  မင်္ဂလာ ဆောင် ဟာ ဒေါ်လာ ငါးသန်းခန့် ကုန် ကျ ခဲ့ တယ် လို့ ဆိုပါတယ်။


၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈

နိုင်ငံရပ်ခြားသို့ ပညာသင်သွားရာ၌ ပညာရေး အေဂျင်စီများ၏ ဆွဲဆောင်မှု တစ်ခုတည်းကိုသာ လက်ခံပြီး ရွေးချယ်ပါက နစ်နာမည်

ဘ၀တိုးတက်မှု အခွင့်အလမ်းအတွက် နိုင်ငံရပ်ခြားသို့ မြန်မာလူငယ်များ ပညာသင်သွားရောက်ကြရာတွင် မိမိတို့သဘောဆန္ဒအလျောက် သွားရောက်ခြင်းအပြင် မိဘများမှစေခိုင်းသည့် အချက်များလည်း ပါဝင်နေပါသည်။
ထို့အပြင် လူငယ်များ အချင်းချင်းအကြားတွင် မိမိတို့မွေးရပ်မြေများနှင့် ကင်းကွာရာသို့ ထွက်ပေါက်တစ်ခုသဖွယ် စတင်ယူဆလာကြကာ အများစုမှာ နိုင်ငံရပ်ခြားတွင် ပညာသင်လိုခြင်း၊ အလုပ်လုပ်ကိုင်လိုခြင်း စသည့်အချက်များ က နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းကို အစပြုလာစေခြင်း ဖြစ်ပါသည်။

၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈

"ကျောင်းသားလှုပ်ရှားမှုမှသည်၈၈၈၈ပြည်သူ့အရေးတော်ပုံသို့"
1988-Students.---[1]
 ၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈



mail from "Burma Partnership"


Thursday, July 29, 2010

ကျွန်ူပ်တို့တိုင်းပြည်အား အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန် မူဝါဒအမျိုးမျိုးကို ကိုင်စွဲကာ တာဝန်သိသူများ အထူး ကြိုးစားဆောင်ရွက်နေကြသည်။

ယခုကဲ့သို့ကြိုးစားဆောင်ရွက်နေသည်မှာ ပုဂ္ဂိုလိက ကိုယ်ကျိုးဆန္ဒအတွက်မဟုတ် တစ်မျိုးသားလုံး အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက်ဖြစ်သည်ကို ပြည်သူလူထု အနေနဲ့ မှတ်ထင်ယုံကြည်စေချင်တယ်။

ကျွန်ူပ်တို့သည် မြန်မာပြည်တွင် မွေးဖွားလာ၍ မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် ကျွန်ူပ်တို့၏ အရေးပင်ဖြစ်သည်ဟုဦးစွာပထမ ခံယူထားသင့်လှသည်။

ထိုကြောင့်ကျွန်ူပ်တို့တွင်လည်း တာဝန်တ္တရားများရှိသည်။တဖက်ကလူများမှာကိုယ်ကျိုးစွှန့်အနစ်နာခံကာ ကြိုးစားနေပါလျှက်ကျွန်ူပ်တို့ကမသိချင်ယောင်ဆောင်နေလိုက်လျှင်ဘယ်သောအခါမှအာဏာရှင်စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။

ဤနေရာတွင်တစ်ချက်ပြောပြလိုသည်မှာနိုင်ငံအရေးဆောင်ရွက်ခြင်းဆိုသည်မှာပြည်သူလူထုကောင်းစားရေးဟု ဆိုရလျှင်မမှားနိုင်ချေ ။ ထို့ကြောင့်နိုင်ငံအရေးလုပ်သူများအတွက် ပြည်သူလူထု၏ ထောက်ချက်သည် အားအကြီးဆုံးပင်ဖြစ်သည်။

Monday, July 19, 2010

ဝေးဝေးကြည့်၊ နက်နက်တွေး
(Written by လူထုစိန်ဝင်း)
သတင်းစာအလုပ်ကို စွဲလမ်းမြတ်နိုးလွန်းတာကြောင့် တစ်သက်လုံး ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့ပါတယ်။ သတင်းစာမျိုးဆက် ကန်းသွားမှာစိုးတဲ့အတွက် သတင်းစာပညာနဲ့ပတ်သက်တဲ့ စာတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ရေးတဲ့အခါမှာ လည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို အထူး အလေးထား ရေးခဲ့ပါတယ်။

အနာပေါ်တုတ်ကျဖြစ်ရှာကြ

ဈေးကွက်စီးပွားရေးနဲ့အတူ ပုဂ္ဂလိကဂျာနယ်တွေ ပေါ်ထွန်းလာတဲ့ အခါ၊ ကံစမ်းမဲကိစ္စ၊ လက်ဆောင်ကိစ္စ ဆိုတာမျိုးတွေကြောင့် ဂျာနယ်သမားတွေ နာမည်ပျက်စရာတွေ အများကြီးဖြစ်လာခဲ့ကြတယ်။ ကြော်ငြာကို သတင်းယောင်ဆောင် ရေးသား ထည့်သွင်းတာမျိုးတွေလည်း တွေ့လာရတယ်။ လက်ဆောင်ကြောင့် ဂျာနယ်သမားချင်း ရန်ဖြစ်ရတာတို့၊ ဖိတ်စာဖျောက်တာတို့ဆိုတဲ့ မဖွယ်မရာတွေလည်း မပြတ်ကြားလာရတယ်။ အဲဒါကြောင့် လက်ဆောင်ကို လက် ရှောင်ဖို့ စာတွေအများကြီး ရေးခဲ့တယ်။ စာအုပ်လက်ဆောင်ယူပြီး ကောင်းတယ်ညွှန်းတာမလုပ်ဖို့၊ သံရုံးကလွှတ်လို့ သူတို့နိုင်ငံ အလည်သွားရပြီး၊ ပြန်လာတော့ အားလုံးကောင်း၊ လွှတ်ကောင်း၊ ဆွေမျိုးသာမက နိုင်ငံပါမေ့သွားအောင်ကောင်းဆိုတဲ့ ကျေးဇူးဆပ်စာမျိုးတွေ မရေးဖို့ဆိုတာမျိုးတွေလည်း ထပ်ခါတလဲလဲ ရေးခဲ့တယ်။ ရေးလွန်းအားကြီးလို့ တချို့ခေတ်ပေါ်ဂျာနယ်တွေက ကွယ်ရာကနေ အောက်ကလိအာပြောကြတာတွေ တောင်ခံရတယ်။ အနာပေါ်တုတ်ကျ ဖြစ်ရှာကြတာကိုး။

လူငယ်တစ်ယောက်ကဆုံးမ

သူများကိုဆုံးမလွန်းလို့ ၀ဋ်လည်တာထင်ပါရဲ့။ အသက် ၇၀ ကျမှ လူငယ်တစ်ယောက်က ဆုံးမတာ ခံလိုက်ရတယ်။ အင်တာနက်ထဲက ဆုံးမတာဖြစ်လို့ လူငယ်လို့ ပြောလိုက်တာပါ။ ဘယ်သူဘယ်ဝါ မသိပါဘူး။ အင်တာနက်ထဲမှာ ရေးမဆုံး နိုင်ဖြစ်နေကြတဲ့ 'လက်ရောက်ကျူးလွန်မှု' တစ်ခုနဲ့ပတ်သက်ပြီး ဂျာနယ်သမားတွေက ထင်မြင်ချက်လာတောင်းတဲ့အတွက် ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။ ဘာအကြောင်းဘာကိစ္စမျိုးနဲ့မှ လူတစ်ဦးတစ်ယောက်ကို ကိုယ် ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တာမျိုး လုပ်ခွင့်မရှိတဲ့အကြောင်း၊ လုပ်ခဲ့ရင် ဥပဒေအရ အပြစ်ရှိတဲ့အကြောင်း ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့နောက် အင်တာနက်ကနေပြီး 'လူကြီးဖြစ်ပြီး ကိုယ်ဟာကိုယ်မနေဘဲ ဒီလိုကိစ္စမျိုးတွေထဲ ဘာလို့ဝင်ပါနေရတာလဲ' ဆိုတဲ့ စာတက်လာတာကို ဖတ်လိုက်ရပါတယ်။

ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြားဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထား လိုက်မယ်ဆိုရင် . . .

မျက်နှာလွှဲရမယ့် ကိစ္စမဟုတ်

ပေါ့ပ်နယ်ပယ်ကကိစ္စမို့ ဘာမှမဆိုင်ဘူး။ ၀င်ပါစရာမလိုဘူးလို့ ထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကဒီကိစ္စကို ငါးစိမ်းတန်းက မိန်းမနှစ်ယောက်နပန်းလုံးတဲ့ ကိစ္စလို မျက်နှာလွှဲထားလိုက်ရမယ့် ကိစ္စမျိုးလို့ မယူဆပါဘူး။ စိတ်ဓာတ် ရေးရာ ဖောက်ပြန်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေပြီလဲဆိုတာကို ထင်ဟပ်ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။

ဇာတ်မင်းသားငယ်ကိစ္စ

တစ်နေ့က သဘင်အစည်းအရုံးက တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ ဇာတ်မင်းသားငယ်တစ်ယောက်ကို နှစ်နှစ်ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်ထားတာက သက်ညှာတဲ့အနေနဲ့ တစ်နှစ်လို့ လျော့ချပေးလိုက်တဲ့သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဇာတ်မင်းသားငယ်က ၀န်ချတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်သည်တစ်ယောက်ကို နှစ်နှစ်ကြီးတောင် ဇာတ်မကရလို့ ပြစ်ဒဏ်ချမှတ်တာဟာ အတော်ပြင်းထန်ပါတယ်။ သာမန်အား ဖြင့် မလုပ်သင့်ပါဘူး။ ဘာကြောင့်များ ဒီလိုပြစ်ဒဏ်ခတ်ရတာလည်း ဆိုတာကို ပြန်လေ့လာလိုက်တော့ အောင်မြင်မှုမာန် သိပ်တက်နေတဲ့ မင်းသားငယ်က ဇာတ်စင်ပေါ်ကနေပြီး စင်အောက်က လှောင်ပြောင်တဲ့ ပရိသတ် ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ စော်ကားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ပြုမူခဲ့တာကြောင့် ပွဲခင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတယ်။


သွေးနားထင်ရောက်လို့
သဘင်အစည်းအရုံးက ငယ်ရွယ်သူမင်းသားလေး သင်ခန်းစာယူနိုင်အောင် တစ်နှစ်ဇာတ်မကဖို့ ပိတ်လိုက်တယ်။ ဒါကို မင်းသားက မထီမဲ့မြင်ပြုပြီး နယ်ပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေတာတွေ လုပ်တယ်။ သဘင်အ စည်းအရုံးကသိတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် မူလပြစ်ဒဏ် တစ်နှစ်အစားနှစ်နှစ်ဆိုပြီး အပြစ်တိုးလိုက်တယ်။ ဒီတင်မင်းသားငယ်က လာရောက်ဝန်ချတောင်းပန်လို့ လူကြီးတွေက ဆုံးမပြောဆိုပြီး ပြစ်ဒဏ်လျော့ပေါ့ပေးလိုက်တာပါ။ ဒါအင်မတန် သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မင်းသားငယ်အနေနဲ့ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်ပြီး ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပထမသူ့ထမင်းရှင် ပရိသတ်ကို မထီမဲ့မြင်လိုက်တယ်။ နောက်တော့ သဘင်လောကရဲ့ လူကြီးသူမတွေကိုပါ ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပြီး ထင်ရာစိုင်းလုပ်ခဲ့တယ်။
 
ထမင်းရှင်ကို မပြစ်မှားနဲ့
အခုတော့ ကလေးကနောင်တရပြီး လူကြီးတွေကို ၀န်ချတောင်းပန်တယ်။ နောက်နောင်မဖြစ်စေဖို့ အာမ၀န္တံခံတယ်။ ဒီအဖြစ်တွေအားလုံး အစကနေအဆုံးထိ ဂျာနယ်တွေမှာပါလာတော့ တခြားအနုပညာနယ်က လူငယ်လေးတွေပါ သင်ခန်းစာယူ နိုင်ကြတယ်။ သဘင်အစည်းအရုံးက အပြစ်ပေးတယ်ဆိုတာ လူငယ်တစ်ယောက် အညွန့်ကျိုးသွားအောင်၊ ဘ၀ပျက်သွားအောင်လုပ်တာမှ မဟုတ်တာ။ ဆင်ခြင်နိုင်စေဖို့နဲ့ ပရိသတ်ဆိုတာ ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်တဲ့အတွက် မပြစ်မှားရဘူးဆိုတဲ့ သဘင်သည်တို့ ကျင့်ဝတ်ကို သဘောပေါက်နားလည်စေဖို့ ဖြစ်တယ်။ အခုတော့ လူငယ်မင်းသားလေးလည်း နောင်ကြဉ်သွားလောက်ပြီဆိုတော့ ပြစ်ဒဏ်လျော့ပေါ့ပေးတာ လျော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဥပဒေဆိုခေါက်ထား
အခုခေတ် အနုပညာနယ်ပယ်မှာက လူငယ်လေးတွေများတယ်။ တော်တော်များများဆို ကြီးကောင်ဝင်သံတောင် မပျောက်သေးတဲ့ အရွယ်လေးတွေ ဖြစ်ကြတယ်။ ရှေးခေတ်ကလို ဆရာနဲ့သမားနဲ့ လူကြီးသူမများရဲ့ စောင့်ရှောက်မှုနဲ့ ရောက်လာကြတာ မျိုး မဟုတ်ဘဲ အရှင်မွေးနေ့ချင်းကြီး ဆိုသလို ၀ုန်းကနဲ၊ ၀ုန်းကနဲ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်သွားကြတယ်။ သူတို့အရွယ်တွေနဲ့ မလိုက်အောင် ပိုက်ဆံတွေရှာနိုင်ကြတယ်။ အဲဒီတော့ ထုံးစံအတိုင်း ခြေဖျားထောက်လာတယ်။ သွေးနားထင် ရောက်လာတယ်။ ငွေရှိရင်၊ ဂုဏ်ရှိရင်၊ မျက်နှာကြီးရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ မော်တော်ပီကယ်ဆို ဟောက်ထားလိုက်၊ ဥပဒေဆို ခေါက်ထားလိုက်ဆိုတဲ့ မောက်မာထောင်လွှားမှုတွေ လွန်ကဲလာကြတယ်။

လျစ်လျူရှုထားမယ်ဆိုရင်
ထင်ပေါ်ကျော်ကြားသူတွေရဲ့ လုပ်ရပ်မှန်သမျှ တစ်ခဏချင်း လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောက်ရှိသွားတာ သဘာဝဖြစ်တယ်။ ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြား ဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုသိချင်ရင် ပုဂံဘုရားနံရံတွေ က ဆေးရေးပန်းချီတွေ သွားကြည့်မှဖြစ်မယ့်ကိန်း ဆိုက်ရောက်သွားနိုင်တယ်။

ပေါ့ပ်ဆိုပြီး မပေါ့နဲ့
ပေါ့ပ်ကိစ္စပဲ၊ ပေါ့ပ်စာစောင်တွေပဲဆိုပြီး ခပ်ပေါ့ပေါ့သဘောထားလို့ မဖြစ်ပါဘူး။ ပေါ့ပ်တွေက လူငယ်တွေကြား အများဆုံးရောက်နေတာ ဖြစ်တယ်။ ဖျော်ဖြေရေး၊ ဖျော်ဖြေရေးနဲ့ လျစ်လျူရှုထားလိုက်ရင် ဖျော်ဖြေရေး ကတစ်ဆင့် လျှပ်ပေါ်လော်လီတဲ့အဆင့်ကို ကူးပြောင်းသွားဖို့ ဘာမှခက်လှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောသင့်ပြောထိုက်တာတွေ ပြောဖို့ လိုပါတယ်။ ပြောတဲ့နေရာမှာလည်း နှစ်ကိုယ်တည်းကြိတ်ပြီး ပြောလို့မရပါ ဘူး။လူသိရှင်ကြားဖြစ်အောင် မီဒီယာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ဒီလို ပြောတာ၊ရေးတာကို နားလည်ပေးကြဖို့လည်း လိုပါတယ်။

မီဒီယာတွေလုပ်ပိုင်ခွင့်ချဲ့ဖို့လို
နိုင်ငံတော်လုံခြုံရေး ထိပါးစေမယ့် ကိစ္စမျိုး၊ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုး၊ ဆူပူအုံကြွအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ကိစ္စမျိုး စတဲ့စတဲ့အရေးကြီးကိစ္စမျိုးတွေ မဟုတ်ခဲ့ရင်၊ သတင်းမီဒီယာတွေအတွက် လုပ်ပိုင်ခွင့်နယ်ပယ် (Space)ကျယ်ရင် ကျယ်သလောက် နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိစေနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက တရုတ်ဖြူတိုက်ထုတ်ရေး စစ်ဆင်မှုတွေမှာ မီဒီယာတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုံ့ဆော်မှုတွေကြောင့်၊ တစ်နိုင်ငံလုံး နိုးကြားလာခဲ့ကြပြီး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ သာဓကရှိပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်စဉ်ကလည်း သတင်းမီဒီယာတွေ တက်ကြွစွာ ပါဝင်လှုံ့ဆော်ခဲ့မှုကြောင့် အထောက်အကူအများကြီး ဖြစ်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။

ဝေးဝေးကြည့်၊ နက်နက်တွေး
အင်တာနက်ထဲမှာ အပြန်အလှန် ငြင်းခုန်နေကြတဲ့ လက်ရောက်ကျူးလွန်မှု ကိစ္စဟာ သာမန်ပေါ့ပ်ကိစ္စ မဟုတ်ပါဘူး။ ငွေရှိ၊ ဂုဏ်ရှိ၊ မျက်နှာရှိရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်လောက်တော့ ဟောက်ထား၊ ဥပဒေဆိုတာ ခေါက် ထားဆိုတဲ့ ငါ့မြင်းငါစိုင်း စိုင်းချင်ရာစိုင်းဆိုတဲ့ စိတ်ဓာတ်တွေ ပျံ့နှံ့နေတာကို တားဆီးကာကွယ်ဖို့ ကိစ္စဖြစ်ပါတယ်။ မီဒီယာတွေက နိုင်ငံနဲ့လူမျိုးရဲ့အရေးကိစ္စမှန်သမျှမှာ တက်တက်ကြွကြွ တာဝန်သိသိ ပါဝင်ဆောင်ရွက်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကြည့်တဲ့အခါမှာ ဝေးဝေးမျော်ကြည့်တတ်ဖို့ လိုပါတယ်။ နက်နက်ရှိုင်းရှိုင်းတွေးတတ်ဖို့လည်း လိုပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။
မူရင်း http://www.news-eleven.com/


*********************************************************************
စစ်အစိုးရခေါင်းဆောင် နဲ့ အိန္ဒိယ ခရီးစဉ်

  VOAမှ
******************************************************************

City bomb blast kills one
A bomb has exploded in front of a department store in the Ratchadamri shopping district, killing one person and injuring eight.
A bomb squad scours a bus stop in front of the Big C superstore on Ratchadamri Road where a bomb exploded early Sunday evening. (Photo by Pawat Laopaisarntaksin)

The bomb went off on Sunday at a bus stop in front of the Big C department store opposite CentralWorld shopping complex, which was torched during the red shirt riots on May 19.

The bomb, hidden in a black plastic bag, exploded about 5.45pm. Seven men and two women, including a Burmese woman, were injured while waiting for their buses.

Two of the victims sustained serious injuries, and one has since died.
Weerasak Sae-tae, 40, who has serious injuries, was admitted to Hua Chiew Hospital.
The dead man, admitted to Police General Hospital, was named as Thawatchai Thongmak, 51.
Mayuree Khongsungnern, a bus conductor who witnessed the blast, said she saw flames coming from a pile of garbage near the bus stop before the bomb went off.

Her No 2 bus, which was waiting for passengers, was slightly damaged in the blast.
Police found three batteries, a soft drink can, electric wires and electronic circuitry at the scene.

They believe the bomb was triggered by an alarm clock.

Police sealed off areas around the scene from Ratchaprasong intersection to Pratunam intersection for fear of further possible bomb blasts.

Prime Minister Abhisit Vejjajiva, who is holidaying in Koh Samet, declined comment until authorities have evaluated the situation.

Democrat candidate PanichVikitsreth, who won yesterday's by-election in Bangkok's Constituency 6, said he did not want to drag the explosion into the by-election, as there was no evidence of violence during his election campaign.

Thepthai Senpong, spokesman for Mr Abhisit, warned the opposition Puea Thai Party against concluding that the bomb was engineered by the government as a pretext to keep the emergency decree in place.

The decree is in place in Bangkok and 15 other provinces.

The National Reform Committee, chaired by former prime minister Anand Panyarachun, has called on the government to lift the decree, saying it jeopardises the government's reconciliation efforts and could breach people's rights.

Mr Thepthai called on all sides to withhold comment on the blast until more details were known, as unfounded claims could tarnish the country's reputation and might cause public confusion.

Earlier, Mr Abhisit said the government will have to consider the fate of the decree carefully.
Speaking during his weekly radio and television programme, Mr Abhisit said opinions are divided on the lifting of the decree.

Some security officers want to keep the decree as they are still worried about the political situation in their provinces.
However, business groups want the government to end the decree.

The National Security Council is analysing the situation, and the government will investigate any allegations about security agencies abusing the decree, he said.

Meanwhile, acting secretary-general of the New Politics Party (NPP) Suriyasai Katasila said the government should give the public a say in whether the emergency decree should be lifted.

Lifting the decree will boost public confidence. However, if the government wants to keep the decree in place, it should provide reasons for doing so, he said.

The Centre for the Resolution of the Emergency Situation should not be the sole agency to decide whether to lift the decree or keep it in place, he said.

Chiang Mai Governor Amornphan Nimanand said the decree is still needed in his province, as some groups with ill-intentions were ready to cause trouble.
*************************************************************************
ပုဏ္ဍားယုံ
( တူမောင်ညို )
၂၃ ဇူလိုင်

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က “ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမှာပါ”လို့ ဗီယက်နမ်ကလာတဲ့သတင်းတွေမှာဖေါ်ပြပါတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖတ်ရသည်။
ဘာမျှမဆန်းပါ။
“ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲမဝင်ရ”ဆိုပြီးအမည်တပ်ကာတိုက်ရိုက်တားမြစ်ထားတဲ့ဥပဒေမှမရှိဘဲ။
ဒါပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/အခန်း(၂)/ပုဒ်မ (၄)(င)မှာ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း ဆိုပြီး နိုင်ငံရေးပါတီတည်ထောင်လိုသူများနှင့်ပတ်သက်ပြီး တားမြစ်ထားသည်။ ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့စကားရပ်ကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/ အခန်း(၁) အမည်နှင့်အဓိပ္ပါယ်ဖေါ်ပြချက်/ ပုဒ်မ (၂)/ (ဌ) တွင် ယခုလိုဖေါ်ပြထားသည်။

“ထောင်ဒဏ်ကျခံနေရသူ ဆိုသည်မှာ တရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှုသို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်းပါဝင်သည်”
ဒီအချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးရေးထားမှန်း (ပြည်တွင်း/ပြည်ပ) အားလုံးကသိပါသည်။

(နအဖစစ်အစိုးရကဒီအချက်နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်တာမဟုတ်ပါဘူးဆိုပြီးဗြောင်ငြင်းဆိုလေ့ရှိပါသည်။ တရားဥပဒေချိုးဖောက်သူမည်သူ့မဆိုတားမြစ်တဲ့ပြဌာန်းချက်ပါ ဟု ဆင်ခြေကန်လေ့ရှိပါသည်။ ထောင်ဒဏ်ကျခံနေရခြင်းကလွတ်လာလျှင်ပါဝင်နိုင်သည်ဟုလည်းပြောပါသည်။ (နအဖ) နိုင်ငံခြားရေးဝန်ကြီးစကားသည် ယင်းထက်ပိုပြီးပြောလိမ့်မည်မဟုတ်ပါ။

ယခုလိုပင်စဉ်းစားကြည့်ပါ။ (မျှော်လင့်တာမဟုတ်ပါ/ ပြဿနာရှင်းလင်ကြည်လင်လာစေဖို့ အချက်အလက်တစ်အနေဖြင့် စဉ်းစားကြည့်တာပါ)
(နအဖစစ်အစိုးရကဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခဲ့သော်ဒေါ်အောင်ဆန်းစုကြည်သည်ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၂၉)ရက်ဆုံးဖြတ်ချက်ကိုချမှတ်ထားပြီးဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထား၍ ဒီချုပ်ကထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းမဟုတ်ပါ။ ထို့အပြင် (နအဖ) စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးလည်း/ အခြေခံဥပဒေ (၂၀၀၈) ကို သုံးသပ်ပြုပြင်ခြင်းမရှိလျှင် ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဝင်နိုင်စရာအကြောင်းမရှိပါ။ ဝင်လိမ့်မည်မဟုတ်။

ဟနွိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကိုတော့ မပြောနိုင်ဘဲ/ကော်မရှင်အလုပ်ပါဟု ထမင်းရေပူလာလျှာလွှဲပြောခဲ့သူပါ။

ဒီလိုလူကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမည်/ပြုမှာပါ စသဖြင့်ပြောဆိုနေတာကို သိပ်စိတ်ဝင်စားနေကြမယ်/အကြီးအကျယ်တွက်ချက်နေကြမယ်ဆိုရင်တော့ ------- ခွေးစကား ပုဏ္ဍားယုံ ဆိုတဲ့ ဇာတ်တော်လာစကားလိုဖြစ်လိမ့်မည်။

*************************************************************************
စစ်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း

ကရင်နီပြည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။

“စခန်း တက်သိမ်းတဲ့ တိုက်ပွဲ ဖြစ်တယ်။ တပ်အင်အားက (စစ်တပ်ဘက်) တပ်စု တစုပေါ့။ အနည်းဆုံး ဆယ်ဦးလောက် ရှိတာပေါ့။ အဲမှာ အလောင်း ၃ လောင်း ရတယ်။ လက်နက်တွေ လည်း ရတယ်။ စခန်းကို သိမ်းပြီးတော့ တပ်ကို မီးရှို့လိုက်တယ်” ဟု ကရင်နီတပ်မတော် အရာရှိတဦးက ပြောသည်။


ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ မှ ဗိုလ်ဖဲဘူးနှင့် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ မှ ဗိုလ်ကြီး ဖိုးကလားတို့ ဦးစီးပြီး ဇူလိုင်လ ၁၄ ရက်နေ့ နံနက်တွင် အလယ်ပိုင်းဂွင် ဘောလခဲ ဒေသတွင်းရှိ စောလိုကျေးရွာ အနီးတွင် အခြေစိုက်ထားသော ခမရ ၄၃၀ တပ်အား ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ စစ်တပ်အလောင်း ၃ လောင်း အပါအ၀င် MA-1နှစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ ကျဉ်ဘောက် ၁၆ ချပ်၊ အီကွင်းမင်း ၃ စုံနှင့် ကျောပိုးအိပ် ၃ လုံး သိမ်ဆည်းရမိသည်ဟု ဆိုသည်။

“ကရင်နီတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ ဘာမှ မရှိဘူးလို့ ပြောတယ်။ အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ အနီးမှာ ရှိတဲ့ ဒေသခံရွာတွေ၊ ရွာသားတွေပေါ့။ သူတို့ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာလည်း မသိရသေးပါဘူး” ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ သတင်းတာဝန်ခံ တဦးက ပြောပါသည်။

ယခုလဆန်းပိုင်း ၂ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာ အနီးတွင် ကရင်နီတပ်ဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှု ကြောင့် စစ်အစိုးရတပ် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာမှုလည်း ရှိနေကြောင်း သိရပါသည်။

မူးရင်း ကန္တာရ၀တီတိုင်း(မ်)
စနေနေ့, 24 ဇူလိုင်လ 2010 17:07
********************************************************************************
မြန်မာစစ်အစိုးရဟာ သူတို့ကျင်းပပေးမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဘို့ မှတ်ပုံတင်ထားတဲ့ပါတီ တွေကို ကန့်သတ်ချုပ်ခြယ်မှုတွေ ပိုမိုလုပ်ဆောင်နေပါတယ်။
တရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်နိုင်တဲ့အလားအလာလဲ ပိုလို့ ပိုလို့မှေးမှိန်လာနေပါတယ်။
ဒါတွေဟာဖြစ်ရပ်မှန်တွေပါ။

အခုလိုအခြေအနေတွေနဲ့တကွ ဒိထက်ဆိုးမဲ့အခြေအနေတွေဖြစ်လာမဲ့အရေးကို တွက်ဆမြော်တွေးလို့
လူထုထောက်ခံမှုအများဆုံးရထားတဲ့ အဲန်အယ်လ်ဒီဟာ မားမားမတ်မတ် ဦးဆောင်ပြီး ရှေ့တန်းက တိုက်ပွဲဝင်လျက်ရှိနေပါတယ်။ “မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်းတိုင်တခုတည်းချမှတ်ပြီး ရှေ့ရှုရင်ဆိုင် ချီတက်ရေးလက် နက်” တို့ကိုဆွဲကိုင်ဦးဆောင်တိုက်ပွဲဝင်နေလျက်ပါ။

၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့လုပ်ဆောင်ချက်တွေဟာ တရားမျှတမှုမရှိပါ။
ရွေးကောက်ပွဲကော်မရှင်ဟာ မတရားဥပဒေများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မှတ်ပုံမတင်တဲ့ပါတီ တွေကိုလဲ တရားဝင်ပါတီအဖြစ်က ပျက်ပြယ်စေခဲ့ပါတယ်။ မှတ်ပုံတင်ထားတဲ့ပါတီတွေကိုလဲ ကန့် သတ်ချုပ်ခြယ်မှုတွေပြုနေပါတယ်။
ကြံ့ဖွံ့အသင်းဟာ နအဖခေါင်းဆောင်ကိုယ်တိုင် နာယကအဖြစ်ဦးဆောင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ပါ။ ဒါကြောင့် ကြံ့ဖွံ့အသင်းဟာ နိုင်ငံတော်ပိုင်အသင်းဖြစ်ပါတယ်။ အသင်းဝင်တွေကလဲ နအဖ ခေါင်း ဆောင် အမှူးပြုတဲ့ နိုင်ငံတော်ဝန်းထမ်းများစွာ၊ အခွင့်အရေးမြော်ကိုးတဲ့ အဓမ္မသွတ်သွင်းခံရကြတဲ့ သာမန်အရပ်သားနဲ့ ကျောင်းသားများစွာ ပါဝင်ပါတယ်။ ကြံ့ဖွံ့အသင်းရဲ့ ရန်ပုံငွေအပါအဝင် ပိုင်ဆိုင် မှုများဟာ နိုင်ငံတော်ဘဏ္ဍာများသာဖြစ်ပါတယ်။ ဒါကြောင့် ကြံ့ဖွံ့အသင်းကို နအဖဝန်ကြီးချုပ်ဦးစီးတဲ့ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲတည်ထောင်လိုက်တော့ ပြည်သူ့ဘဏ္ဍာနဲ့ အာဏာကို ကြံ့ဖွံ့ပါတီက ဥဿုံ သိမ်းပိုက်လိုက်တာပဲပေါ့။

ကြံ့ဖွံ့အသင်းမှကြံ့ဖွံ့ပါတီအဖြစ် အသွင်ပြောင်းတည်ထောင်ခြင်းဟာ တရားမျှတမှုမရှိဘူးလို့ ‘တစည’ ပါတီက ကန့်ကွက်ပြောဆိုနေပါပြီ။
‘မဆလ’ပါတီတဖြစ်လဲဟာ တစည ပါတီဖြစ်ပါတယ်။ တစညပါတီရဲ့ထိပ်တန်းခေါင်းဆောင်များဟာ နအဖရဲ့ ဆရာသမားအဟောင်းများဖြစ်ကြတယ်ဆိုတာ ငြင်းနိုင်စရာမရှိပါ။ ကြံ့ဖွံ့ပါတီ တည်ထောင် လိုက်တဲ့ နအဖဟာ “ဆရာမနိုင် နှစ်ဆောင်ပြိုင်”ဖြစ်နေပါပြီ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၂၁ မှာ “အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”လို့ ဆိုထားပြီး အဲဒီ ခေါင်းစဉ်အောက်မှာ ရာဇဝတ်အကျဉ်းသားများ၊ စိတ် ပေါ့သွပ်သူများ၊ နိုင်ငံခြားသားများ အစရှိသည်တို့ ပါဝင်တယ်။ ပုဒ်မခွဲ (ည) မှာ “နိုင်ငံ့ဝန်ထမ်း” လို့ ဆက်လက်ပါရှိပါတယ်။

ကြံ့ဖွံ့ပါတီဝင် လက်ရှိစစ်အစိုးရအဖွဲ့ဝင်တွေဟာ “နိုင်ငံ့ဝန်ထမ်း”တွေပါပဲ။
ပုဒ်မ ၂၆ (က) မှာ “နိုင်ငံ ဝန်ထမ်းများသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်” လို့ ဆိုထားပါတယ်။
ဒါကြောင့် ကြံ့ဖွံ့ပါတီတည်ထောင်ခြင်းဟာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဥပဒေကို ဗြောင်ကျကျချိုးဖောက်ထားတာပါ။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဥပဒေ အပိုဒ် ၆ မှာ “အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ၀န်ခံချက်ကို ပုဒ်မ ၅ အရ လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်” လို့ ဆိုထားပြီး ၆ (ဂ)မှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး” လို့လည်း ထည့်သွင်း ရေးထားပါသေးတယ်။

နိုင်ငံရေးပါတီအနေနဲ့ အခြေခံဥပဒေအတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ သဘောတူရတာဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ)၊ ပုဒ်မ ၁၂ (က/၄)တို့အရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေကို ဖောက်ဖျက်တဲ့ ဘယ်လို နိုင်ငံရေးပါတီကိုမဆို ဖျက်သိမ်းနိုင်တဲ့အခွင့်အာဏာ ရှိပါတယ်။
ကော်မရှင်ကတော့ ကြံ့ဖွံ့ပါတီကို တည်ထောင်ခွင့် ပေးလိုက်ပါတယ်။ တရားမျှတမှု မရှိတာပါ၊ ဘက်လိုက်တာပါပဲ။

လွတ်လပ်မှုနဲ့ သမာသမတ်ကျမှု ဆိုတာဟာ နိုင်ငံတကာက လက်ခံထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုင်ရာ အဓိက စံချိန်စံညွှန်းတွေပဲ ဖြစ်ပါတယ်။
နအဖခေါင်းဆောင်ဖွဲ့ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီနည်းမကျတဲ့ စံတွေ သတ် မှတ်ထားတဲ့အပြင် သူတို့သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ဘယ်ပါတီကိုမဆို ဖျက်သိမ်းနိုင်တဲ့ အာဏာလဲရရှိထားပါသေးတယ်။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေးကို နောက်ဆုံး သတ်မှတ်ရက် မထားသေးဘဲ ဆက်လက် ခွင့်ပြု ထားဆဲပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) လို တည်ဆဲ နိုင်ငံရေးပါတီတွေ မှတ်ပုံ တင်ရမဲ့ နောက်ဆုံးရက်ကို မေလ ၆ ရက်နေ့ လို့ သတ်မှတ်ခဲ့ပေမဲ့ ပါတီအသစ်တွေကတော့ အခုထိ မှတ်ပုံတင်လို့ ရနေဆဲပါ။
“နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လို့ ရတုန်းပဲ။ နောက်ဆုံးရက် ဘယ်တော့လဲ ဆိုတာကိုတော့ တပတ် ကြိုတင် တရားဝင် ကြေညာပါ့မယ်” လို့ ကော်မရှင်ရုံး တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

အခြေခံဥပဒေပုဒ်မ ၄၄၁ မှာ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော်မဲပေးသည့် ဆန္ဒမဲများဖြင့် အတည်ပြု ပြဌာန်းလိုက်တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင် စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင် ကျင်းပတဲ့နေ့မှစပြီး နိုင်ငံတော် တ၀န်းလုံး၌ အာဏာတည်သည်” လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မတရားတဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအရ သဘောတူညီမှုရထားရုံသာရှိသေးတာပါ။ သက်ဝင်အာဏာတည်မှုမရှိသေးပါ။ အတည်ပြုပေးမဲ့လွှတ်တော်မရှိသေးလို့ ဖြစ်ပါတယ်။ အတည်မဖြစ်သေးတဲ့ဥပဒေကို ကိုးကားပြဌာန်းနေတာ “ရူးသွပ်နေမှု”သာဖြစ်ပါတယ်။ စိတ်ထင်ရာစိုင်းလုပ်တတ်ခြင်းနဲ့ မတရားဆောင်ရွက်ခြင်းတို့ဟာ သာမန်လူကောင်းများရဲ့ အကျင့်စရိုက် မဟုတ်ပါ။
အတည်မဖြစ်သေးတဲ့ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ လက်ရှိ နအဖခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲကော်မရှင် ဟာလဲ တရားမ၀င်ပါ။

အတည်မဖြစ်သေးတဲ့ဥပဒေတွေကို လိုက်နာစရာမလို၊ မတရားတဲ့အမိန့်တွေကိုဖီဆန်ကြဆိုတဲ့ အဲန် အယ်လ်ဒီရဲ့ ရှေ့ဆောင်ဆုံးဖြတ်ချက်ဟာ မှန်ကန်ပါတယ်။ ရွေးကောက်ပွဲကိုမဝင်ဘို့ မှတ်ပုံမတင်ပဲနေ လိုက်ခြင်းဖြင့် နအဖရဲ့ “မတရားပြုသမျှ မနု”နိုင်ကြောင်း အဲန်အယ်လ်ဒီက ရဲရဲရင့်ရင့် ရှေ့ဆောင် တိုက်ပွဲဝင်နေပါပြီ။ အဲန်အယ်လ်ဒီရဲ့လက်ရှိရပ်တည်လှုပ်ရှားမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နေ ပါတယ်။ တိုင်းရင်းသားအပေါင်း စစ်ကျွန်ဘ၀မှလွတ်မြောက်အောင် ပြတ်ပြတ်သားရှေ့ဆောင်လျက် ရှိနေပါတယ်။ အခြေခံလူ့အခွင့်အရေးများ ပြည့်ဝစွာကျင့်သုံးနိုင်ရေးအတွက် တိုက်ပွဲဝင် ရှေ့ဆောင်နေ ပါတယ်။

လူထုအများစု ထောက်ခံမှုရနေတဲ့ အဲန်အယ်လ်ဒီရဲ့ ရဲရင့်ပြတ်သားစွာ ရှေ့ဆောင်တိုက်ပွဲဝင်နေတာကို အဖိနှိပ်ခံနေရတဲ့ ရွေးကောက်ပွဲဝင်ချင်ကြသူများအပါအဝင် တိုင်းရင်းသား ပြည်သူတရပ်လုံးအနေနဲ့
ဝန်းရံကြပါ။ ပူးပေါင်းတိုက်ပွဲဝင်ကြပါ။ နအဖရဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်အောင် ဆောင်ရွက်ကြပါ။ အဓမ္မကျင်းပရင်လဲ မဲမပေးပဲနေကြပါ။ ဥပဒေစိုးမိုးရေး အပီအပြင်ဖြစ်အောင် ကြိုးပမ်းကြပါ။

Mailဖြင့်ပေးပို့လာသောဆရာ mmhk အားအထူးကျေးဇူးတင်ပါသည်။
ဆွေနိုင်
ခင်မင်စွာဖြင့်

***********************************************************************
သွေးမုန်တိုင်း၊ ရေး(ကိုမင်းကိုနိုင်)၊ ဆို - ကိုမွန်းအောင်

ဘ၀ တက္ကသိုလ် မှ
***************************************************************************
မြို့ပြပြောင်းရွှေ့ အလုပ်လုပ်ကိုင်သူများလာသဖြင့် ကျေးလက်လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုကြုံနေရ

ရန်ကုန်၊ ဇူလိုင် ၁၂- တောရွာများရှိ စိုက် ပျိုးရေးအလုပ်သမားများအနေဖြင့် မြို့ပေါ် သို့ ပြောင်းရွှေ့လုပ်ကိုင်မှုများ များလာခြင်း ကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြ သော တောင်သူလယ်သမားများအနေဖြင့် အလုပ်သမားရှားပါးလာမှုကြောင့် စိုက်ပျိုး ရေးလုပ်ငန်းများ ထိခိုက်မှုရှိလာကြောင်း သိရသည်။
 
''အခုလို ရာသီဥတုဖောက်ပြန် တဲ့အချိန်တွေမှာဆိုရင် အလုပ်သမားအင် အားက အရမ်းလိုတယ်။ အချိန်လုပြီးစိုက် ကြရတာဆိုတော့ အလုပ်သမားမရှိရင် ဘာ မှလုပ်လို့မရတော့ဘူး။ ရှိတဲ့အလုပ်သမား တွေကျတော့လဲ လယ်သမားကြီးတွေက ကြိုတင်ငွေထုတ်ပြီး ခေါ်ထားကြတာဆို တော့ မရဘူး။ ဒါကြောင့် ဒီနှစ်မိုးစပါးက ဧကအပြည့်မီအောင်စိုက်နိုင်တဲ့သူမရှိဘူး''ဟု ပဲခူးတိုင်း ပိန်းဇလုပ်ကျေးရွာမှ တောင်သူ ဦးစိုးမြင့်က ပြောသည်။

ယင်းသို့ တောင်သူလယ်သမား များအနေဖြင့် အလုပ်သမားရှားပါးလာမှု ကြောင့် လာမည့်နှစ်စပါးစိုက်ပျိုးရန်အတွက် အလုပ်သမားရရန် ယခုနှစ်ကတည်းက ကြိုတင်ငွေများ ပေးထားရကြောင်း သိရ သည်။

''အခုနောက်ပိုင်းမှာက ရွာမှာရှိ တဲ့လူငယ်မိန်းကလေးကော ယောက်ျားလေး တွေပါ စက်ရုံအလုပ်ရုံတွေ ပြောင်းရွှေ့ပြီး သွားရောက်လုပ်ကိုင်လာကြတယ်။ တချို့ ဆိုရင် မိသားစုလိုက်ကိုပြောင်းပြီး သွားလုပ် ကြတာရှိတယ်။ အဲဒီလိုပြောင်းရွှေ့လုပ်ကိုင် ကြတာဟာ ပြည်တွင်းတွင်လားဆိုတော့ မဟုတ်ဘူး။ ပြည်ပနိုင်ငံတွေကိုသွားရောက် လုပ်ကိုင်တာ များလာတာတွေ့ရတယ်။ ဒါ ကြောင့် ကိုယ့်ဆီမှာလိုတဲ့အလုပ်သမားကို တခြားရွာက သွားရှာတယ်''ဟု ကညင်ကျိုး ဒေသရှိ တောင်သူဦးကျော်မြင့်က ပြော သည်။

အဆိုပါစိုက်ပျိုးရေးလုပ်သား ရှားပါးလာမှုကြောင့်တောင်သူလယ်သမား များအနေဖြင့် အချိန်မီစိုက်ပျိုးရေးလုပ်သား ရရှိရန်အပြိုင်အဆိုင်ခေါ်ယူမှုများပင်ရှိလာ ကြောင်း သိရသည်။
http://yangonmedia.net မှ
**************************************************************************
 
ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်သင်တန်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ်တို့အတွက် လူမှုရေးသင်တန်း၊ ဈာပနပို့ ဆောင်ရေးသင်တန်း၊ ဆေးကူညီမှုသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း စသည့် သင်တန်းတို့အပြင် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဟုခေါ်သော ဓါတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။ ယင်းသင်တန်းကို ဈာပန ပို့ဆောင်ရေးသင်တန်းဆင်း ပရဟိတ လူငယ်/လူရွယ်များ တတ်ရောက်ကြခြင်းပင်ဖြစ်သည်။


ဓါတ်ပုံသင်တန်း သင်ကြားရခြင်းမှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ နာရေးရုပ်အလောင်းများ သယ်ဆောင်ရာတွင်၎င်း၊ ရဲမှုခင်းဆိုင်ရာဖြစ်သော ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ် သေဆုံးမှု၊ ပိုင်ရှင်မဲ့ သေဆုံးမှုများနှင့် တိုင်းကျိုး ပြည်ကျိုးပြု အာဇာနည်ပုဂ္ဂိုလ်/ သူရဲကောင်းတို့၏ ဈာပနအခမ်းအနားများ၊ သာသနာ့ အာဇာနည် ရဟန်း သံဃာ ဆရာတော်ဘုရားကြီးများ၏ အန္တိမဈာပန အခမ်းအနားများ စသည့် ထူးခြားသော ဖြစ်စဉ် ဖြစ်ရပ်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါးကုသကြသော ထူးခြားသည့် ရောဂါဝေဒနာရှင် လူနာများ၏ ဆေးဝါးကုသခြင်း ပုံရိပ်မှတ်တမ်းများတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းထားရှိပြီး နောင်တစ်ချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)အား ဦးဆောင်ဦးရွက်ပြုမည့် မျိုးဆက်သစ် လူငယ်/လူရွယ် ခေါင်းဆောင်များအား ကျွန်တော်တို့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်ခဲ့မှု သမိုင်းစစ် သမိုင်းမှန်များကို သိရှိနားလည် သဘောပေါက်ကာ ကျွန်တော်တို့၏ ပေးဆပ်မှုထက် မနှိမ့်ကျသော သာလွန်သော ပေးဆပ်မှုများကို တိုးမြင့်၍ ပြည်သူလူထုအား အလုပ်အကျွေးပြု သွားနိုင်စေရန် ရည်ရွယ်၍ ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံသင်တန်းအား သင်ကြားပို့ချခြင်း ဖြစ်သည်။
သင်ကြားပို့ချရာတွင် ဒီဂျစ်တယ် ကင်မရာ ကိုင်တွယ်နည်း၊ အလင်းအမှောင် ဓါတ်ပုံပညာ အယူအဆနှင့် ဖျတ်ခနဲပေါ်လာသော ပုံရိပ်တို့ကို လျင်မြန်သွက်လက်စွာ အမိအရ ရိုက်ကူးနိုင်မှု တို့ကို အဓိကထား၍ ဓါတ်ပုံပညာရှင် TV သက်မွန်မှ သင်ကြားပေးလျှက်ရှိကာ ဥက္ကဌ ဦးကျော်သူမှ သင်တန်း ဖွင့်ပွဲတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အသင်းသူ/သားတို့ကို ရှင်းလင်းပြောကြား သွားခဲ့သည်။ သင်တန်းကာလမှာ (၄) ပါတ်ကြာမြင့်မည် ဖြစ်ပြီး ယခု ၂၀၁၀ ခုနှစ် စက်တင်ဘာလကုန် ခန့်တွင် ဈာပနကူညီမှု (၁၀၀၀၀) ပြည့်မည့်နေ့၌ သင်တန်းသူ/သားများအား “ဘ၀နိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် လက်တွေ့ ဓါတ်ပုံရိုက်ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။

*************************************************************************
၁၂-ကြိမ်မြောက် A B M A -ဂျာနယ်

ABMA Journal Volume 1 No. 12

**************************************************************************
Microsoft က မိတ်ဆက်ပြသလိုက်တဲ့ ကမ္ဘာ့ပထမဆုံး Virtual လူသား “မိုင်လို”

သူဟာ (၄)နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည်နဲ့ ထိုက်တန်တဲ့ မေးခွန်းမျိုးကို ဖြေနိုင်ပါတယ်။ နောက်ပြီးတော့ တခြားယောက်ျားလေးတွေလိုပဲ လှုပ်ရှားပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် မိုင်လိုရယ်၊ သူနဲ့သက်တူရွယ်တူ ကလေးငယ်တွေကြား အဓိက ကွာခြားတာကတော့ မိုင်လိုဟာ ကွန်ပျူတာ ပရိုဂရမ်တစ်ခုသာ ဖြစ်နေခြင်းပါပဲ။ ကမ္ဘာကျော် Softwareကုမ္ပဏီကြီး Microsoftက သူတို့ရဲ့ ကမ္ဘာ့ပထမဆုံး Virtualလူသားအဖြစ် မိုင်လိုက မိတ်ဆက်ပြသလိုက်ပါတယ်။ သူဟာ ကွန်ပျူတာ ပရိုဂရမ်တစ်ခုဆိုပေမယ့် တကယ့်လူသား တစ်ယောက်လို့ သတ်မှတ်နိုင်ကြောင်း Microsoftက ဆိုပါတယ်။ ကွန်ပျူတာ ပရိုဂရမ်ဟာ အနီအောက်ရောင်ခြည်သုံး အာရုံခံစနစ်ကနေတဆင့် တကယ့်လူသားတွေ ပြောဆိုလုပ်ကိုင်နေတာတွေကို ထောက်လှမ်းပြီး မိုင်လိုရဲ့ မှတ်ဥာဏ်တုနဲ့ ချိတ်ဆက်ပေးပါတယ်။ ဒီလိုနဲ့ (၄)နှစ်သားလေးဟာ လူသားကလေးငယ် တစ်ယောက်နဲ့မခြား အရာရာကို တုန့်ပြန်နိုင်တယ်လို့ သိရပါတယ်။

ဒီပရိုဂရမ်ကို အသုံးပြုသူဆီ မိုင်လိုက မျက်မှန်လေး ပစ်ပေးတဲ့အခါ ကစားတဲ့သူက တကယ်မရှိတဲ့ မျက်မှန်ကို ကုန်းကောက်ပြမှ သူကကျေနပ်ပါတယ်။ တကယ်လို့ မိုင်လို့ကို ကျောင်းစာတွေ လုပ်ပြီးပြီလားဆိုရင်သူက ခေါင်းညှိတ်ပြပါမယ်။ ဒါပေမယ့် မေးတဲ့လူဆီ မကြည့်ဘဲ မလုံမလဲဖြစ်နေတာ ရယ်စရာပါ။ ဂိမ်းပရိုဂရမ် တစ်ခုအနေနဲ့ တီထွင်ထားတဲ့ မိုင်လိုဟာ စိတ်ကူးယဉ် သိပ္ပံဆန်ဆန် ဖျော်ဖြေရေးကဏ္ဍအတွက်တော့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပဲလို့ Microsoftက ကြွေးကြော်ထားပါတယ်။ မိုင်လိုကို ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာအတွက် ရည်ရွယ်ပြီး တီထွင်ထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒီဂိမ်းကို များများကစားလေ၊ သူ့ရဲ့ဂိမ်းဇာတ်ကောင် မိုင်လိုဟာ ပိုပြီးတော့ အသိဥာဏ်တိုးပွားလာလေလေ ဖြစ်မှာပါ။ ဒီဂိမ်းဟာ သူ့မိသားစု လန်ဒန်ကို ပြောင်းသွားလို့ စိတ်မချမ်းမသာ ဖြစ်နေတဲ့ အမေရိကန်နိုင်ငံ၊ နယူးအင်္ဂလန်က ချာတိတ်လေးတစ်ယောက်အကြောင်း ပုံပြင်လို ဖန်တီးထားတာ ဖြစ်ပါတယ်။ Microsoftအနေနဲ့ စိုးရိမ်စရာရှိတာ တစ်ခုက ဂိမ်းရဲ့ဆွဲဆောင်ညှို့ငင်မှုကြောင့် လူတွေအရမ်း စွဲလန်းခုံမင်တာမျိုး ဖြစ်လာနိုင်တာပါ။

ဂိမ်းရဲ့ Developerတစ်ဦးဖြစ်သူ ပီတာမိုလီနော့စ်က သူဟာဒီဂိမ်းကြောင့် (၄)နှစ်သား အရွယ်တုန်းက သူ့အဖေ စက်ရုပ်တွေအကြောင်း ပြောပြတာကို နားထောင်ရသလို ပြန်ပြီးခံစားရတယ်လို့ ဆိုပါတယ်။ ဒီဂိမ်းကို စပြီးတီထွင်တော့ မဖြစ်နိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရကြောင်းလည်း မိုလီနော့စ်က ၀န်ခံခဲ့ပါတယ်။ မိုင်လိုကို (၂၀၀၉)ခုနှစ် E3 expoမှာ စပြီးမိတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင် ပြသခဲ့တာတော့ အောက်စ်ဖို့ဒ်မှာ ကျင်းပတဲ့ TEDကမ္ဘာလုံးဆိုင်ရာ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်းကွန်ဖရင့်မှာ ဖြစ်ပါတယ်။ မိုလီနော့စ်က လူတစ်ယောက်ချင်းစီ ပိုင်ဆိုင်တဲ့ မိုင်လိုဟာ တူညီမှာ မဟုတ်ဘဲ ရုပ်သွင်ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးနိုင်မယ်လို့ ပြောပြခဲ့ပါတယ်။ “စိတ်ရော၊ ရုပ်ရော ပြောင်းလဲနိုင်အောင် ကျွန်တော်တို့ တီထွင်ထားပါတယ်”လို့ မိုလီနော့စ်က ဆိုပါတယ်။ မိုလီနော့စ်ဟာ သူ့ငယ်ဘ၀ကို ကွန်ပျူတာ ဂိမ်းတစ်ခုအသွင် အသက်သွင်းချင်တဲ့ စိတ်ကူးကနေ ဒီပရိုဂရမ်ကို တီထွင်နိုင်ခဲ့တာပါ။ ဂိမ်းအသစ်ကို မကြာမီ ဖြန့်ချီမယ့် Xbox 360 Kinect ထိန်းချုပ်ရေး ကိရိယာတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီကိရိယာတွေထဲမှာ အာရုံခံစနစ်တွေ၊ မိုက်ကရိုဖုန်းတွေ၊ ကင်မရာတွေ ပါဝင်ပြီး ကစားသူရဲ့ ကိုယ်လက်အမူအရာ လှုပ်ရှားမှုတွေ၊ ပြောစကားတွေကို မိုင်လိုက သိရှိနိုင်ဖို့ အသုံးပြုရမှာပါ။ “စစချင်းတော့ နည်းနည်းဆက်သွယ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် (၄၅)မိနစ်လောက်ကြာရင် မိုင်လိုက ကစားတဲ့သူကို ခင်သွားလိမ့်မယ်။ ကျွန်တော်ကတိပေးပါတယ်။ မိုင်လိုရှိနေတဲ့ Screenရှေ့မှာ ရပ်နေရတဲ့ အချိန်တိုင်း ဂိမ်းကစားသူအတွက် ထူးထူးခြားခြား အရသာမျိုး ခံစားရမှာပါ”လို့ မိုလီနော့စ်က ပြောသွားခဲ့ပါသေးတယ်။
မူရင်း http://www.planet.com.mm/


လူမှုရေးသည်နိုင်ငံရေး

Sunday, July 18, 2010

Burma's 63rd Martyr Day

Saturday, July 17, 2010

၆၃ နှစ်မြောက် အာဇာနည်နေ့

အာဇာနည်
ဆယ်စု
ရာစု
ထောင်စု လီလီ
ကျူးသီ ကမ္ပည်း
ကမ္ပည်း မှတ်တိုင်
မှတ်တိုင် သမိုင်း
သမိုင်း မော်ကွန်း
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။

ဇင်ဝေ

၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။

General Aung San (Song Re-edited version)

Friday, July 16, 2010

ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုကဗျာများ

26702172-Bo-Gyoke-Poems[1]
------------------------------------------------------------------------------------------------------
၈၈၈၈ပြည်သူ့သတင်းစဉ်(အတွဲ ၆ - အမှတ်၁၊ဇူလိုင်၁၆-၂၀၁၀ ခုနှစ်)
8888 People Power – Vol 6 No 1 – July 16, 2010

Thursday, July 15, 2010

ရွှေမျက်ရည်တို့၏နောက်ကွယ်၌(Written by ညီမင်းညို)

“ကျေးဇူးပြုပြီး အားလုံး မတ်တပ်ရပ်ပေးကြပါ ခင်ဗျာ”
“ကျေးဇူးပြုပြီး အားလုံး မတ်တပ်ရပ်ပေးကြပါ ခင်ဗျာ”
“မိဘများကို အာရုံပြုပြီး လက်အုပ်ချီထားကြပါ ခင်ဗျာ”
“မိဘများကို အာရုံပြုပြီး လက်အုပ်ချီထားကြပါ ခင်ဗျာ”

“လုံးဝ လိုက်မဆိုကြပါနဲ့”
“လုံးဝ လိုက်မဆိုကြပါနဲ့”

အခမ်းအနားမှူး၏ ကြေညာချက် အဆုံးတွင် တီးလုံးသံနှင့်အတူ အဆိုတော်ကြီး ဟင်္သာတ ထွန်းရင်၏ “မိသားစု ကန်တော့ပွဲ” တေးသီချင်းစာသားများက နားစည်ဝသို့ လာရောက်ရိုက် ခတ်သည်။

“လူလားမြောက်တဲ့___အရွယ်ထဲကလေ၊ လောကဓံကို ___ရင်ဆိုင် တွေ့ကြုံခဲ့ပါပေ၊နိမ့်ချီတစ်ခါ ___သာချီတစ်လှည့်ရယ်နဲ့၊ သမုဒယနယ်မှာ___ကျင်လည် ကျက်စား၊ မအားလပ်နိုင်ရှာပေ ___၊ လောကဓမ္မတာ ___ သောက အဖြာဖြာ၊ကြုံခဲ့ရပေ ___
ချစ်သောဖေဖေ___ ချစ်သော မေမေ”

သီချင်း စာသားများက နားစည်မှ တစ်ဆင့် နှလုံးသားသို့ ပဲ့တင်လာ ထပ်နေသည်။ငိုချင်လျက် လက်တို့ ဖြစ်နေသော စိတ်တို့ကို မည်သို့မျှ ထိန်းသိမ်းနိုင်စွမ်း မရှိ တော့။ မျက်ဝန်းအိမ် နှစ်ဖက်မှ စိမ့်ထွက် စီးဆင်းလာသော မျက်ရည်ပူတို့က ပါးပြင်ပေါ်သို့ ကျရောက် နေရာယူကြလေပြီ။ ဓမ္မဗိမာန်ကြီး အတွင်းရှိ ခန်းလုံးပြည့် လူဗိုလ်ပုံ ပရိသတ် အလယ်တွင် တသွင်သွင် စီးဆင်းနေသော မျက်ရည်စတို့ဖြင့် လှိုက်လှိုက်လှဲလှဲ ငိုရှိုက်နေမိသူမှာ သူတစ်ယောက်တည်းတော့ဖြင့် မဟုတ် တန်ရာ။ အဘယ်ကြောင့်ဆိုသော် သူတို့ အားလုံးသည် ကျေးဇူးရှင် မိဘ နှစ်ပါးမှ ပေါက်ပွားလာသော သားသမီး အရင်းအချာများ ဖြစ်ကြသောကြောင့်ပင်။

မျက်ရည်တွေတွေ စီးကျနေရာမှ တရှိုက်ငင်ငင်ဖြစ်၍ လာသည်။ မှတ်တမ်းတင် ဓာတ်ပုံဆရာ၏ ကင်မရာ မီးပွင့်သံ တဖျပ်ဖျပ်ကိုလည်း မှိတ်ထားသော မျက်လုံးများနှင့်ေ၀၀ါးသော မျက်ရည်စတို့ ကြားမှပင် သိရှိခံစား၍ နေသည်။

ကျေးဇူးရှင် မိဘနှစ်ပါးနှင့်အတူ ပျော်ရွှင်စွာ ရှင်သန် နေထိုင် ခဲ့ရစဉ် ငယ်ဘ၀ ပုံရိပ်တို့ကလည်း “အတိတ် ကင်မရာ”ပေါ်သို့ တစ်ကွက်ပြီး တစ်ကွက် ပေါ်ထွက်၍ လာသည်။ အဖေ၊ အမေနှင့် သူတို့ ညီအစ် ကို ၃ ယောက်၏ လွမ်းမောဖွယ် မိသားစု ဖလင် ဆေးသားကွက်များ။ ယခုတော့ ပျက်ပြယ်၍ သွားခဲ့ရပြီ။ ကျေးဇူး ရှင်ဖခင်ကြီး ကွယ်လွန်ခဲ့သည်မှာ ၁၅ နှစ်တိုင်ခဲ့ပြီ။ မိသားစု ဘ၀ထဲမှ ရုတ်တရက် ထွက်ခွာသွားသော အစ်ကိုလတ်သည်ပင် ၁၀နှစ်တာ ကြာခဲ့ပြီ။ သူ၏ ရင်အစုံသည် မိသားစု သံယောဇဉ် တေးသွားအောက်တွင် တုန်ခါ လှုပ်ရမ်းလျက် ရှိနေပြီ ဖြစ်သည်။

“မတွေ့တာကြာလေလေ___ ပို၍ သတိရလေလေ၊ရင်၌ လွယ်ဖွား___သားသမီးများက အတိုးချ ကန်တော့ပါရစေ___
မြင့်မိုရ်တောင်ဦး___ကျေးဇူးဂုဏ်တွေ ဆပ်လို့ မကုန်ပေ___
သီတာရေ တစ်ပေါက်ကလေး ကျရုံမျှနဲ့___မိဘတို့ဝမ်း___မငြိမ်း ချမ်းပေ”

လွန်ခဲ့သော ၁၅ နှစ်။ အဖေ ကွယ်လွန်သည့် အချိန်တွင် သူသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား တစ်ဦးမျှ အရွယ် သာ ရှိသေးသည်။ ရုတ်တရက် ယိမ်းယိုင်သွားသော ဘ၀ကို သူ မနည်းပြန်လည် တည့်မတ်ခဲ့ရသည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အရေး သူအနိုင်နိုင် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ကျန်ရစ်သည့် မိခင်ကြီးကို ကောင်းစွာပြုစု လုပ်ကျွေး စောင့်ရှောက် နိုင်ဖို့ သူ့မှာ စွမ်းအင်တွေ ပြည့်နေမှ ဖြစ်မည်။ မည်သည့်နည်းနှင့်မျှ လောကဓံကို သူအရှုံးပေးလိုက်၍ မဖြစ်။ မိခင်ကြီး၏ မျက်နှာကို ပြန်လည်မြင်ယောင် မိသည့်အခိုက် အတန့်တွင်ပင် မေတ္တာ အင်အားတို့က သူ့နှလုံးသားအတွင်းသို့ တစိမ့်စိမ့် တိုးဝင်လှုပ်ရှား ၍လာသည်။

၃၀-၁၂-၂၀၀၉ ပြာသိုလပြည့်နေ့ (အမေများနေ့)တွင် မတ္တရာ “ရွှေ”ပရဟိတ ဆယ်တန်းပညာဒါန စာသင်ကျောင်း ၁၂ နှစ် ပြည့် အထိမ်းအမှတ်နှင့် အမှတ်တရ စာပေဟောပြောပွဲသို့ “ရွှေ” ဦးစီးဦးဆောင် ဆရာဖြစ်သူ “ဦးခင်မောင်နိုင်ဦး” (ကဗျာ ဆရာ ခင်မောင်နိုင်ဦး) ၏ ဖိတ်ကြားမှုဖြင့် ဆရာ မင်းချမ်းမွန်၊ ဆရာမြေ လတ်မောင်မြင့်သူတို့နှင့် အတူ ရန်ကုန်မှ သူတို့ ရောက်ရှိ လာခဲ့ကြ ခြင်း ဖြစ်သည်။ မန္တလေးတွင် တိုင်းပြည်တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း တစ်ဖက်တစ်လမ်းက ၀ါသနာထုံရာ စာပေများ ရေးသားနေသော “ဆရာ မောင်ရင့်မာ (ကျောင်းကုန်း)” ၏ အစစအရာရာ ကူညီစီစဉ် ဆောင်ရွက် ပေးမှုများကြောင့်လည်း သူတို့ ခရီးစဉ် တစ်လျှောက် မည်သည့် အခက်အခဲမျှ မရှိခဲ့ပေ။ သည်ပွဲတွင် သည်လိုကြုံရမည်ကို ဆရာမောင်ရင့်မာမှ တစ်ဆင့်ကြိုတင် သိရှိထားသော်လည်း သည်မျှ ခံစားရလိမ့်မည်ဟု ထင်မထားသည်ကိုတော့ ၀န်ခံရုံပဲ ရှိတော့မည်။

“ဖ၀ါး လက်နှစ်လုံး___ပခုံးလက်နှစ်သစ်___၀ါးဖတ်တော် ကစီနှစ်နဲ့___လူဖြစ်အောင် ကျွေး___မှတ်ခြင်ယင် မသန်းရ အောင်___ ပင်ပန်းကြီးစွာ မွေးမြူရပေ___ဒီကျေးဇူးဂုဏ်တွေ___ ရည်မျှော်မှန်းလို့___သား ကန်တော့ပါတယ်လေ___
ကျေးဇူးရှင် ဖေဖေနဲ့ မေမေ”

သီချင်းသံက ဆက်လက်၍ ပျံ့လွင့်နေဆဲ။ သည်ကနေ့ အဖို့ မျက်ရည်တို့ဖြင့် စိုစွတ်သော ပါးပြင်သည် ခြောက်သွေ့နိုင်စရာ လမ်းမမြင်တော့။ မိသားစု ဘ၀အတွင်းမှ ဖခင်ကြီး ထွက်ခွာ သွားသော်လည်း ခိုလှုံစရာ မိခင်ကြီး၏ မေတ္တာ ရင်ခွင်ရိပ်က “နွေးထွေးအေးမြ”နေဆဲမို့သာ လောကကြီး အတွင်း၌ နေပျော် သေးခြင်းဖြစ်မည် ထင်သည်။
(အပိုင်း-၂)

မကြာမြင့်သေးမီ အချိန်ကာလကမှ မိခင် ဆုံးပါးသွားသဖြင့်လောကဓံကို တစ်ဝက် အကျောပေးလိုက်ရသော သူငယ်ချင်း ကဗျာဆရာ၏ ညှိုးနွမ်းသိမ်ငယ်သည့်မျက်နှာနှင့် နှလုံးသားမှ မခံမရပ်နိုင်၍ အန်ထွက်လာသော ကဗျာစာသားတို့က သူ၏ ဦးနှောက်ကို တံခါး လာခေါက်၍ နေပြန်သည်။

မွန်းတိမ်းနိုးခြင်း
ခလုတ်က စပ်ဖြဲဖြဲ အကြည့်နဲ့
မထိတထိ ကလိနေတယ်။
မချိပြုံးပြုံးရင်း
ရင်နင့်အောင် ရယ်လိုက်တယ်
နောက်ကျတဲ့ သတိကို
မှောက်ထားတဲ့ အသိက စားပစ်လိုက်ပြီ။
တ-မိတဲ့အမိ
အခု သူမရှိတော့ပြီဘဲ။
ဇိုး
“တ-မိတဲ့ အမိ အခု သူမရှိတော့ပြီ ဘဲ” ဟုဆိုသည့် သူငယ်ချင်းကဗျာဆရာ (ဇိုး)၏ အသံခပ်တိမ်တိမ်က သူ၏ နှလုံး သားအတွင်းပိုင်းသို့ ဗုံးတစ်လုံးကဲ့သို့ ၀င်ရောက် ဖောက်ခွဲပစ် လိုက်ပြီ ဖြစ်သည်။
(“ငယ်စဉ်တောင်ကျေး___ကလေးဘ၀က ___ တေးဆိုလို့___ ချော့မြူပုံတွေ မှတ်မိနေသေးပေ___ခိုဖြူ ခိုပြာ ခိုဝါနက်ကယ်___အဖမ်းခက်လို့ဆိုတဲ့ အသံတွေ___ မိတ္ထီလာကန်တော် အောက်က___ ဖားကလေးတွေ ကောက်ကာပေးဖို့___မှာလိုက်တဲ့ အသံလေးတွေ___သမီးဖြင့်ကြားယောင်မိတယ်လေ)၂


ဤခရီးကို သူ ဆရာ မြေလတ်မောင်မြင့်သူ၊ ဆရာမင်းချမ်း မွန်တို့နှင့် အတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၆နာရီကတည်း က ရန်ကုန်မှစတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ တစ်နေကုန်အောင် စီးခဲ့ရသော ရန်ကုန်-မန္တလေး အဆန်အမြန် ရထားကြီးပေါ်တွင် သူနှင့်ဆရာမြေလတ်တို့ ဘေးချင်းကပ် ထိုင်၍ အမေတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို အာရုံပြုခဲ့ကြပါသေးသည်။ ဆရာမြေလတ်သည်လည်း အမေငတ်သူ တစ်ယောက်မို့ “မိုးခေါင်တဲ့ အမေ့ရွာ”ဟူသော ဆရာ၏ ကဗျာသည်ပင် သားတစ်ယောက်က အမေ့ကို ချော့သော “အမေချော့တေး” ဖြစ်၍ နေမည်လား။

သူသည်လည်း ခရီးမထွက်မီ တစ်ရက်က တစ်စုံတစ်ရာ သော ငွေကြေးပမာဏဖြင့် အမေ့ခြေရင်း ၀ပ်စင်း၍ ဦးတိုက်ခဲ့ပါ သေးသည်။ “သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမငြိပါစေ နှင့်” ဟူသော အမေ့ ဆုပေးသံကိုလည်း နှလုံးသားဖြင့် ညံ့သက်စွာ သူနာယူခဲ့ပါသေးသည်။ သို့သော် ပြုံး၍နေသော အမေ့မျက်နှာက မိသားစုကို လွမ်းတသော မျက်ရည်စတို့ဖြင့် သီသီဝေ့လျက်။

“ကလ’ာလရေကြည်___သြော်___ သန္ဓေတည်ကတည်း က___ပူငန်စပ်ခါး___ ရှောင်ရှားကာလေ ___မကောင်း မေတ္တာ_ __သြော်___ ကောင်းရာညွှန်လို့ ရင်းနှီးပေးဝေစေ ___အတတ်ကို လည်း သင်စေ___ ထိမ်းမြားခြင်း ၀တ်ငါးထွေ___ ကျေပွန်ပါ ပေ___ကြီးမားသော မေတ္တာမျိုးနဲ့___သားသမီးဆိုးတွေကိုလည်း ___ပစ်ရိုးထုံးစံ မရှိခဲ့ပေ___တို့ဘုရားသော်မှ___နို့တစ်လုံးဖိုး ကျေ___အနန္တဂိုဏ်းဝင်___ကျေးဇူးရှင် မိဘ ၂ ပါးကို___သား ကန်တော့ပါတယ်လေ___”

အဖေ ဆုံးသည့် အချိန်တွင် အမေ့အသက် ၄၅ နှစ်ကျော် ကျော်သာ ရှိလိမ့်ဦးမည်။ ဘယ်လောက်တောင် အမေ ပူဆွေး

သောက ရောက်ခဲ့ရမည်လဲ။ သားတို့၏ မျက်နှာဖြင့်အမေသည် အံကိုတင်း မာန်ကို ခဲခဲ့ခြင်းသာ ဖြစ်မည်။ သားတို့၏ အနာဂတ် အတွက် အပူရုပ် ဟန်လုပ်ပြီး လောကဓံကို ရဲရဲရင့်ရင့် အမေ ရင်ဆိုင်ခဲ့ခြင်း ဖြစ်မည်။ တည်ငြိမ်စ ပြုပြီဟု ယူဆရမည့် အချိန်ကလာ ၅ နှစ် အကြာတွင် ညာဝိုက် လက်သီးတစ်လုံး ကျွေးပြီး ဖြစ်သော လောကခါးခါးသည် အမေ့ထံ ဘယ်ဝိုက် လက်သီးတစ်လုံးဖြင့် ထပ်မံ ရောက်ရှိလို့ လာခဲ့ပြန်သည်။ သားတစ်ယောက် လျော့သွားသော အမေသည် ချစ်ခြင်းမေတ္တာကို နှစ်ဆတိုး၍ ကျန်သား ၂ ယောက် အပေါ် ကြဲဖြန့်အုပ် မိုးလွှမ်းခြုံ၊ သားတို့၏ အနာဂတ်ကို ပိုမို လုံခြုံစေခဲ့ပြန်ပါ သည်။

“တစ်အူတုံဆင်း___ တို့မောင်နှမအရင်းတွေ ___ချစ်ခြင်း မေတ္တာ___ အဓိကထားလို့လေ___ ကျေးဇူးရှင် မိဘနှစ်ပါး ရဲ့___သြ၀ါဒ စကား__ _မကြားရတာ___ ကြာ ခဲ့ပြီလေ___ချစ်သော ဖေဖေ___ချစ်သော မေမေ”

မိဘတို့၏ ဂုဏ်ကျေး ဇူးကို တစ်ရက်တာကလေး မျှဖြစ်စေ အောက်မေ့ သတိရ တမ်းတစေလိုသည့် စိတ်ဖြင့် ဦးဆောင် ကျင်းပသော မတ္တရာ “ရွှေ” ပရဟိတ ဆယ်တန်းပညာဒါန သင်တန်း တာဝန်ခံ ဆရာ “ဦးခင်မောင်နိုင်ဦး” ၏ ရိုးရှင်း ပြတ်သားသော မျက်နှာက နှလုံးသားဝယ် ပုံရိပ်ထင်လာသည်။ ယခုမှ အသက် ၄၀ သာ ရှိသေးသော လူတစ်ယောက်၏ အများအကျိုး သယ်ပိုးဆောင်ရွက်လိုစိတ်နှင့် လွန်ခဲ့သည့်၁၂ နှစ်တွင် အသက် ၂၈ နှစ်အရွယ်သာ ရှိလိမ့်ဦးမည့်လူငယ် တစ်ယောက်၏ ပရဟိတစိတ်ဓာတ် ထက်သန် တက်ကြွမှုကို သူဦး မညွတ်ဘဲ မနေနိုင်တော့ပါ။ မလေးစား မကြည်ညိုဘဲ လျစ်လျူရှု ၍ မထားနိုင်တော့ပါ။

မြို့ ကြီးပြကြီးတွင် အောင်မြင်သော ဘာသာရပ်သင် ဆရာ တစ်ယောက်အဖြစ် မိသားစုအတွက် ၁၅ နှစ်တာလုံး ရုန်းကန် ရှင်သန်လှုပ်ရှားနေခဲ့ရသော သူ၏ပုံရိပ်တို့နှင့်ကိုယ်ကျိုး လုံးဝမပါ အများအကျိုးအတွက် သက်သက် ၁၂ နှစ်တာ ပတ်လုံး အောင်မြင်စွာ ရပ်တည်စွမ်းဆောင်နိုင်ခဲ့သော “ရွှေ” ပရဟိတ ပညာဒါန သင်တန်းကျောင်းမှ ဆရာ၊ ဆရာမတို့၏ ဖြူစင်သော နှလုံးသားပုံရိပ်တို့ကို နှိုင်းယှဉ်ကြည့်မိသောအခါ စိုးရွံ့အားငယ်စိတ် တို့နှင့်အရှက်တရားတို့ကသာ သူ၏ သွေးကြောများအတွင်းသို့ တရကြမ်း မွှေ့ရမ်းစီးဝင်၍ လာသည်။

“သားတွှို ___သမီးတို့___လက်ဆယ် ဖြာယှက်ခါမိုး လို့___ရှိခိုးလို့ ကန်တော့ပါရစေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”
“ကျေးဇူးရှင် ဖေဖေနဲ့ မေမေ___”

သီချင်း ဆုံးသွားပေပြီ။ အခမ်းအနားမှူး၏ အသံကတော့ ဆက်လက် ပေါ်ထွက်၍ နေဆဲ။
“အားလုံး လိုက်ဆိုကြပါခင်ဗျား”
“အားလုံး လိုက်ဆိုကြပါခင်ဗျား”

မိဘ ၂ ပါးတို့ အပေါ် ထားရှိသော သားသမီးတို့၏ မေတ္တာသည် တစ်ပတ်ပြန်၍ လည်ချေပြီ။ ခန်းမကြီးတစ်ခုလုံး ပွင့်ထွက် လွင့်စင်သွားမတတ် ထွက်ပေါ်၍လာသော သားတို့၊ သမီးတို့၏ ရင်တွင်း နှလုံးသားဖြင့် နက်ရှိုင်း လှိုက်လှဲစွာ အော်မြည်သီကျူး လိုက်ကြသော ၅၂၈ မိသားစု သံယောဇဉ် သံစဉ်လှိုင်းများကြားတွင် သူသည် အလိုက်သင့် စီးမျော ပါဝင်၍ သွားလေပြီ။

မျက်ရည်တို့သည်လည်း ခန်းခြောက်၍ သွားပေပြီ။ ခန်း ခြောက်သွားသော မျက်ရည်စတို့ နေရာတွင် စိုစိုလက်လက် တောက်တောက်ပပ အပြုံးလှလှတို့က ၀င်ရောက် နေရာယူချေပြီ။ ထိုအပြုံးပန်း လှလှတို့သည် သား၊ သမီးတို့ ရင်တွင်း နှလုံးသားထဲ၌ တစ်ရံ တစ်ဆစ်မျှ ညိုးနွမ်း မသွားနိုင်သည့်“မညိုးပန်း” များအဖြစ် ကမ္ဘာတည်သရွေ့ ထာဝစဉ် ရပ်တည် ရှင်သန်နေလိမ့်ဦးမည်ဟုလည်း ထင်မြင်ယူဆ နေမိပါသေးသည်။

(၁၂-နှစ်မြောက် မတ္တရာ ရေနည်းငါးလေးများ“ရွှေ”ပရဟိတ ဆယ်တန်း ပညာဒါန သင်တန်းဆရာ/ဆရာမများသို့ လေးစား ဦးညွတ်လျက်)
ညီမင်းညို

Tuesday, July 13, 2010

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

(တက္ကသိုလ်နေ၀င်း)
`ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့´

ဤကားမြန်မာလူမျိုးတို့ပြောနေကျဆိုရိုးစကားပင်ဖြစ်သည်။ယေဘုယျအားဖြင်မှန်ကန်သောဆိုရိုးစကားလည်း ဖြစ်ပါ၏။အထူးသဖြင့်အချိန်ကာလကြာမြင့်လာသော်သေသောသူအားတဖြည်းဖြည်းမေ့လျော့ကာနောက်ဆုံးလုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယေဘုယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သတ်၍ ချွင်းချက်တော့ ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈)နှစ် ၁၉၄၇ ခုနှစ် ၊ ဇူလိုင် (၁၉)ရက် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
းသဖြင့် (၁၉-၇-၄၇) နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့သူ ကျွန်တော်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကြဉ်းကြေကွဲခြင်း ၊ ယူကြုံးမရဖြစ်ခြင်း ၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။

ဘာကြောင့် ဤသို့ ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

၁၉၄၇ခုနှစ် ဇူလိုင်လဆန်းတွင် `ဘီအိုဒီ´ခေါ် ဗြိတိသျှစစ်တပ် ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း ၊ တော်မီဂန်း ၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ `သတင်းတပ်ဖွဲ့´က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။

ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သတ်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးအပ်လိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များအပါအ၀င်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ ရုံးခန်းပြင်ဘက်၌ လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲ နေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေးသည့် ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။

ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

`ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ´

`ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ´

ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

`မလိုပါဘူးကွာ ။ ငါ့ကိုဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင်ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီသွားပြီ ငါကညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ .. မင်း အခုပဲ သွားပြောပေတော့´

ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီးပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီးဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။

`ခက်တော့တာပဲကွာ ။ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ် စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး။ ငါတော့စိတ်မကောင်းဘူးကွာ´

ဤသို့ ငြီးငြူးရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်း ရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။

ထိုနေ့ ညနေဘက် ရုံးမှ အိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများ မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်လိုက်ပါသည်။

`ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား´

`မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး´

ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

`ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလုပ်ကြံမယ် မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေအတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ´

ဤသို့ အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ်အစီစဉ်လုပ်ပြီး တော်မီဂန်းတစ်လက် ၊ စတင်းဂန်းတစ်လက် ၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉)ရက် စနေနေ့ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးမျာ (ကတ်ဘိနက်) အစည်းအဝေး ကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံပစ်ခတ်ခြင်း ဖြစ်သည်။

အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင်(၁၉)ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ `ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့´တွင် လုပ်ရမည်ဖြစ်သည်။

ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန် လိုပေလိမ့်မည်။

၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် (၁၀)နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော `အောင်ဆန်း အက်တလီစာချုပ်´ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိနိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ (ကတ်ဘိနက်)အစည်းအဝေးကို စနေနေ့မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။

ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ (၁၀)နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ခုနှစ် ၊ ဇူလိုင်လ၏ တတိယမြောက်အစည်းအဝေးကို ဇူလိုင်လ (၁၆)ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။

သို့သော် ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ အစည်းအဝေးနှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က

`လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်။ လူကြီးတွေလည်း ပါဝင်နေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီအတိုင်းပဲထား။ ကတ်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက်။ ၀န်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်´

ဟု အမိန့်ပေးလိုက်ရာ `မမေ့နိုင်သော ဇူလိုင် ၁၉ရက်နေ့´တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။

ဤသည်တို့ကား ၁၉၄၇ခုနှစ် ၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ရကနေ့ကျတော့ လူသတ်သမား အဖွဲ့ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။

တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား ၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီက ဇူလိုင် (၁၆)ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ၀န်ကြီးအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူနေ့ (ဇူလိုင်၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးအကြောင်း မသိသူ ဂဠုန်ဦးစောသည် သူ၏လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ရက်နေ့ စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခုဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေတပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်း ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည်ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီးဖြစ်မြောက်ခဲ့ရသည်။

ဗိုလ်ချုပ်ခမာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်လေးများအတွက် စိုးရိမ်မကင်းဖြစ်ကာ `လိုလိုမယ်မယ်ပေါ့ကွာ´ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝမစိုးရိမ်ဘဲ `ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး´ဟု ပြောခဲ့ရရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလိုမဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ (၁၉-၀၇-၄၇)နေ့က မရှုမလှ `ရေတိမ်နစ်´ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမရ ကံ ၊ ကံ၏အကျိုးကိုယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ရက် ၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း

`သတ္တ၀ါမှန်သမျှ ကံစီမံဖန်တီးရာသာ လိုက်နာ ၊ နာခံကြရသည်ပါတကား´ ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

တက္ကသိုလ်နေ၀င်း
စတိုင်သစ်မဂ္ဂဇင်း (ဇူလိုင်လ ၊ ၁၉၉၅ )

ဗိုလ်ချုပ်တို့ကျဆုံးခဲ့စဉ်ကစာနယ်ဇင်းမှတ်တမ်းတင်ခဲ့မှုများ

Monday, July 12, 2010

ညနေခင်းနွံမှာ နစ်သည့်ကြာ


                      ညနေခင်းနွံမှာ နစ်သည့်ကြာ

ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒါရိုက်တာတင်သန်းဦးရိုက်ကူးသည့် အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားထဲက ခန့်စည်သူပြောသောစကားမှာ စစချင်း လူတိုင်းရင်ကို ဆောက်နှင့်ထွင်းလိုက်သည်။ ယင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်သည် မဆလပါတီ၏ အဆိုးရွားဆုံး တပါတီအာဏာရှင်စံနစ်ကို ကျင့်သုံးနေချိန်ဖြစ်သည်။

ဒါရိုက်တာတင်သန်းဦး နေထိုင်သောပြည်နယ် မြို့ နယ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည်ကိုမျှ သူကိုယ်တိုင်ပင် မသိရှိခဲ့သူဖြစ်သည်။ လူတိုင်းလူတိုင်းသည် မည်သူမှန်းမသိ သော လွှတ်တော်ကိုယ်စားလှယ်ကို ဖြူသည်မဲသည်ပင် မသိ။ ယင်းအချိန်က ကျွန်တော်တို့ မှာ ဘာမျှမသိဘဲ မမြင်ဖူးပါဘဲ မဲပေးခဲ့ရသည်။ ၄င်းမှာ စစ်အစိုးရကို ကြောက်၍ မဲပေးခဲ့ရခြင်းဖြစ်သည်။ ဤသည်ကို ဒါရိုက်တာတင်သန်းဦးက တနိုင်ငံလုံးက မဲကိုကြိုက်၍ တခဲနက်ထောက်ခံ ပေးခဲ့ကြသည် ဆိုရာ သမိုင်းကို အတိအကျ လိမ်ခြင်းဖြစ်သည်။