Thursday, July 1, 2010

သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ် လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ် သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ အယ်ဒီတာများ အပါအ၀င် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည်။

ဇွန်လ ၂၈ ရက်နေ့ထုတ် အချစ်ဂျာနယ် အတွဲ(၆)အမှတ်(၇၀) စာမျက်နှာ ၂၃ တွင်ပါဝင်ခဲ့သော သရပါရသ စာပေမဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာ အလုပ်ခေါ်ကြော်ငြာတွင် လျှောက်ထားလိုသူများ အနေဖြင့် '' (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁၀တန်း အောင်ရန်မလို၊ (၆) အသက် ၂၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်'' စသည့် အချက်များသာပါဝင်ခဲ့ပြီး လျှောက်ထားလိုသူများ အနေဖြင့် သရ၀ဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။

မဂ္ဂဇင်းတစ်စောင်၌ အယ်ဒီတာတစ်ဦး၏ အရည်အသွေးသည် စာဖတ်နိုင်အား၊ ခြုံငုံသုံးသပ်နိုင်သော အမြင်ရှိမှု၊ ပိုင်းခြားဝေဖန်တတ်မှု၊ အသိအမြင်ဗဟုသုတ အတွေးအခေါ် ကြွယ်ဝမှု၊ အသက်အရွယ်အလိုက် အတွေ့အကြုံရင့်ကျက်မှုနှင့် ဘက်စုံ နှံ့စပ်မှုစသော အချက်များအပေါ် အခြေခံ ရွေးချယ်ခန့်ထားလေ့ ရှိသော်လည်း သရပါ ရသစာပေမဂ္ဂဇင်း၏ အမျိုးသမီးအယ်ဒီတာ အလုပ်ခေါ်ကြော်ငြာစာတွင်မူ ထိုကဲ့သို့အချက်များ ပြည့်စုံရန် ဖော်ပြထားခဲ့ခြင်းမရှိသည့် အပြင် လက်ရှိလုပ်ကိုင်နေသော အယ်ဒီတာများ၏ အရည်အသွေး၊ တန်ဖိုးနှင့် အရည်အချင်းဆိုင်ရာ စံနှုန်းများကို ကျဆင်းစေခဲ့သည့် ကြော်ငြာသာဖြစ်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့ပါသည်။

''ဒီကြော်ငြာကိုမြင်တော့ စိတ်ထဲ ဘ၀င်မကျမိဘူး။ ပညာအရည်အချင်းရော အတွေ့အကြုံပါဘာမှ ကန့်သတ်ထားတာမရှိဘဲနဲ့ အယ်ဒီတာဆိုတာ မဖြစ်နိုင်ဘူး။ အခုခေတ်က ၁၀ တန်းဆိုတာ အနိမ့်ဆုံးပညာ အရည်အချင်းပဲ။ ၁၀ တန်းဆိုရင်တောင် ကလေးပဲရှိသေးတာ။ ဘာသိဦးမှာလဲ။ အခု အယ်ဒီတာခေါ်တာ။ အယ်ဒီတာ ဆိုတဲ့အတွက် စာဖတ်နာဖို့၊ ပညာတတ်ဖို့ အရင်လိုတယ်။ ဒီခေတ်မှာက အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့လည်း လိုအပ်တယ်။ အိမ်ထောင် ရှိတာ၊ မရှိတာ၊ ရုပ်ချောတာ၊ ရုပ် မချောတာက အယ်ဒီတာအတွက် အရေးမကြီးဘူး။ စာဖတ်နာဖို့နဲ့ အရာရာကို ချင့်ချိန်နိုင်စွမ်းရှိတဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်း ရှိဖို့က အခြေခံအနေနဲ့ လိုအပ်တယ်။ ကျွန်မတို့ ခေတ်တုန်းကလည်း ပညာအရည်အချင်းနဲ့ အတွေ့အကြုံ၊ အသက်အရွယ်ကို ဦးစားပေးပြီးမှ အယ်ဒီတာလို့ သတ်မှတ်ခန့်ထားတာပါ''ဟု တိုင်းရင်းမေဂျာနယ်၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အမျိုးသမီး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ ဒေါ်ခင်သန်းဌေးက ပြောပြပါသည်။

သရပါမဂ္ဂဇင်း၏ အယ်ဒီတာ အလုပ်ခေါ် ကြော်ငြာစာသည် ထိုမဂ္ဂဇင်း အယ်ဒီတာအဖွဲ့၏ သဘောထား ရှုထောင့်သာ ဖြစ်သော်လည်း အယ်ဒီတာတစ်ဦး၏အမြင်မူ စိတ်ပျက်မိကြောင်း မဂ္ဂဇင်းလောက၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အတွေ့အကြုံရှိခဲ့သူ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက ပြောဆိုခဲ့ပါသည်။

''ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် အယ်ဒီတာအလုပ်ခေါ် ကြော်ငြာကို ဒီလိုသတ်မှတ်ချက်နဲ့ ခေါ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ စိတ်ထဲမှာတော့ ဘ၀င်မကျ ဖြစ်မိတယ်။ သူ့ရဲ့သတ်မှတ်ချက်တွေကို ကျွန်တော်ဖတ်ကြည့်တယ်။ ရုပ်ရည်ပြေပြစ်ရမယ် ဆိုတာကတော့ ထားပါတော့။ နောက် မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောရမယ်။ ဒါလည်း ဘာမှမဖြစ်သေးပါဘူး။ အိမ်ထောင် ရှိတယ်၊ မရှိဘူးဆိုတာကတော့ အယ်ဒီတာအလုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ၁၀ တန်းအောင်ထားဖို့တော့ လိုအပ်ပါတယ်။ သူတို့ကတော့ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ၁၀တန်းမအောင်လည်း ရတယ်လို့ သတ်မှတ်သလဲတော့ မသိပါဘူး။ အသက်ကန့်သတ်ချက် ကတော့ New Blood ဖြစ်ချင်တယ်လို့ ထင်ပါတယ်။ ဒီလိုခေါ်ဆိုမှုက သူတို့အာဘော်ဖြစ်နေလို့ ဘာမှမပြောလိုပေမယ့် အယ်ဒီတာတစ်ယောက် အမြင်က ပြောရင်တော့ စိတ်ပျက်မိပါတယ်''ဟု ဦးမျိုးမြင့်ညိမ်း က ပြောပြပါသည်။

-------------------------------------------------------------------------------------------------------------
အယ်ဒီတာတစ်ဦး၏ အရည်အသွေးသည် စာဖတ်နိုင်အား၊ ခြုံငုံသုံးသပ်နိုင်သော အမြင်ရှိမှု၊ ပိုင်းခြားဝေဖန်တတ်မှု၊ အသိအမြင်ဗဟုသုတ အတွေးအခေါ် ကြွယ်ဝမှု၊ အသက်အရွယ်အလိုက် အတွေ့အကြုံရင့်ကျက်မှုနှင့် ဘက်စုံ နှံ့စပ်မှုစသော အချက်များအပေါ် အခြေခံ ရွေးချယ်ခန့်ထားလေ့ ရှိ.....
-------------------------------------------------------------------------------------------------------------

''မဂ္ဂဇင်းအယ်ဒီတာ ဆိုတဲ့ အတွက် မဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတို့၊ စာဖတ်ဝါသနာပါပြီး အခြေခံရှိတာတို့၊ စာပေနယ်နဲ့ ပတ်သက်ပြီး ရှေ့မီနောက်မီဖြစ်နိုင်တာ တို့ စတဲ့အချက်တွေနဲ့ ပြည့်စုံနေမှ ရတာပါ။ ပညာရေးနဲ့ စာပေအတွေ့အကြုံကို ပေါင်းစပ်မှရမှာဆိုတာကြောင့်လည်း ၁၀ တန်းမအောင်လည်း ရတယ်ဆိုတာမျိုးကတော့ မသင့်တော်ပါဘူး။ ရုပ်ရည်ပြေပြစ်တာ၊ မပြေပြစ်တာတို့၊ အိမ်ထောင်ရှိ တာ၊ မရှိတာတို့၊ အသက် ကန့်သတ်ချက်ရှိတာ၊ မရှိတာတို့ကတော့ အယ်ဒီတာအလုပ်နဲ့ ဘာမှမဆိုင်ပါ ဘူး။ ရုပ်ရှင်မင်းသမီး ၀င်ရွေးတာမှ မဟုတ်တာဘဲဗျာ။ ရုပ်ရှင်မင်းသမီး ရွေးတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုခေါ်တဲ့ အမျိုးသမီးအယ်ဒီတာ အလုပ်ကြော်ငြာကတော့ အယ်ဒီတာ အလုပ်နဲ့မဆိုင်သလို ဖြစ်နေပါတယ်'' ဟု ပန်းအလင်္ကာ စာပေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် မောင်သွေးချွန်က ပြောပြပါသည်။

''မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သူ့ဦးတည်ချက်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ ရှိကြပါတယ်။ အလှအပလား၊ ကျန်းမာရေးလား၊ ရသလား၊ သတင်းလား၊ နိုင်ငံရေးလား၊ အားကစားလား စသဖြင့်ပေါ့။ ဒါမှ ကိုယ်သွားမယ့်ဦးတည်ချက်နဲ့ ကိုက်ညီတဲ့စာ တွေကို ထည့်ရတာဖြစ်တယ်။ ကျွန်မ သဘောအနေနဲ့ 'အယ်ဒီတာ' ဆိုတဲ့ နေရာကို ရွေးမယ်ဆိုရင်ရှေ့မီနောက်မီတဲ့လူ ဖြစ်စေချင်တယ်။ နောက်ပြီး ဗဟုသုကြွယ်ဝတဲ့သူ၊ စာဖတ်နာတဲ့သူ၊ အမှားအမှန်ကို ချင့်ချိန်တတ်တဲ့သူ၊ ဘက်မလိုက်တဲ့သူ ဖြစ်ရင်တော့ အကောင်းဆုံးပါ''ဟု အယ်ဒီတာရွေးချယ်မှုအပိုင်းနှင့် ဆက်စပ်ပြီး သရဖူ မဂ္ဂဇင်းမှ ဒေါ်နန်းအိအိဇာက ပြောပြ ခဲ့ပါသည်။

''အခုခေတ်မှာ စာပေလောကကို အပျော်သဘောနဲ့ ၀င်လာတဲ့သူ တွေရှိလာတော့ အဲဒီလူတွေက Ethics ဆိုတာတွေလည်း မရှိကြဘဲ သူတို့လုပ်ဆောင်မှုတွေက တခြားတစ်ဖက်နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေအောင် လုပ်မိတတ်ကြတာမျိုးလည်း တွေ့နေ မြင်နေရပါတယ်။ အယ်ဒီတာကို အလုပ်ခေါ်တာ ဒီလိုအချက်တွေနဲ့တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ စာပေအတွေ့အကြုံ၊ စာပေအပေါ် စိတ်ဝင်စားမှု၊ ၀ါသနာပါမှု ဒီအချက်တွေက အခြေခံအချက်တွေ အဖြစ်ပါဝင်ရမှာ ဖြစ်ပါတယ်''ဟု ဦးမျိုးမြင့်ညိမ်းက လည်း ပြောပြခဲ့ပါသည်။

ယခုကြော်ငြာသည် စာပေလောကအတွင်း အယ်ဒီတာများ၏ အရည်အသွေးပိုင်းနှင့် ကျင့်ဝတ်သိက္ခာ ပိုင်းကိုကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်အပြင် အခြားသော ရသစာပေ မဂ္ဂဇင်း ထုတ်ဝေသူများကိုလည်း သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ ထို့အပြင် ယခုကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အဆိုပါကိစ္စရပ် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အခြားတစ်ဖက်တွင်လည်း အယ်ဒီတာများ၏ အရည်အချင်းနှင့် ကျင့်ဝတ်သိက္ခာများကို အယ်ဒီတာ အဖွဲ့သာမက ထုတ်ဝေသူများသိရှိနိုင်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း အယ်ဒီတာများက ပြောဆိုခဲ့ပါသည်။

========================================================
Comments

+4 #17 s0meb0d3 2010-07-01 20:03
စာနယ်ဇင်း အဖွဲ့က အသေအချာ စစ်ဆေးသင့်ပါတယ် ..။
ခိုင်လုံတဲ့ အကြောင်းပြချက် တောင်းသင့်တယ်..။ အယ်ဒီတာက
၁၀ တန်းအောင်စရာမလိုဘူးဆိုတော့ ဟာသလုပ်တာလား..စာနယ်ဇင်းကို စော်ကားတာလား.။
ဘူးရရင် ပြီးရော ဆိုပြီး လုပ်ချင်တာ လုပ်လိုက်တာလား..
ရှက်တတ်ရင် လဲသေဖို့ကောင်းတ ယ်...

+11 #16 radar 2010-07-01 19:46
စာပေအယ်ဒီတာ ရာထူးအတွက် ရုပ်ရည်ပြေပြစ်ရ မည် အိမ်ထောင်မရှိသူ ဖြစ်ရမည် အသက်၂၀ မှ ၂၈ အတွင်းဖြစ်ရမည်ဆိုမှတော့ ဘာမှတွေးမနေနဲ့ေ တာ့ မယားငယ်လုပ်ရဖို့  ကျိန်းသေပြီနေပြီဗျာ (မြန်မာပြည်မှာ ဒါမျိုးတွေမဆန်း တော့ပါ ခေါင်းစဉ်ဆိုင်း ဘုတ်တွေမှာ ရေးထားတာတွေက တခြား လုပ်နေတာတွေက တခြား)

+11 #15 kolusoegyi 2010-07-01 19:17
မနီကလေး ဘယ်ကလာ အိမ်ကထွက်လို့လာ
အိမ်ကထွက်လို့ဘယ်ကိုသွား အင်တာဗျုးကို သွား
မိုက်လှချည်လား မနီရာ ဘွဲ့မရဘဲ ကျောင်းထွက်တာ။
ဘွဲ့ရစရာ မလိုပါ အယ်ဒီတာမကြီး လုပ်တော့မှာ
ဟုတ်လှချည်လား မနီရာ ဘယ်မဂ္ဂဇင်းမှာ။
မကြားမိဘူးလား ကိုကြီးရာ အရမ်းအလိုက်တာ
ဗိုလ်ချုပ်ကတော် ကြာကူလီဆော် မင်းသားရုပ်နဲ့ေ တာ် ၊ သေချာရဲ့လားမနီရာ ဟုတ်မှ ပြောပါကွာ။
သေချာပါတယ်ကိုကြီးရာ Eleven မှာရေးထားတာ။
အင်တာဗျူးမှာ ဘာတွေမေး ပြောပြပါအုံးလေး
မမေးပါဘူးကိုကြီးရာ ခန္တာကိုယ်တွေ တိုင်းလိုက်တာ
မလှရင် သူမရွေး အဲဒီမင်းသားလေး။

အယ်ဒီတာ အလုပ်ကခက်လိုက်တာ လုပ်နိုင်ပါ့မလားမနီရာ
မခက်ပါဘူးကိုကြီးရာ ဘဘတွေခိုင်းတာ ဖော်ပြမှာ။
ကောင်မလေးတွေ နည်းနည်းပေါ် မဂ္ဂဇင်းမှာများများဖော်
အပုတ်သတင်းတွေများများဆော် စောင်ရေတက်ဖို့ေ နာ်။
ငွေရဖို့သာ အဓိကပါ အမှားတွေလဲ ဖော်ပြမှာ ။
ကြည့်လည်းလုပ်ပါ မနီရာ ငါတော့မယုံဘူးဟာ ။
တုံးလှချည်လား ကိုကြီးရာ မဂ္ဂဇင်းတွေလိုက် ကြည့်ပါ ။
အယ်ဒီတာလုပ်ရတာ မခက်ပါ သူများခိုင်းတာ လုပ်ရတာ။
အချို့တွေဆို လုပ်ကြတာ ဂျာနယ်သုံးစောင် တောင်ကွာ။
နင်တို့ခတ်ဘဲ လုပ်ကြပါ စိတ်တွေလေတယ်ကွာ။
စိတ်လေတာ ခဏထား အယ်ဒီတာတွေ သောကပွား။
ယနေ့ခတ်ရဲ့ အယ်ဒီတာတွေ ဆန်းစစ်သင့်တယ်ေ လ
ကလောင်ကိုင်ကာ အသက်မွေး တိုင်းပြည်လွတ်ေ မြာက်ရေး။
သားသားသိတာရေးပြ တာ တတ်လို့မဟုတ်ပါဗျာ။
ပွင့်ပွင့်လင်းလ င်းပြောပြတာ သားသားမူကြိုပါ။

-1 #14 nyanlinhtet 2010-07-01 17:43
အေးဗျာ အခုကျွန်တော်ရေး လိုက်တဲ့ ဟာကို ဖတ်ပြီး ခင်ဗျာရင်ဖွင့်လိုက်ပြီ။
ပြည်သူတွေအဲဒီလို ရင်ထဲကို ဖွင့်စေချင်တာ ။ ဒါမှ အမှန်တရားဆိုတာ ပေါ်ထွက်လာတာ။
ကျွန်တော်ဘယ် ၀ါဒကိုမှ စွဲကိုင်မထားဘူး ။
ဘယ်သူ့ရှေ့နေမှလ ည်း မလိုက်ပါဘူး ။ တိုင်းပြည်ကိုကောင်းစေချင်တဲ့စေ တနာနဲ့ သိတာလေးတွေ ၀င်ရေးတာဗျာ။
အမြင်ချင်းမတူညီ တဲ့ ဖော်ပြချက်တွေဖတ်ရမှ ပြည်သူတွေ ညဏ်ပွင့်လာမှဗျ။ အခုလိုကူညီတာ ကျေးဇူးတင်တယ်ဗျာ။

Quoting koswarkyal:TO ....#8 nyanlinhtet
မင်းအုပ်စိုးဆို တာ ရုပ်ရှင်လောကမှာ မိန်းမကိစ္စအပုပ် နံတလျောင်းလျောင်းထွက်နေတာ။ ဒီအကြောင်းတွေသိ လို့ ဒီသတင်းရေးတာနေမှာ ပေါ့။ ခင်ဗျားမလဲ မြန်မာအယ်ဒီတာတွေကို တံဆိပ်ကပ်ပြီး သိက္ခာချဖို့ပဲရေးချင်နေတာ။ ရုပ်ရည်ကန့်သတ်တာ၊ ဆယ်တန်းအောင်စရာ မလိုတာ၊ 'အယ်ဒီတာ'ဆိုတာ စော်ကားတာပဲ။ "အခုစာနယ်ဇင်းလော ကက အတင်းအဖျင်းတွေ အစိုးရမူဝါဒတွေပဲ အကောင်အထည်ဖော်ေ နတာပဲ"ဆိုတာတော့ ခင်ဗျားလည်း မင်းအုပ်စိုးနဲ့ အတူတူပဲ။ သူက တဏှာမှိုင်း၊ ခင်ဗျားက '၀ါဒ'မှိုင်း။ အစိုးရမကောင်ြးေ ကာင်း ပြောတတ်ရုံလေးနဲ့ တော့ comment လာမပေးပါနဲ့။ ခင်ဗျားမို့ ဘာမှမတတ်တဲ့ အယ်ဒီတာချုပ်မင်းအုပ်စိုးကိုယ်တိုင် ကိုယ်ဖိရင်ဖိသင် ပေးတဲ့ ဆယ်တန်းမအောင်တဲ့  အယ်ဒီတာမလေးတွေ တည်းဖြတ်တဲ့ သရပါမဂ္ဂဇင်းကို ဗိုလ်ချုပ်ရဲ့အိုးဝေမဂ္ဂဇင်းနဲ့ နှိုင်းရက်တယ်ဗျာ ။ အစိုးရမကောင်ြးေ ကာင်း ၀ါဒဖြန့်ချင်တို င်း သတင်းအပုဒ်တိုင်း comment ၀င်ပေးတော့ ကိုယ်မကျွမ်းကျင်တာ မသိတာကြတော့ ခင်ဗျားလည်း 'ဂွမ်း'ရောပေါ့။ ခင်ဗျားရေးတဲ့ ကောင်းတဲ့ comment တွေ လည်း တန်ဖိုးမရှိဖြစ် ကုန်ရော။ မြန်မာဂျာနယ်လစ် တွေကို ဆော်ချင်ဇောနဲ့ ဖာသည်မရှေ့နေပြီးရင် ကြာကူလီရှေ့နေတွေ လာဦးမှာလား။ ဗိုလ်ချုပ်ကတော် တစ်ယောက်ကို ကြာကူလီရိုက်ပြီး အဲဒီကအလကားရတဲ့ေ ငွတွေ သုံးနေတဲ့သူကို ကြော်ငြာမှာ 'မာန်'ပါတယ်ဆိုပြီး ချီးကျူးနေသေးတယ် ဗျာ။ ဒီကြော်ငြာက ဘာမှမဟုတ်ဘူး။ 'ဘူး'ကျချင်လို့ ကောင်မလေးတွေခေါ် တာ။ ဒါကို အယ်ဒီတာခေါင်းတပ်ထားတာ 'ပေါ'ရက်လိုက်တာ။

+2 #13 alonso 2010-07-01 17:07
အယ်ဒီတာ့ အမျိုးသမီး ခေါ်ယူခြင်း

+14 #12 koswarkyal 2010-07-01 15:34
TO ....#8 nyanlinhtet

+4 #11 Burning Bond 2010-07-01 15:03
Quoting nyanlinhtet:
နောက်တခုကမီးမော င်းထိုးပြလိုက်တာ ။ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ဘွဲ့ရလည်း ပညာမတတ်ပါဘူးဆို တာကို ပြပေးလိုက်တာဘဲ။
Can accept this point. But if they really have such intention, they should use "ပညာအရည်အချင်း ကန်.သတ်ချက်မရှိ" instead of "၁၀ တန်းအောင်ရန်မလို"

+8 #10 RightMan 2010-07-01 14:18
အဲဒီကြော်ငြာက မာန်ပါနေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် အထင်ကြီးလွန်းပြီး ဘ၀င်ကိုင်နေတာပါ ။ ပြီးတော့ အယ်ဒီတာတွေကို တမင်တိုက်ခိုက်တဲ့ပုံစံမျိုးဆို တာ အသိသာကြီးပါ။ မြန်မာပြည်က အယ်ဒီတာတော်တော် များများ တာဝန်ကျေကြပါတယ် ။ ကျွန်တော် စာပေလောကက မဟုတ်ပါဘူး။ အယ်ဒီတာလည်းမဟုတ်ဘူး။ အမှန်ကိုပြောတာ။ သတင်းလွတ်လပ်ခွင့်မရှိတဲ့အထဲ ရေးကြလို့ ထောင်ထဲရောက်တဲ့ အများကြီးဘဲ။ အခုကြော်ငြာမှာပါတဲ့ မဂ္ဂဇင်းအယ်ဒီတာ မင်းအုပ်စိုးဆို တာ တောကြိုက်တဲ့ မင်းသားပါ။ သူက မိန်းမရှုပ်တာနဲ့  ပါတ်သက်ပြီး နာမည်လည်းထွက်နေ သူပါ။ အဲဒီလိုလူက ဒီလိုပုံစံမျိုး အလုပ်ခေါ်တယ်ဆိုတာကတော့ တခုခုတော့ တခုခုဘဲ။

0 #9 pmaung 2010-07-01 14:14
ပညာမတတ်တော့ မေးတာမြန်းတာအမှားမပါတော့ဘူးလေ
ပညာတတ်ရင် မမထက်ထက်လိုအမေး ခ့နေရဦးမယ် ဟုတ်ဘူးလား

-12 #8 nyanlinhtet 2010-07-01 13:38
အဲဒီကြော်ငြာချက်မှာ မာန်တစ်ခုပါနေတာ ကို ထူးခြားစွာ တွေ့ရတယ်။ အသက်အရွယ်ကြီးရင်ပြီး အတွေ့အကြုံရှိတဲ့  အယ်ဒီတာဆိုရင်တော့ ဒီပုတ်ထဲကဒီပဲ ဘဲဖြစ်လာမှာလေ။ အယ်ဒီတာ တယောက်က အတွေ့အကြုံရှိရင်ကောင်းတာတော့မှ န်ပါတယ်။ ဒါပေမယ့် အဲဒီအတွေ့အကြုံေ တွကို အသုံးချပြီး တိုင်းပြည်ကို သတင်းအမှာင်ချနေ တဲ့အယ်ဒီတာတွေကြီးဘဲ ဆိုတော့လည်း ပိုဆိုးလာတာပေါ့ ။နောက်တခုကမီးမော င်းထိုးပြလိုက်တာ ။ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ဘွဲ့ရလည်း ပညာမတတ်ပါဘူးဆို တာကို ပြပေးလိုက်တာဘဲ။ ဘာဘဲဖြစ်ဖြစ်စာန ယ်ဇင်သမားဆို တာ လမ်းပြသူတွေပါ။ လမ်းမှန်ကို ပြနိုင်တယ်ဆို လည်း အသက်ငယ်လည်း လေးစားရမှာဘဲ။ မြန်မာနိုင်ငံရဲ့  အနာဂတ်လူငယ်တွေရဲ့ ခတ်မှီတဲ့ အတွေးတွေကို ချပြနိုင်ရင် သိပ်ကောင်းမှာဘဲ ။လုပ်ပိုင်ခွင့်ေ တွ ကန့်သတ်ထားတာ မှန်ပေမယ့် ညဏ်ရှိရှိ အသုံးချလို့တော့ ရပါသေးတယ်။

အခုစာနယ်ဇင်းလော ကတော့ လိုအပ်တဲ့သတင်းေ တွထက် အတင်းအဖျင်းတွေ ၊ အစိုးရမူဝါဒတွေကို ဘဲ အကောင်အထည်ဖော်ေ နကြတော့လည်း လူငယ်မျိုးဆက်တွေကို မျှော်လင့်မိတယ် ဗျာ။ ဗိုလ်ချုပ်အောင် ဆန်းဆိုလည်း အိုးဝေ မဂ္ဂဇင်းအယ်ဒီတာကို ငယ်ငယ်လေးနဲ့လုပ်သွားတာပါ။ အတုယူနိုင်ကြပါေ စ။

တတိုင်းပြည်လုံး ကို သတင်းအမှာင်ချနေ တဲ့လူတွေရဲ့ ဂုဏ်သိက္ခာ တွေ ကြော်ငြာခိုင်းေ နပြန်ပြီ။ ဟားဟားဟား ဟား အရမ်းကို ရီဖို့ကောင်းနေတ ယ် မြန်မာနိုင်ငံအ ယ်ဒီတာတွေများရယ်။ ပြည်သူတွေကို ခတ်နေတဲ့အဆိပ်တွေ ဒီထက်ပြန့်ပွားေ စချင်သေးလို့လား ။ ဒါလောက်ဆိုးဝါးတဲ့ပြစ်မှုတွေ ကိုကျူးလွန်နေတာ တောင် ဂုဏ်သိက္ခာဆိုတဲ့ စကားကို အရှက်မရှိ သုံးရဲကြသေးတယ်ေ နာ်။

သရပါမဂ္ဂဇင်း ဟာ တိုင်းပြည်အကျိုးပြုစာပေတွေ ထုတ်ဝေနိုင်ပါစေ ။ အတင်းအဖျင်းတွေ ဖော်ပြမဲ့အစား သမိုင်းကြောင်းအ မှန်ကို အခန်းဆက်အနေနဲ့ ဖော်ပြပေးနိုင်တဲ့ မဂ္ဂဇင်းဖြစ်ပါစေ လို့ မျှော်လင့်နေပါတ ယ်ဗျာ။

0 #7 moechanmyayoo 2010-07-01 12:23
ဘာရည်၇ွည်ချက်နဲ့ များပါလိမ့်..
သူရဲ့ရည်၇ွယ်ချက်သွားမေးကြည့်သင့်တယ်ထင်တယ်။

+3 #6 info 2010-07-01 12:22
Quoting Burning Bond:
ရူးနေလားမသိဘူးေ နာ်၊
ဒါမှမဟုတ်မော်ဒယ်ခေါ်တာနဲ.မှားထဲ့မိလား?
မဟုတ်ဘူးဆိုရင်ေ တာ့လက်ရှိ Editor တွေကိုဖဲ့ချင်တာ ပဲဖြစ်မယ်၊
ကို Burning Bond ပြောသလို Editor တွေကိုဖဲ့ချင်တာ ပဲလား... ထက်ထက်မိုးဦး ကိစ္စနဲ့များ ပတ်သက်နေလားမသိဘူး...

+6 #5 mgaung 2010-07-01 11:43
ဒီမင်းသားအကြောင်းအပြင်မှာကြားမိတာတွေရှိပါတယ် အကောင်းတော့မဟုတ်ပါဘူး ပန်းချီကားဝယ်ရောင်းလုပ်တဲ့နေရာမှာလည်းအနံ့တွေ ထွက်နေတာပဲ သူစာအုပ်လုပ်တယ် ဆိုတာတော့ခုမှသိ ရတာ

+3 #4 Burning Bond 2010-07-01 11:42
ရူးနေလားမသိဘူးေ နာ်၊
ဒါမှမဟုတ်မော်ဒယ်ခေါ်တာနဲ.မှားထဲ့မိလား?
မဟုတ်ဘူးဆိုရင်ေ တာ့လက်ရှိ Editor တွေကိုဖဲ့ချင်တာ ပဲဖြစ်မယ်၊

+3 #3 people 2010-07-01 11:37
အလုပ်ခေါ်တဲ့သူကိုယ်တိုင်က တခုခုတော့ မဟုတ်တော့ဘူး
မူရင်း http://www.news-eleven.com/