Thursday, July 1, 2010

မြင်ကွင်း - ကဗျာ

မြင်ကွင်း
(ဆွေနိုင်)

ယဉ်ကျေးမှုထွန်းကားရာ
ဟောဒီ မြို့ပြထဲ့ 
အယောင်ဆောင် ရာသီလွန်ငှက်တွေသာ
အလွမ်းသင့်တတ်ရင်
ဧရာဝတီဟာ သူ့ရင်ခွင်မှာပိုက်ထားတဲ့
မိခင်လောင်းလျှာကို
မြေသားနုနုထဲ မွေးဖွားပေးချင်သူပါ။
ကြယ်တွေတောင်
ကြွေပြီးရင်း ကြွေနေကြ
ကြွေနေဆဲကာလ
အဲဒီ မြို့ပြထဲ
ညတွေသာအလွမ်းသင့်တတ်ရင်
ဧရာဝတီဟာ သူ့ရင်ခွင်မှာပိုက်ထားရတဲ့
လငပုပ်တွေကို ဖမ်းစားရင်း
သမိုင်းသစ်ကို မွေးဖွား
တရားသံတေးသွားစစ်စစ်နဲ့ စီးဆင်းနေချင်သူပါ။

လေတိုက်သံ တရွှီးရွှီးကြားတိုင်း
ခေါင်းထောင်ကြည့်နေရ
မင်းဘယ်လမ်းကလာမလဲဆိုတာ
နှစ်ချို့ ပိတောက်တွေသာ
အခါခါ ဖြိုင်ဖြိုင်ပွင့်သွားတယ်
ရန်ကုန်မိုးဟာ စွေနေတုံးပဲ။

ဒီလိုနဲ့
ဝေးပြီးရင်းသာ ဝေးသွားခဲ့
လေညှာမှာ့ 
ဖြေသာသလို ဖြေနေရ
နေသာသလို နေ နေရတယ်ဆိုပေမဲ့
မင်းဘယ်လမ်းက လာမလဲဆိုတာ့ ။

ဟောဒီ မြို့ပြထဲ
အပေါစားကာလများကိုသာ
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေနဲ့
ရောမဘုရင်ရဲ့ ရာဇဝင်ညထဲခုန်ဆင်း
တမ်းချင်းတွေ အသင်္ချေနဲ့
မြို့ပြ
ကျေးလက်
တောနက်နက်ထဲထိ
မြည်ဟီးတောက်လောင်လာနေပေါ့ ။ ။