Sunday, April 4, 2010

သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးကြီး၏ ကုန်စိမ်းနှင့် ငါးပိ ငါး ခြောက်တန်းများ လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်တော့မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အသစ်ပြောင်းရွှေ့ဖွင့်လှစ်မည့်ကုန်စိမ်းဈေးကြီးတွင် မူလဆိုင်ခန်းများကို နေရာပြန်လည်ချထားပေးမည်ဟု သိရပြီး အဆိုပါဈေးကြီးပြီးစီးမည့်အချိန် ပြောင်းရွှေ့ရမည့်အချိန်ကိုမူ မသိရှိရသေးကြောင်း

သီရိမင်္ဂလာဈေးကြီး တစ်ခုလုံး အား ပြောင်းရွှေ့ခြင်းမဟုတ်ဘဲ ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းတို့ကိုသာ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပေါ်ထပ်ရှိ ကလေးကစားကွင်း နှင့် တည်းခိုခန်းများကိုမူ ပြောင်းရွှေ့ သွားမည် မဟုတ်ကြောင်းလည်း သိရှိရသည်။

ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် အဆိုပါ သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းတန်းနှင့် ငါးခြောက်တန်းတို့ကို လှိုင် မြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ပိတောက် ချောင်းအနီးရှိ မြေ ၁၂ ဧကကျယ်ဝန်းသော မြေနေရာတွင် တစ်ထပ်ဈေးကြီးအဖြစ် ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရပြီး ကားအစီးရေ ၂၀၀၀ ကျော် ရပ်နားနိုင်သည့် ကားပါကင် ပါရှိမည်ဖြစ် သည်။ တစ်ထပ် ဟောလ်တိုက် ပုံစံ ဖြစ်ကာ အောက်ခြေအုတ်ခံမှ အမိုးအထိ အမြင့်မှာ ၁၆ ပေခန့် ရှိမည်ဟု သိရသည်။ အသစ်ပြောင်းရွှေ့ဖွင့် လှစ်မည့် ကုန်စိမ်းဈေးကြီးတွင် မူလ ဆိုင်ခန်းများကို နေရာပြန်လည်ချ ထားပေးမည်ဟုသိရပြီး အဆိုပါဈေး ကြီးပြီးစီးမည့်အချိန်၊ ပြောင်းရွှေ့ရမည့်အချိန်ကိုမူ မသိရှိရသေးကြောင်း သိရှိရသည်။

သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနေရာကိုမူ ညအိပ်အခပေးယာဉ်ရပ်နားစခန်းအဖြစ် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဈေးကြီးအနီးတစ်ဝိုက် နှင့် ကမ်းနားလမ်းတစ်လျောက်တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ရှုပ်ထွေးမှု များဖြစ်ပေါ်နေခြင်းကို ဖြေရှင်းသည့် အနေဖြင့်လည်း ပြောင်းရွှေ့ဖွင့်လှစ် ရခြင်းဖြစ်သည်ဟုသိရပြီး အသစ် ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် ဈေးကြီးတွင် ကားပါကင် အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။