Tuesday, April 20, 2010

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြင့်ဂုဏ်ပြုပွဲ

http://citizenofburma.org/
လူထုအကျိုးပြုလုပ်ငန်း NLD ရှေးရှု ဆောင်ရွက်သွားမည်
http://www.voanews.com/burmese/2010-04-19-voa4.cfm
ကလေးတွေ စာသင်ပေးတဲ့ ကိစ္စတွေ၊ ကလေးတွေ ကျောင်းမနေနိုင်တဲ့ ကိစ္စမျိုးတွေ လုပ်မယ်။ အမျိုးသမီးတွေ အလုပ်မရှိ၊ အကိုင်မရှိ ဖြစ်နေတာ၊ ကျွမ်းကျင်မှု အတတ်ပညာတွေ နည်းပါးနေတာ၊ အဲဒါမျိုးတွေ ကျနော်တို့ လုပ်သွားမယ်။ နောက်တခါ ဥပဒေကြောင်းအရ ဘယ်သူမှ အကူအညီ မပေးနိုင်တာတွေကို ဥပဒေပညာရှင်များနဲ့ လက်တွဲပြီး ဒီလူတွေကို အကာအကွယ်ပေးဖို့ ကျနော်တို့ ဆောင်ရွက်သွားမယ်။ နောက် သက်ကြီးရွယ်အိုတွေ ဘာတွေ ဒုက္ခရောက်နေတဲ့ သူတွေ အများကြီးရှိတယ်။ ဒီလိုကိစ္စမျိုးတွေလည်း ရှာဖွေကြံဆပြီး လုပ်သွားမှာပဲ။ အဲတော့ နှစ်ဘက်ပဲ၊ နိုင်ငံရေးကို လူထုကြားမှာဝင်ပြီး လုပ်တဲ့ နိုင်ငံရေးကို လုပ်မယ်၊ တဘက်ကလည်း လူထုရဲ့ အကျိုးစီးပွားတွေကို ဆောင်ရွက်မယ်။
(ဟံသာဝတီ ဦးဝင်းတင်)
သူတို့ တင်းကျပ်တယ်၊ စောင့်ကြည့်တယ် ဖြစ်လာနိုင်ပေမဲ့ ကျမတို့ကတော့ ကိုယ်လုပ်စရာရှိတာတော့ တင်းကျပ်နေတဲ့ ကြားထဲက၊ ဘယ်လောက်ကြီးပဲ သူတို့ အနှောင့်အယှက် ပေးတဲ့ ကြားထဲက ကျမတို့က ကိုယ် လုပ်သင့်လုပ်ထိုက်တာ၊ လုပ်နိုင်တဲ့ဟာ အားလုံးကိုတော့ ဆက်ပြီး လုပ်သွားမှာပါ။

(မဖြူဖြူသင်း--HIV/AIDS ဝေဒနာရှင်များစောင့်ရှောက်သူ)
အမေရိကန်ရောက်မြန်မာများ၏ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြင့်ပွဲအတွက် နောက်ဆုံးဆန်ကာတင်(၅)ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သော HIV/AIDS ဝေဒနာရှင်များစောင့်ရှောက်သူမဖြူဖြူသင်းကို ၀ိုင်းဝန်းဆန္ဒမဲပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုကျော်သူနှင့်ကိုဇာဂနာကိုကျွန်တော်အနေဖြင့်လေးစားပါသည်။သူတို့၏လူမှုရေးလုပ်ဆောင်ချက်များအတွက်လည်း အမြဲတမ်းဂုဏ်ယူနေပါသည်။ကိုကျော်သူတို့၏လုပ်ငန်းဆောင်ရွက်ချက်များသည်သဘောသဘာအားဖြင့်ရော လှုပ်ရှားမှုအပိုင်းများတွင်ပါအခက်အခဲများရှိသော်လည်းသူအနေအထားနှင့်သူဆက်လက်လှုပ်ရှားဆောင်ရွက်နိုင်ပါသည်။ ငွေကြေးအထောက်အပံ့ပိုင်းတွင်လည်း ပြည်တွင်း၊နိုင်ငံတစ်ကာတို့ ၏ အကူအညီများကို ရရှိနိုင်ပါသည်။ ကိုကျော်သူတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် တစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်သေး။ ကျွန်တော်ယခုလိုဆိုလိုချင်ဟာ ကိုကျော်သူတို့ကို ဆုမရစေလိုသောရည်ရွယ်ချက်ဖြင့် ရေးနေချင်းမဟုတ်ပါ။

ယနေ့အချိန်အခါသည် မဖြူဖြူသင်းဦးဆောင်သော HIV/AIDS ဝေဒနာရှင်စောင့်ရှောက်သူများ၏ အရေးကြီးလာသော ပုံစံအနေအထားသို့ ရောက်ရှိလားခြင်းကြောင့်ဖြစ်ပါသည်။ မဖြူဖြူသင်းတို့ အဖွဲ့သည် စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများကြားမှပင် HIV/AIDS ဝေဒနာရှင်များကို ကူညီပံ့ပိုးပေးနေပါသည်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်ထိတိုင်အောင် သွားရောက်ကာထိုဝေဒနာရှင်များကို ကူညီပေးနိုင်ခဲ့ပါသည်။ မဖြူဖြူသင်းတို့၏ အကူအညီပေးရေးလုပ်ငန်းစဉ်များရပ်တန့်သွားအောင်း စစ်အာဏာရှင်တို့သည် သူမ၏အဖွဲ့ဝင်များ ပံ့ပိုးပေးသူများကို ဖမ်းဆီချင်း၊ ချိန်းခြောက်ခြင်းများကို ပြင်းပြင်းထန်ထန်ပြုလုပ်နေသော်လည်း ထိုအခက်အခဲများကြားမှပင် သူမတို့၏ အကူအညီပေးရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအနေအထားအရနှင့် NLD အခြေအနေအရပါ မဖြူဖြူသင်းတို့၏လုပ်ငန်းများကို ပိုမိုအကူအညီပေးဖို့ အထူးလိုအပ်လှပါသည်။ သူမတို့ကို ပိုမိုပံပိုးပေးချင်းအားဖြင့်HIV/AIDS ဝေဒနာရှင်များကို ပိုမိုကူညီရာရောက်သည့်အပြင် မြန်မာနိုင်ငံအတွင်း ပိုမိုကျယ်ပြန့်လာနေသောထို ကပ်ဆိုးကြီးအားလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းတားဆီးပေးရာ ရောက်ပါသည်။

လေးစားစွာဖြင့်
မင်းမင်းလေး