Thursday, December 30, 2010

ခင်ဝမ်း - ဧရာဝတီ

Sunday, December 26, 2010

Friday, December 24, 2010

ကျနော်တို့မြို့က ကျနော်တို့အမေ


သားတွေလည်းပြုံး အမေပြုံး၍
အပြုံးတွေပြိုင် မြိုင်ဆိုင်လှိုင်ခဲ့၊
မဆိုင်သူများ အမုန်းပွါးတဲ့
ထိုနေ့ရက်မှာ ကျနော်တို့မလာနိုင်တာ
ခွင့်လွှတ်ပါအမေ။
နေအိမ်အချုပ် သူရုပ်တို့လက်
အာဏာစက်မှ လွတ်မြောက်ခါစ
တခဏမှာ အမေ့အပြုံးဟာ
ကမ္ဘာကိုငြိမ်းချမ်းစေလောက်တယ်။

သူကခေါင်းဆောင် ပြည့်ကျိုးဆောင်သူ
သည်လူကျောမွဲ ဆင့်တန်းခွဲလျက်၊
ငါကဗမာ ငါ့ဘာသာတွက်
လူမျိုးငဲ့ကွက် ပါတီစွဲလျက်၊
အမေရိက ဥရောပနဲ့
အာရှတိုက်ပဲ ဒေသစွဲလျက်၊
ငါနဲ့မတူ ငါ့ရန်သူဟု
သူ့လူငါ့လူမခွဲခြားတဲ့အမေ။

ချစ်မုန်းကျွမ်းဝင် အာဏာရှင်ပင်
အစဉ်ဖိတ်ခေါ် ရှေ့ရေးမျှော်ခဲ့တဲ့၊
အမေရိက ဥရောပသံတမန်
အာရှပါမကျန် တွေ့ဆုံခဲ့တဲ့၊
မြန်ပြည်သာယာ ၂၁ရာစုမှာ
ညီလာခံခင်း တွေ့ဆုံချင်ခဲ့တဲ့၊
ခွင့်ရေးညီမျှ တူတကွနေကြရအောင်
ပြည့်အရေုးခေါင်းဆောင်နေတဲ့အမေ။

အဲဒါ
ကျနော်တို့မြို့က ကျနော်တို့အမေ။

g r a p h i c d e s i g n : k o m y o e

Tuesday, December 21, 2010

(၁၄) ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ကြေညာချက်

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

အမေရိကန် နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစု ၀င်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြ နိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင် စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့် သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့် မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာ နိုင်ငံ သို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့ က ဖမ်းဆီး နိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲက ဖော်ပြထားသည်။

ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေး လုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက် တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲ ခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက် အတိုက် အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာ နိုင်ငံ ပြန်လျှင် သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက် အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသား ရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

We need Freedom in Burma

ABMA ဂျာနယ် အတွဲ (၁) အမှတ် (၂၂)

Sunday, December 19, 2010

ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ Written by လူထုစိန်ဝင်း

အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို '၀ီကီလိခ်' ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စဖြစ်တယ်။

ရမ်းတုတ်တွေလည်းပါလိမ့်မယ်
အခုလောလောဆယ် ဖော်ထုတ်ထားတာတွေထဲမှာ နိုင်ငံခြားတိုင်းပြည်တချို့မှာရှိတဲ့ အမေရိကန်သံရုံးတွေက သူတို့နိုင်ငံအစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့စာတွေဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်းလိုလိုက သူတို့အကြောင်း ဘာတွေများရေးထားမလဲဆိုတာကို နေ့စဉ်ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေပါရှိသလို အမေရိကန်သံအရာရှိတွေ ထင်ကြေးနဲ့ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြုလုပ် ခြင်းသည် မြန်မာအနုပညာရှင်တို့၏ မင်္ဂလာ အခမ်းအနားများတွင် အကြိမ်အများဆုံး ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး မင်္ဂလာပွဲများတွင် ၀တ်စုံ၊ ပန်း၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စသည်တို့ကို စပွန်ဆာပေးမှုများ အနက် အများဆုံး စပွန်ဆာပေးခံရသည့် မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်လာသည်ဟု သိရသည်။

Saturday, December 18, 2010

ချမ်းချမ်း ရဲ့ တကယ်ဆိုရင် အချစ်ဘဲလိုတယ် VCD Karaoke

http://www.myanmarcelebrity.com/

ဒီဇင်ဘာလ ၁၇ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီ Mizzima ရုပ်သံသတင်း

ရန်ကုန်မှာ တပ်မတော်သားတွေကို ပြည်သူဘက်ရပ်ပေးဖို့စာတွေကြဲချ

December 18th, 2010
ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ မှတ်တိုင်မှာ လိုင်းကားတ စီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့စာတွေ ကြဲချ သွားတယ်လို့ သိရှိရပါတယ်။
စာထဲမှာပါဝင်တဲ့ အကြောင်းအရာ တွေကတော့ “စစ်သည်တော် အပေါင်းတို့ တိုင်းရင်းသား ပြည်သူ များအပေါ် အနိုင်ကျင့် ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာခဲ့ပါ။ စစ်အာဏာရှင် စစ်ကျွန်မှ ပြည်သူ စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ” စတဲ့ စာသားများ ပါဝင်ပါတယ်။
စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲ တပ်ဖွဲ့ဝင်တွေပါ ကောက်ဖတ်နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။
စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်းတယ်၊ ဒါမှ သူတို့တွေ အမြင် မှန်ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။
နအဖဟာ ၂၀၁၀ ရွေကောက်ပွဲပြီးနောက်ပိုင်း နယ်ခြားစောင့်လုပ်ခိုင်းလို့မရတဲ့ အပစ် ရပ်အဖွဲ့တွေရဲ့ နယ်မြေတွေကို ထိုးစစ်တွေဆင်ဖို့ စစ်ပြင်ဆင်မှုတွေရှိနေပါတယ်။ လက်ရှိမှာလည်း ၂၀၁၀ ရွေကောက်ပွဲနေကတည်းကစလိုက်တဲ့ ဒီအေဘီအေ အဖွဲ့နဲ့ နအဖ တိုက်ပွဲတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပြန့်နှံ့ကျယ်ပြန့်လာ နေပါတယ်။
http://www.naytthit.net/?p=5337မှ

Friday, December 17, 2010

ဝါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို့ အစီရင်ခံစာ

 ထပ်မံဖြည့်စွက်ပြီး အမေရိကန် ရှိ မြန်မာ အတိုက်အခံ များ ၊ မြန်မာ ရွှေ့ ပြောင်းနေထိုင် သူများ နှင့် ပတ်သက်၍ ၀ါရှင်တန် ရှိ မြန်မာ သံရုံးမှ မြန်မာ နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက် စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့ သတင်းပေး ပို့မှု တစ်ခု မှာ......
၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို့ မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။


၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။

ချမ်းချမ်း ရဲ့ တကယ်ဆိုရင် အချစ်ဘဲလိုတယ် VCDs and DVDs Promotion

Myanmar Model & Singer Chan Chan together with Her Boyfriend
Here are the photos of Chan Chan's "Ta Kal So Yin Ah Chit Pae Lo Tal" Album VCDs and DVDs promotion event which was held on 16 December 2010 at TWM Complex, Yangon.
http://www.myanmarcelebrity.comMore photos...

Thursday, December 16, 2010

၈၈၈၈ ပြည်သူ့သတင်းစဉ်

A court in London has granted WikiLeaks founder Julian Assange bail.

A court in London has granted WikiLeaks founder Julian Assange bail.

India,China meet for trade talks(CNN) ရုပ်သံ

  On December 16, 2010
Chinese officials visit India to strengthen economic ties. CNN-IBN's Rajdeep Sardesai explains.

ကြုံတောင့်ကြုံခဲအမြွှာပူးများဖက်ရှင်ပွဲ

မြန်မာနိုင်ငံ အမြွှာမွေးအသင်း ၏ ဒုတိယအကြိမ် အမြွှာပူးတွေ့ဆုံ ပွဲကို ဇန်နဝါရီလလယ်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။အမြွှာမွေးအသင်း၏ ဒုတိယ အကြိမ် တွေ့ဆုံပွဲကို မူလက ဒီဇင် ဘာတွင် ပြုလုပ်ရန် သတ်မှတ်ထား သော်လည်း အကြောင်းကြောင်း ကြောင့် မလုပ်ဖြစ်တော့ဘဲ ဇန်နဝါရီ လလယ်တွင် ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု အမြွှာမွေးအသင်း ဥက္ကဋ္ဌ ဦးတင်ထူးစိန်က ဒီဇင်ဘာ ၇ ရက် တွင် ပြောသည်။”ပထမအကြိမ် တွေ့ဆုံပွဲတုန်း ကတော့ အကျွေးအမွေးနဲ့လုပ်ခဲ့ တယ်။ ဒီ တစ်ခေါက်ကတော့ လာ ရောက်ဖွင့်လှစ်ရောင်းချမယ့် ဆိုင် တွေကို အခမ်းအနားကျင်းပတဲ့ နေရာမှာ လာရောက်ရောင်းချခွင့် ပေးမှာပါ။ ပွဲလာတဲ့ပရိသတ်တွေ စား ချင်ရင် အလွယ်တကူ ဝယ်စား လို့ရအောင် ပြုလုပ်ပေးပါမယ်။ ပွဲ လာမယ့်ပရိသတ်က များမှာဖြစ်တဲ့ အတွက် အားကစား ကွင်းလိုနေရာ မျိုးမှာလုပ်ဖို့ စီစဉ်ထားပါ တယ်” ဟု ၄င်းက ပြောသည်။ပွဲကျင်းပရေးနှင့်ပတ်သက်၍ အသင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး စာနယ်ဇင်းများကိုလည်း ဒီဇင်ဘာ ၁၈ရက်တွင် အသိပေးမည်ဖြစ် ကြောင်း သိရသည်။ ပွဲကျင်းပသည့် နေ့တွင် အမြွှာများထဲမှ အတူဆုံး ဆုများ ပေးအပ်သွားမည်ဖြစ်ရာပွဲ တွင်ကူညီအကဲဖြတ်ပေးရန် ရုပ်ရှင် သရုပ် ဆောင်များလည်း လိုအပ် သောကြောင့် ကူညီလိုပါကအသင်း သို့ ဆက်သွယ်နိုင်ကြောင်း ၄င်းက ပြောသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အမြွှာမွေးအသင်းမှ ၂ဝ၁၁ ရောင်စုံပြက္ခဒိန်ကို ထုတ်ဝေ ထားပြီးဖြစ်ပြီး လျှောက်လွှာတင် ထားပြီး အသင်းဝင်ကတ်ပြား မ ထုတ်ရသေးသော အမြွှာများနှင့် အသင်းဝင်များအတွက် သီးသန့် ဖြန့်ဝေသော အမြွှာဒီဗီဒီကို မြန်မာ နိုင်ငံအမြွှာမွေးအသင်း ရုံးချုပ်တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိ ရသည်။ မြန်မာနိုင်ငံ အမြွှာမွေး အသင်းတွင် အသင်း ဝင်၁၅ဝဝ ခန့် ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

Wednesday, December 15, 2010

The Kachin's last stand

နိုင်ငံရေးသမားတွေကို ဘာကြောင့်ပဲ လွှတ်လွှတ် ဝေဖန်စရာမရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အာဏာပိုင်တွေအနေနဲ့ သူ့ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာကို လှည့်စားချင်လို့ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ ဖြစ်စေဦးတော့ ဝေဖန်စရာမဟုတ်ဘဲ ကိုယ်လုပ်ချင်ရာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ်ဆိုရင် ကောင်းတဲ့လုပ်ရပ်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ Crossroads Asia အစီအစဉ်နဲ့ ပြုလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ VOA ဆက်သွယ်မေးမြန်းခန်း တတိယပိုင်းကို ဆက်လက်နားဆင်ကြပါရှင်။

"ကျမလွတ်လာတော့ ကျမရဲ့အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ နိုင်ငံရေး အမြတ် ထုတ်ချင်လို့ လွှတ်တာ ဖြစ်သည့်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသား အနေနဲ့ ဘာမလုပ်ရ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ဖြစ်ရပ်ပဲ၊ ကိုယ်အလုပ်တွေကို ပိုလုပ်ခွင့်ရလာတာပါပဲ။"

သူ့အနေနဲ့ ပညာရှင်တယောက်အဖြစ်ကနေ နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ် ထိန်းသိမ်းတာခံလိုက် ရတဲ့အတွက် နိုင်ငံရေးသမားတဦး ဖြစ်လာရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ လူတွေကို နိုင်ငံရေး မလုပ်စေချင်ရင် မဖမ်းနဲ့ပေါ့ လို့လည်း ရယ်သွမ်းသွေးပြီး ပြောဆိုသွားပါတယ်။

ဖခင်ဖြစ်သူရဲ့ အစဉ်အလာကြောင့် နိုင်ငံရေးအစဉ်အလာ ဆက်ခံရရှိလာခဲ့တာလား အထုံပါရမီ ရလာတာလား ဆိုတဲ့မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ကံတရားနဲ့သာ ဆိုင်ပါလိမ့်မယ်လို့ အခုလို ပြန်ဖြေ ခဲ့ပါတယ်။

"ကျမက ကံတရားလို့ပဲ ထင်ပါတယ်။ ကံတရားဆိုတာ တကယ်တော့ ကိုယ်လုပ်တဲ့အလုပ်ပါပဲ။ အထုံပါရမီ ဆိုတာတွေကိုတော့ ကျမ သိပ် အယုံအကြည်မရှိပါဘူး။"

ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံရေးနဲ့ ပတ်သက်လာခဲ့တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲဒီလို ပြောလို့ရပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြန်ဖြေသွားပါတယ်။

"ကျမဟာ ကျမအဖေကို အဖေအနေနဲ့ရော နိုင်ငံရေးခေါင်းဆောင်အနေနဲ့ရော မှတ်ယူပါတယ်။ သူဟာ ကျမ ယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ စစ်ခေါင်းဆောင် မဟုတ်ပါဘူး။ သူ့ရဲ့နိုင်ငံရေးဘဝကို ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ စတင်ခဲ့ပါတယ်။ နောက် ပါတီနိုင်ငံရေးသမား ဖြစ်လာခဲ့ပါတယ်။ အများသဘောတူ ဆုံးဖြတ်ချက်အရ ကမ္ဘာစစ်အတွင်းမှာ စစ်ရေးအကူအညီယူဖို့ ဖြစ်လာခဲ့တာပါ။ ဒါကြောင့် သူစစ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတာ မယုံကြည်လို့ အရပ်သား နိုင်ငံရေး သမားအဖြစ် ပြန်လည်ခံယူခဲ့ပါတယ်။"

မူရင်း_ ဗွီအိုအေ မြန်မာသတင်း

စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်လိုကြသော မြန်မာပြည်သူပြည်သားများ ခင်ဗျား-

ကျွန်တော်တို့ Blinkhackergroupမှ ကမကထပြုလုပ်ပြီး စစ်အာဏာရှင်နှင့် ၄င်းတို့ကို ကျားကန်ပေးနေသော ဒေါက်တိုင်မီဒီယာများကို အင်တာနက်စစ်ပွဲတရပ်ဆင်နွဲသွားပါမည်။

ကျွန်တော်တို့ BHG အုပ်စုသည် ရတနာပုံဝက်ဘ်ပေါ်တယ် ( Yatanarpon Web Portal) အပါအ၀င် စစ်အုပ်စု ၏ ၀က်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိပါသည်။ ဤကဲ့သို့တိုက်ခိုက်နေရာတွင် ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို မုန်းတီးသူတိုင်း ပါဝင်နိုင်ရန်အတွက် အထက်ပါအစီအစဉ်ကိုချမှတ်ခဲ့ကြ ပါသည်။

မိမိတို့အိမ်မှနေပြီး ချွေးတစက်မထွက်ဘဲ အထိရောက်ဆုံးနည်းလမ်းဖြင့် နအဖစစ်အာဏာရှင်တို့ကို ကောင်း ကောင်းဒုက္ခပေးနိုင်သည့် အစီအစဉ်တွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်တို့၏ ညီညွတ်မှုအားဖြင့် နအဖစစ်အာဏာရှင်တို့ကို အင်တာနက်ပေါ်တွင် တိုက်ခိုက်ကြပါစို့။ စစ်အာဏာရှင်တို့၏ ဒေါက်တိုင်များကို တခုပြီးတခု ဖြိုချသွားကြပါစို့။

ဤနည်းလမ်းဖြင့်တိုက်ခိုက်ခြင်းသည် သင့်ကို မည်သည့်အန္တရာယ်မှ မကျရောက်စေပါ။ သင်တို့၏ IP ကို လိုက်ရှာ၍မရနိုင်သော DDOS Bot စနစ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပါသည်။

Tuesday, December 14, 2010

နိုင်ငံခြားပညာတော်သင် မြန်မာ ကျောင်းသားများ တိုင်းပြည်မပြန်လိုကြ

စင်္ကာပူမြို့ ညဖက်ရှုခင်းပုံ


ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အေအိုင်တီ တက္ကသိုလ်မှာ နောက်ဆုံးနှစ် မဟာဘွဲ့ကို တက်ရောက်နေတဲ့ အစိုးရ၀န်ထမ်း ပညာတော်သင်တစ်ဦးကအခုလို မောက္ခကို ရင်ဖွင့်ပြောခဲ့ပါတယ်။ “ကျွန်တော်က သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ပညာတော်သင်ဆုနဲ့ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံ မဟာဘွဲ့ကို လေ့လာနေတာပါ။ ပြန်ဖို့ကို လုံးဝ စိတ်မပါတာပါဗျာ။ ထိုင်းမှာပဲ ရရာတစ်ခုခုကို လုပ်ချင်နေတာ။ ဒီမှာက ပိုလွတ်လပ်တယ် လေ။ ပြန်မယ်ဆိုရင် ၀န်ကြီးကအစ၊ ဌာနဆိုင်ရာအဆင့်ဆင့်ကို လာဘ်ထိုးရဦးမယ်။ အရင်အရာရှိ ရာထူးကလေး ပြန်ရဖို့ကလည်း မသေချာဘူး။ ကျနော်အတော်ကလေး စိတ်ဓါတ်ကျနေတာ။ ကျနော့် သူငယ်ချင်း အတော်များများလည်း ပြန်ဖို့ကို စိတ်ဆင်းရဲနေကြတယ်။”

စင်္ကာပူနိုင်ငံ၊ နန်းယန်တက္ကသိုလ်မှာ စီးပွားရေးပညာ (စီမံအုပ်ချုပ်မှု) အထူးပြု တက်ရောက်နေတဲ့ နောက်ကျောင်းသူတစ်ဦးဖြစ်တဲ့ မဟန်နီစိုးကတော့ မိဘတွေကလည်း ဒီတိုင်းပြည်မှာ ရောက်နေပြီ ဖြစ်ကြောင်းနဲ့ ဒီနိုင်ငံမှာပဲ အလုပ်လုပ်တော့မှာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။“သမီးတို့အတွက် ဒီမှာက အခွင့်အရေးပိုကောင်းလို့ပါ။ နည်းနည်းလည်းနီးတော့ ပြန်လည်လို့လည်းရတယ်။”

မလေးရှားနိုင်ငံက တက္ကသိုလ်မှာ ဇီဝနည်းပညာ ကျောင်းသား ကိုပြည်မင်းက သူ့အနေနဲ့ သြစတြေးလျနိုင်ငံ ပြည်ဝင်ခွင့် ရရှိထားပြီဖြစ်ကြောင်းနဲ့ ကျောင်းပြီးတာနဲ့ skill migrant ရွှေ့ပြောင်း ကျွမ်းကျင် လုပ်သားအနေနဲ့ အလုပ်ပါ ရရှိနိုင်ကြောင်းပြောပြခဲ့ပါတယ်။

ထို့အပြင် အချို့သော ကျောင်းသူကျောင်းသားများမှာ ပညာတော်သင်နှင့် နိုင်ငံခြားထွက်ခွင့်တို့ကို တိုင်းပြည်ပြောင်းရွှေ့နေထိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် လျှောက်ထားကြကြောင်းလည်း သတင်း ရရှိသည်။

အဓိကအချက်များအနေဖြင့် ပညာတော်သင် မြန်မာကျောင်းသားများ တိုင်းပြည်သို့ မပြန်ကြခြင်းမှာ ထိုက်တန်သော အလုပ်အကိုင် ရရှိရန် မသေချာခြင်း၊ ၀င်ငွေ လွန်စွာ နည်းပါခြင်း၊ လွတ်လပ်ပွင့်လင်းမှု နှင့် တရားမျှတမှု မရှိသဖြင့် သင်ယူထားသော ပညာရပ်တို့ကို အသုံးပြုခွင့် ကန့်သတ် ခံထားရခြင်း တို့ဖြစ်ကြောင်းသိရသည်။

The Voice ဂျာနယ် (ဒီဇင်ဘာလထုတ်) Vol-7 ဖတ်ရှုနိုင်ပါပြီ


The Voice ဂျာနယ် -

Sunday, December 12, 2010

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား Written by လူထုစိန်ဝင်း

Written by လူထုစိန်ဝင်း 
ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပိုဆိုးတဲ့ ပြဿနာ
ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန် ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟာသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

၂၁ရာစု ပင်လုံညီလာခံသည် မြန်မာ့ တပ်မတော်ထွက်ပေါက်

၂၁ရာစု ပင်လုံညီလာခံသည် မြန်မာ့ တပ်မတော်ထွက်ပေါက်

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးဆောင် ဦးရွက် ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပြီး မြန်မာနိုင်ငံအဖြစ် ဒေသ တခုအဖြစ် သတ်မှတ်ခါ ပူးပေါင်းဆောင်ရွတ် နေထိုင်ရေးမူ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဗြိတိသျှတို့က အုပ်ချုပ်ရေးလွယ်ကူစေရန် ပြည်မနှင့် တောင်တန်းဒေသဟူ၍ ခွဲထားခြင်းကြောင့် တိုင်းရင်းခေါင်းဆောင်များက ပြည်မတခုထဲလွတ်လပ်ရေးရပြီး ပြည်နယ်များ နယ်ချဲ့ လက်အောက်တွင် ဆက်လက် မရပ်တည်လိုသောကြောင့် လက်မှတ်ရေးထိုးပေးခဲ့သည် ။

နအဖ တိုင်းမှူးများ၏ ၂၀၁၀ ခုနှစ် နောက်ဆုံး လေးလပတ် အစည်းအဝေး


Saturday, December 11, 2010

Explosions in Stockholm kill 1, injure 2 - CNN

Friday, December 10, 2010

ဘီဘီစီရဲ့ ဟလို သတင်းလွှာ


့hello -

Thursday, December 9, 2010

မြန်မာနျူကလီယား တည်ဆောက်ရေး မြောက် ကိုရီယား ကူညီနေကြောင်း ၀ီကီလိခ်စ် ဖွင့်ချ

ရန်ကုန် အနောက်မြောက်ဖက် မိုင် ၃၀၀ ကျော် (ကီလိုမီတာ ၄၈၀) ဝေးသော တောင်ခြေနေရာများတွင် မြေအောက် နျူကလီးယားဒုံးကျဉ်တည်ဆောက်မှု အထောက် အထားများ မြင်တွေ့ရကြောင်း ၀ီကီလိခ်စ်မှ
ဖြန့်ချသော အမေရိကန် သံရုံး လျှို့ဝှက်ကေဘယ်များတွင် ဖော်ပြထားသည်။

တောင်ကုန်းထိပ်မှ အောက် ပေ၅၀၀ ခန့်အနက် မြေအောက်တွင် အခိုင်အမာတည်ဆောက်မှုများရှိနေကြောင်း၊ မြန်မာ အလုပ်သမားများကို မြောက်ကိုရီး အယောက် ၃၀၀ မှ ကူညီလုပ်ဆောင်ပေးနေကြောင်း ပါရှိသည်။
 အမည်မဖော်လိုသော မြန်မာ အရာရှိတစ်ဦးက ဩစတြေးလျသံအမတ်ကို ပြောကြားချက်ဖြစ်သည့် ‘မြန်မာ အစိုးရအနေဖြင့် နျူကလီးယား တည်ဆောက်မှုတွင် ရုရှားကို software ထရိန်နင်ပေးခြင်းကိုသာ အားကိုး အားထားပြုကြောင်း၊ ရုရှားက စီးပွားရေးဆန်ဆန်ပုံစံ ဆက်ဆံနေသဖြင့် သိပ်တိုးတက်မှုမရှိကြောင်း၊ မြန်မာ အစိုးရက တောင်းသလောက် မပေး နိုင်ကြောင်း ပါရှိသည်။ ထို့ကြောင့် hardware လုပ်ငန်း အကောင်အထည် ဖော်မှုများအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း’ ဆိုသော သတင်းကိုလည်း အမေရိကန်သံရုံးကေဘယ်တွင် ပါရှိသည်။

ပိုပြီး ထိတ်လန့်ဖွယ်ကောင်းလွန်းသည်မှာ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ရှိ အမေရိကန်သံရုံးကို ယူရေနီယံ လာရောင်းလို့ သံရုံးမှ ၀ယ်ထားလိုက်ရကြောင်းပါရှိသည်။ ထိုစီးပွားရေးလုပ်ငန်းရှင်က ၁၉၉၂ ခုနှစ် တရုတ် တက္ကသိုလ် တစ်ခုမှ စမ်းသပ်စစ်ဆေးပြီး ရေဒီယို သတ္တိကြွ ပေါင်ဒါဖြစ်ကြောင်း သက်သေအထောက်အထား ပါရှိတဲ့ ကော်ပီလက်မှတ် (photocopied certificate ) ဖြင့် ပုလင်းငယ် တစ်လုံးထဲထည့်ပြီး သယ်ယူလာခြင်း ဖြစ်သည်။ သူက “ခင်ဗျားတို့ အမေရိကန်သံရုံးက ယူရေနီယံဝယ်ယူဖို့ စိတ်မ၀င်စားရင် ထိုင်းဖြစ်ဖြစ် အခြားနိုင်ငံတွေဖြစ်ဖြစ် ရောင်းပစ်ဖို့ ကြိုးစားမှာ” ဟု ပြောကြားကြောင်း ပါရှိသည်။

အလုပ်မဖြစ်သော အန်ကယ်ကြီးများ

၂၀၀၈ ခုနှစ် ဇူလိုင်လ ရန်ကုန်ရှိ အမေရိကန်သံရုံးပေးပို့သော လျှို့ဝှက်ကေဘယ်တွင်လည်း NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပါလီမန်ထိုင်ခုံအများစု ရရှိဖို့ စောင့်ဆိုင်းနေသော်လည်း၊ လက်တွေ့မှာ လုံးဝ မဖြစ်နိုင် သေးကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားထောက်ခံမှုရှိသည်မှာ သံသယမရှိသော်လည်း၊ သူမပါတီမှာ အားလုံးလက်ခံနိုင်လောက်သော စွဲမက်ဖွယ် အနေအထားမျိုးမရှိကြောင်း၊ ရိုးတွင်းချဉ်ဆီခန်းနေသော အန်ကယ်ကြီးများကသာ NLD ကို ပါတီဘော့စ်များအဖြစ် ထိန်းချုပ်ထားသည်မှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း၊ ပါတီမှ တက်ကြွသော လူငယ်သွေးသစ်များကိုလည်း ထုတ်ပစ်ကြောင်း၊ စက်တင်ဘာလှုပ်ရှားမှုတွင် ဆန္ဒပြလှုပ်ရှားသူများက NLD ကို စိတ်ပျက်ခဲ့ကြကြောင်း ပေးပို့ထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများကြား သဘောထား ကွဲမှုများရှိနေကြောင်း၊ အထူးသဖြင့် အင်းစိန်ထောင်အတွင်းရှိနေတုန်း ရွေးကောက်ပွဲ ဆန့်ကျင်သူ မင်းကိုနိုင်နှင့် ထောက်ခံသူ ကိုကိုကြီး တို့အကြား ပြဿနာများရှိခဲ့ကြောင်းစသည့် အချက်အလက်များစွာကို ၀ီကီလီမှဖွင့်ချထားသည်။

သတင်း Gurdian (http://www.guardian.co.uk/world/us-embassy-cables-documents/161881)
မူရင်းသတင်းhttp://www.maukkha.org/မှ

Rebels challenge Myanmar government

==============================================
Myanmar youth distanced politically

Wednesday, December 8, 2010

Monday, December 6, 2010

New York မှာ ကျင်းပခဲ့တဲ့ အဝေးတစ်နေရာ Live Concert ဗီဒီယို

Soe Thu and Aye Chan May Singing A Love Song Together


Here are videos of "A Way Ta Nay Yar" Myanmar Live Music Concert which was held on 20 November 2010 at New York, United States of America. Myanmar singers; Soe Thu, Nine Nine, May Sweet, Aye Chan May, Yadanar Oo and Mi Mi Win Phae performed for this live concert

(နယ်သာလန်)အိန္ဒိယသံရုံးရှေ့ဆန္ဒပြပွဲ နှင့် မြန်မာ့အရေးဆွေးနွေးပွဲသို့တက်ရောက်ရန်ဖိတ်ကြားခြင်း ။

Thursday, December 2, 2010

Fighting Again in Karen State