Thursday, December 16, 2010

ကြုံတောင့်ကြုံခဲအမြွှာပူးများဖက်ရှင်ပွဲ

မြန်မာနိုင်ငံ အမြွှာမွေးအသင်း ၏ ဒုတိယအကြိမ် အမြွှာပူးတွေ့ဆုံ ပွဲကို ဇန်နဝါရီလလယ်တွင် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။အမြွှာမွေးအသင်း၏ ဒုတိယ အကြိမ် တွေ့ဆုံပွဲကို မူလက ဒီဇင် ဘာတွင် ပြုလုပ်ရန် သတ်မှတ်ထား သော်လည်း အကြောင်းကြောင်း ကြောင့် မလုပ်ဖြစ်တော့ဘဲ ဇန်နဝါရီ လလယ်တွင် ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု အမြွှာမွေးအသင်း ဥက္ကဋ္ဌ ဦးတင်ထူးစိန်က ဒီဇင်ဘာ ၇ ရက် တွင် ပြောသည်။”ပထမအကြိမ် တွေ့ဆုံပွဲတုန်း ကတော့ အကျွေးအမွေးနဲ့လုပ်ခဲ့ တယ်။ ဒီ တစ်ခေါက်ကတော့ လာ ရောက်ဖွင့်လှစ်ရောင်းချမယ့် ဆိုင် တွေကို အခမ်းအနားကျင်းပတဲ့ နေရာမှာ လာရောက်ရောင်းချခွင့် ပေးမှာပါ။ ပွဲလာတဲ့ပရိသတ်တွေ စား ချင်ရင် အလွယ်တကူ ဝယ်စား လို့ရအောင် ပြုလုပ်ပေးပါမယ်။ ပွဲ လာမယ့်ပရိသတ်က များမှာဖြစ်တဲ့ အတွက် အားကစား ကွင်းလိုနေရာ မျိုးမှာလုပ်ဖို့ စီစဉ်ထားပါ တယ်” ဟု ၄င်းက ပြောသည်။ပွဲကျင်းပရေးနှင့်ပတ်သက်၍ အသင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး စာနယ်ဇင်းများကိုလည်း ဒီဇင်ဘာ ၁၈ရက်တွင် အသိပေးမည်ဖြစ် ကြောင်း သိရသည်။ ပွဲကျင်းပသည့် နေ့တွင် အမြွှာများထဲမှ အတူဆုံး ဆုများ ပေးအပ်သွားမည်ဖြစ်ရာပွဲ တွင်ကူညီအကဲဖြတ်ပေးရန် ရုပ်ရှင် သရုပ် ဆောင်များလည်း လိုအပ် သောကြောင့် ကူညီလိုပါကအသင်း သို့ ဆက်သွယ်နိုင်ကြောင်း ၄င်းက ပြောသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အမြွှာမွေးအသင်းမှ ၂ဝ၁၁ ရောင်စုံပြက္ခဒိန်ကို ထုတ်ဝေ ထားပြီးဖြစ်ပြီး လျှောက်လွှာတင် ထားပြီး အသင်းဝင်ကတ်ပြား မ ထုတ်ရသေးသော အမြွှာများနှင့် အသင်းဝင်များအတွက် သီးသန့် ဖြန့်ဝေသော အမြွှာဒီဗီဒီကို မြန်မာ နိုင်ငံအမြွှာမွေးအသင်း ရုံးချုပ်တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိ ရသည်။ မြန်မာနိုင်ငံ အမြွှာမွေး အသင်းတွင် အသင်း ဝင်၁၅ဝဝ ခန့် ရှိနေပြီ ဖြစ်ကြောင်းသိရသည်။