Wednesday, August 4, 2010


အဋ္ဌမသစ္စာ
(ဆွေနိုင်)

ဒီလပေါ့ 
မုန်တိုင်းထ
မိုးခြေအကြွ
မဟာပထ၀ီမြေကြီးဟာ
သိမ့်သိမ့်တုန်လှုပ်ခတ်လို့
အနီရောင့့် 
နဖူးစီးလက်ပါတ်နဲ့
တော်လဲသံ့  ။

ညနံရံထိုးဖောက်
ခွပ်ဒေါင်းတောင်ပံခပ်သံ
မိုးထိအောင်လျံတက်
ကြွေးကြော် ထက်ချုန်းညံ
လျှက်ရောင် တဖျတ်ဖျတ်နဲ့
ပြေးထွက်လာခဲ့ကြ။

မိုးသဲ လေသန်ခဲ့ပြီ
သဲချောင်း အင်းအိုင်
စမ်းချောင်းမကျန်
မြစ်တွေရေထန့့် 
လက်သီး လက်မောင်းတမ်း
ရှေ့နောက် ဒီရေလှိုင်းတွေဟာ
အကွေ့အကောက့့် 
ကမ်းပါးရိုင်းတွေကိုဖြိုချ
အနက်ရှိုင်းဆုံးထဲအထိ
စီးစင်းသွားခဲ့ကြပြီ ။

ဟောဒီ
ပင်လယ်ထဲအရောက်မှာ
အရသာတူ
အဆင်းတူအရောင်နဲ့
အမှည့်လွန်ဝဲဂယက်ကို
တစ တစ ချွေနေကြ
သြဂုတ်လ့ 
ရှစ်ရက် ရှစ်ဆယ့်ရှစ် ။ ။

၂၂နှစ်မြောက်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးသို့

၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈၈

ဝန်ကြီးချုပ် ရာထူးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရပ်နားခံရ


မြန်မာ စစ်အစိုးရ က ရွေးကောက်ပွဲ တွင် ကြံဖွတ် ပါတီကို ဦးဆောင်ကာ ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးချုပ်ဦးသိန်းစိန် သည် သြဂုတ် လ ဆန်းကတည်းက၀န်ကြီးချုပ်ရာ ထူးတာဝန်မှ ရပ်နားခံရပြီး သူ့ နေရာ တွင်ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ (သို့ မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြင့် အစားထိုးမည် ဟု နေပြည်တော်သတင်းရပ်ကွက်မှ သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန် သည် လွန်ခဲ့သည့်နှစ်လ ခန့် ကတည်းက စစ်ဘက်ရာထူးကိုစွန့် လွှတ်ခဲ့ရပြီးယခု အရပ်ဘက် ၀န်ကြီးချုပ် ရာထူးကိုပါစွန့် လွှတ်ခဲ့ရခြင်းဖြစ်သည်။ ဦးသိန်းစိန် ၀န်ကြီးချုပ်ရာထူး စွန့် ရသည့်သတင်း ကို Freedom News Group မှ လတ်တလောတွင်အတည်မပြုနိုင်သေးသော် လည်း ထပ်မံ ကြားသိရသည့် သတင်းများ အရ မြန်မာ စစ်အစိုးရက ၀န်ကြီးချုပ်ရာထူး နေရာ ကို အစိုးရအဖွဲ့ မှ ဖယ်ရှားလိုက်ခြင်းကြောင့်
(ဦးသိန်းစိန် မတိုင်ခင် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး) 
ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် လည်း အလိုလိုပါသွား ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း ပြီး ကတည်းက ၂၀၀၁ ခုနှစ်
ထိ မြန်မာ နိုင်ငံတွင် န်ကြီးချုပ်ရာထူးမရှိခဲ့ချေ။ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် သည် ၂၀၀၇ ခုနှစ်အောက်တိုဘာ လတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် ပြီးနောက် ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူးမှ အနား ယူရခြင်း နှင့်ပတ်သက်၍ ရန်ကုန် မြို မှ စစ်အရာရှိ ဟောင်းတစ်ဦးက တခြားဝန်ကြီး တွေ လည်း အကုန် ထွက်ရမယ်ထင်တယ်။တကယ်လို့ ကြံဖွတ် နိုင်ရင်တောင် ဗိုလ်ချုပ်ကြီးသိန်းစိန် က ၀န်ကြီးချုပ် ပြန်ဖြစ်နိုင်ပါ့ မလား ဆိုတာပြောဖို့ မလွယ်ဘူး ဟု ပြောသည်။
ဦး သိန်းစိန် သည် ၀န်ကြီးချုပ် ဘ၀ တွင် နောက်ဆုံးအကြိမ် အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိန္ဒိယသွားစဉ်က နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို့ဆောင် နှုတ်ဆက် သူများ တွင် ခမ်းနားခြင်းကင်းမဲ့စွာဖြင့်မထင်မရှား ပါဝင် ခဲ့သည်။