Sunday, November 29, 2009

၉၄ နှစ်ပြည့်(လူထုအမေ)လူထုဒေါ်အမာမွေးနေ့


 ဖတ်ပြန်သော်ကား၊ဖန်ဖန်များသော်
သားမယားပင်၊မလိမ္မာလည်း
စာပေစကား၊နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာတည်း။
ရှင်မဟာရဌသာရ ရဲ့
စာသားအနှစ်တွေ ဝတ်ဆင်ထားတဲ့
သတို့သမီးကြီးဟာ့ 
ပြည်သူထဲက မွေးဖွားလာသူမို့
ပြည်သူနဲ့တသားတည်း
အကျိုးပေးချင်းလည်းတူခဲ့တယ်။
သူမဟာ့ 
ရာဇဝင်ထဲက
သတိုးသမီးကြီးတော့မဟုတ်ခဲ့ဘူး
သမိုင်းရဲ့ အရိုးစုတွေ
ထိုးထိုးထောင်ထောင်ထနေတဲ့
မြစ်ငယ့့် 
ပလိပ့့် 
အင်းဝ့ 
ခေါင်းထောင်ပြီး
ရာသီအလိုက် စီးဆင်းနေတဲ့
မြစ်ငယ်တစင်းနဲ့ မလှမ်းမကမ်း
အမရပူရ
စစ်ကိုင်း
တခေါ်စာ
ဧရာဝတီမြစ်ကြီးရဲ့
မိတ်ဆွေရင်းချာ
မန္တလေးမြို့ကြီးမှာ
လူတစုမျက်မုန်းကျိုးနေတဲ့
စာပေသူရဲကောင်း လူထုအမေ
အသက်ထင်ရှားရှိနေလေရဲ့။
အဲဒါ့ 
သားများအမေ
ကာလသုံးပါးထဲက
မြို့ပြဈေးကွက် ရောင်းသူ ဝယ်သူ
ကျေးလက်ကထန်းတက်သူ
လယ်လုပ်သူ့ 
နိစ္စဓူဝပုံရိပ်များနဲ့
ရုပ်သေးခေတ်က အစ
ဇာတ်သဘင်စတဲ့ခေတ်
ရသစုံစာစကားနဲ့
ပီပြင်စွာရုပ်လုံးကြွအောင်ထုဆစ်
ပြည်တွင်းဖြစ်စစ်စစ်တွေဟာ
သူမရဲ့လက်ဖြစ်တွေပေါ့။
အဲဒါ့ 
သမီးများ အမေ
ဇရာထောင်းပေမယ့်
ကလောင်စောင်းထက်ထက်နဲ့
မာရသွန်ခရီးရှည်ကြီးထဲ
ချီတက်နေဆဲပေါ့
ရွှေအမြူတေရုပ်စုံမဂ္ဂဇင်းမှာ
ကျွန်မရေးတဲ့သူ့ဘဝ
လူထုဦးလှ့ (လူထုဒေါ်အမာ)
လောကဓံ လှိုင်းဂယက်တွေထဲမှာ
သူတို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီး
စာသားတွေနဲ့စကားပြောနေလေရဲ့။
အဲဒါ့ 
တိုင်းပြည်ရဲ့အမေ
တိုင်းပြည်ရဲ့ လတစင်း
ပြည်ကြီးရဲ့ အဘိဓာန်ကျမ်း
ပြည်ကြီးရဲ့ သမီးရတနာ။
လူထုဒေါ်အမာ
နိုဝင်ဘာ ၂၉ ရက်မှာပေါ့
သက်ရင်းနဲ့ သက်ငယ်
နှောင်းဖြစ်တွေကို လက်ရည်တပြင်တည်း
မျှဝေခံစားကြရင့်း့ 
နှင်းမိုးဖြိုင်ဖြိုင်ရွာတဲ့ပွဲ
နွှဲနေကြမြဲ ။ ။
(နိုဝင်ဘာ ၂၉ -၂၀၀၆ခုနှစ်ကရေးဖွဲ့ခဲပါသည်။)