Sunday, November 15, 2009

ဖြေသိမ့်လိုက်(မောင်မောင်မော်)

ဖြေသိမ့်လိုက်
မောင်မောင်မော်
ရစ်စုံ ဖူးငုံ
အလှထုံတဲ့
စကားဝါမြေ
ဝေဆာပန်းပေါင်း
တချို့လည်းကြွေ
တချို့ဝေနေကြပေါ့။
လေဝှေ့အသိမ်း
မယိမ်းမနွှဲ့
စိမ်းလှဲ့ရွှန်းစို
အလှဆောင်လည်း
ကြွေကြပွင့်လွှာ
မြေကမ္ဗလာမှာ
ခရရှာကြပြီ။

မာနနဲ့လမ်း
ဘဝကကြမ်း
စိတ်စေရာကမ်း
လှမ်းပြီး လှမ်း
တမ်းပြီး တမ်း
နွမ်းယင် နွမ်းသွားပစေ။

အလွမ်းသီချင်းလေး
ငါ ဆိုညီးရင့်း့ 
ဟောဒီ
ရွက်ကြွေ
ပွင့်ဖတ်တွေ
မာနနဲ့ထုဆစ်
ခေတ် တခေတ်ရဲ့
အလှတရားတွေ
သစ်လွင်တောက်ပဖို့။