Saturday, October 17, 2009

လေညှင်းလေးတချက် ဝှေ့ခတ်အသွား။ အမေနဲ့သားကြား အတွေးကမ္ဘာမြေမှာ အတွေးသံသရာ လေးနဲ့။ မိသားစု ထမင်းဝိုင်းစိုပြေမယ့်နေ့ အဲဒီနေ့ကို အမေစောင့်မျှော်နေရှာရော့မယ်။ ဟို့  အဝေးတနေရာက အိုအမေမျက်နှာလေး။ သားအပြန်ကိုတမ်းတလို့ အလွမ်းကြားက အမေ့အပြုံးမျက်နှာ သားကိုမြင်ခွင့်ပေးပါ။ ဟေ့ဆိုတဲ့ အသံစကားက သားအတွေးကိုမောင်းထုတ် အခုလှုပ်ရှားမှု မနက်ဖြန်များအတွက် အခုလိုက်သွားမှဖြစ်မယ် ကဲအမေရေ့  မလွမ်းအားသေးဘူး။