Sunday, October 25, 2009

ကြုံရဆုံရ (ရေး/ထောက်) ဗိုလ်ကြီးဘဝ
ဆောင်းပါးရှင် - ဗိုလ်ေAာင်မြေ
စာဖတ်ပရိတ်သတ်များခင်ဗျား

စစ်တက္ကသိုလ် ကျောင်းဆင်း Aရာရှိ တစ်Uီး ပင်တိုင်ဆောင်းပါးရှင် ဗိုလ်ေAာင်မြေက တပ်မတော်ရဲ့ Aခြေခံ Aကျဆုံး Aဖွဲ့Aစည်းဖြစ်တဲ့ တပ်ရင်းတစ်ရင်း မှာ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ထောက်ဗိုလ်ကြီး ဘ၀တွေကို ကြုံတွေ့ခဲ့ရပုံAတွေ့Aကြုံများ ၊တပ်ရေးဗိုလ်ကြီးနဲ့ တပ်ထောက်ဗိုလ်ကြီးတို့ရဲ့ တာဝန်တွေဟာ တပ်ရင်းတစ်ရင်းရဲ့ Aရာရှိ/စစ်သည်

များ၏ ရာထူးတိုးမြှင့်မှု ၊ ပင်စင် ခံစားခွင့်၊ လစာ ၊ နှစ်တိုးလစာ၊ ရိက္ခာစိုငွေ၊ သင်တန်း၊ မှုခင်း၊ ရိက္ခာ၊ စစ်ဝတ်ပစ္စည်း၊

လက်နက်ခဲယမ်း၊ ဆေးခန်း၊ Aဆောက်AUီးလိုင်းခန်း စတဲ့ Aရေးပါသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရသည့်

စစ်Uီးစီး Aရာရှိတာဝန်များ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ Aထိုက်Aလျှောက် လုပ်ပိုင်ခွင့် တာဝန်ကိုတော့ မပေးပဲ

လောဘရမ္မက် ကြီးနေသော တပ်ရင်းမှူးက ချုပ်ကိုင်ထားပုံတွေကို ဆောင်းပါးAဖြစ် စည်းလုံးခြင်းရဲ့Aင်Aား

ဝက်ဘ်ဆိုဒ်သို့ ရေးသားပေးပို့လာပါတယ်။ ဤသို့ ပေးပို့လာတဲ့Aတွက် ပင်တိုင် ဆောင်းပါးရှင် ဗိုလ်ေAာင်မြေAား

ကျွန်တော်ကိုဖိုးတရုတ်မှ Aထူး ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ရင်း စာဖတ်ပရိသတ်များကို တင်ပြAပ်

ပါတယ်ခင်ဗျား။

မြန်မာ့တပ်မတော်တွင် ဆိုရိုးစကားတစ်ခု ရှိပါသည်။ မည်သူက မည်သည့်သဘောနှင့် ပြောခဲ့သည်ကိုတော့ မသိပါ။

လက်ရှိ မြန်မာ့တပ်မတော် AခြေAနေနဲ့ကတော့ သွေးထွက်ေAာင် မှန်နေပါသည်။ ထိုဆိုရိုးစကားမှာ

“တပ်ရေးဗိုလ်ကြီးနှင့် တပ်ရင်းမှူးဆိုသည်မှာ လင်မယားဖြစ်ပါသည”် တဲ့။ ကျွန်တော် တပ်ရေးဗိုလ်ကြီးဖြစ်ကာစ

Aတွေ့Aကြုံများကို ညီငယ်AရာရှိများAတွက် ပြောပြချင်ပါသည်။ တပ်မတော်ထဲတွင် ကျွန်တော့်ကဲ့သို့ ကြုံခဲ့ရသော၊

ကြုံနေရသော AရာရှိများAတွက် စေတနာရှေ့ထား၍ ရေးသား လိုက်ရပါသည်။

ကျွန်တော်နှင့် ကျွန်တော့် တပ်ရင်းမှူးကတော့ မချစ်မနှစ်သက်ဘဲ မိဘက Aတင်းပေးစားသဖြင့် ယူလိုက် ရသော

လင်မယားများသာ ဖြစ်လေသည်။ ကျွန်တော်တို့တပ်သည် Aလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းထဲတွင်

ပါဝင်သော တပ်ရင်းတစ်ခုဖြစ်သည်။ ၂၀၀၃ ခုနှစ် Aတွင်းတွင် ကျွန်တော်သည် မAူမလည်ဖြင့် မထင်မှတ်ဘဲ

တပ်ရေးဗိုလ်ကြီးဘ၀သို့ ရောက်လာခဲ့ရပါသည်။

Aကြောင်းက တပ်ထဲတွင် တပ်ရင်းမှူးပြီးလျှင် ကျွန်တော့်ထက် စီနီယာကျသော Aရာရှိများ မရှိသော ကြောင့်ဖြစ်သည်။

Aရင် တပ်ရေးဗိုလ်ကြီးမှာ တပ်ပြောင်းပါသွားသဖြင့် တပ်ရင်းမှူးမှာ မယား (တပ်ရေးဗိုလ်ကြီး) မရှိဘဲ ၃ လလောက်

နေလိုက်သေးသည်။ တပ်ရေးဗိုလ်ကြီး မရှိလေ သူ့Aတွက် ကောင်းလေဖြစ်သည်။ သို့သော် တိုင်းမှ AဆူAဆဲ၊

မာန်မဲခြင်းကို မခံနိုင်သောAခါမှ ကျွန်တော့်Aား တပ်ရေးဗိုလ်ကြီး ဖြစ်စေသတည်း ဆိုပြီး ရုံးခန်းသော့

ပေးလေတော့သည်။ ကျွန်တော့်မှာ တပ်ရေး ဗိုလ်ကြီးဆိုသော်လည်း တပ်ထောက်ကိုပါ တွဲကိုင်ရသဖြင့်

ရေး/ထောက်ဗိုလ်ကြီး ဖြစ်လာသည်။ တနည်းAားဖြင့် ဆိုရသော် မိဘက Aတင်းပေးစားသဖြင့်

Aိမ်ထောင်ပြုလိုက်ရသော Aိမ်ထောင်ရှင်မ ကဲ့သို့ ဖြစ်လာပါသည်။

“မရွယ်ဘဲ စော်ကဲမင်းဖြစ်” လာသော ကျွန်တော်သည် တပ်ရေးဗိုလ်ကြီး ဖြစ်ပြီဆိုသော်လည်း ရေး-ထောက် Aလုပ်ကို

မယ်မယ်ရရ မလုပ်ရဘဲ ၀င်စာ၊ ထွက်စာ လက်မှတ်ထိုးခြင်း၊ မနက်တန်းစီ တန်းAပ် လက်ခံခြင်း၊ လုပ်Aားပေး (Fatigue)

Aလုပ်များ ခွဲဝေပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိစ္စရပ်များကို စစ်ဆေးရခြင်း စသည်တို့ကိုသာ

ဆောင်ရွက်ရလေသည်။

2

တပ်ရေးဗိုလ်ကြီး၏ ပင်မAလုပ်ဖြစ်သော တပ်ဆောင်ငွေကိစ္စ၊ ရေး-၂ တပ်ကြပ်ကြီးစာရေး၊ တပ်စာရင်းကိုင် (UA) တို့နှင့်

ညှိနှိုင်းပြီး ငွေစာရင်း ရေးဆွဲခြင်းနှင့် တပ်၏ပြင်ပစီးပွားရေး A လုပ်များကို ဘာမှ မလုပ်ရပေ။ ငွေစာရင်းကို

တပ်ရင်းမှူးကိုယ်တိုင် ရေးဆွဲသည်။ တပ်ပြင်စီးပွားရေးA တွက် သက်ဆိုင်ရာ တာဝန်ခံများနှင့် သူကိုယ်တိုင် စီမံခန့်ခွဲသည်။

ကျွန်တော့်မှာ တပ်ကြပ်ကြီးစာရေး (ရေး-၂) လုပ်ငန်းတာဝန်နှင့် ပတ်သက်သော ကိစ္စဆိုလျှင် ဘာမှမသိပါ။ သို့သော်

ထိုကိစ္စများကို ကျွန်တော် မလုပ်ရသော်လည်း ရှောင်လွဲ၍မရသော ပြဿနာမှာ တပ်ရင်းမှူးက သူ့စိတ်တိုင်းကျ

ငွေစာရင်းရေးဆွဲပြီးပါက တပ်ရေးဗိုလ်ကြီး လက်မှတ်ရေးထိုးရမည့် နေရာတငွ် ကျွန်တော့်ကို လက်မှတ်ရေးထိုးစေသည်။

ကျွန်တော့်A နေနှင့် ဘာမှ A ထွန့်မတက်ဝံ့။

တစ်နေ့တစ်နေ့ ရုံးတွင် ကျွန်တော့်A တွက် လုပ်စရာA လုပ်က သိပ်မရှိ။ မနက်ပိုင်း တန်းစီကိစ္စပြီးလျှင် ထွက်စာများ၊

ကြေးနန်းများကို လက်မှတ် ရေးထိုးပြီးလျှင် ပြီးပြီ။ ကျန်တာ ဘာမှမရှိတော့။ ကျွန်တော်ကလည်း ထိုA လုပ်များပြီးလျှင်

သက်သာဆိုင်သွားကာ စစ်တုရင် ထိုးနေတတ်သည်။ နေ့လည်နေ့ခင်း ထမင်းစားပြီးပါက ကိုယ့်ရုံးခန်းထဲတွင်

ကုလားထိုင်ပေါ်၌ ဖင်လျှောထိုင်ပြီး ကုလားသေ ကုလားမော Aိပ်သည်။ ညနေစောင်းလျှင် ခြင်းခတ်၊ ဘောလုံးကန်။

ညဘက် ၀င်စာများဖတ်။ လက်မှတ်ထိုးသင့်တာထိုး။ တပ်ရင်းမှူးထံ တင်ပြရမည့် ဟာများကို ဖယ်ထုတ်။

မှတ်ချက်ရေးဖို့ကတော့ မရေးဝံ့၊ သိရှိနိုင်ပါရန် တင်ပြA ပ်ပါသည်၊ ဤမျှသာ..။ တပ်ရင်းမှူးကလည်း ဘာမှမပြော။

သူလုပ်ချင်တာ လုပ်နေရလျှင်ပြီးပြီ။

ကြာသော် ကျွန်တော်လည်း တပ်မှာ မပျော်တော့။ ရှေ့တန်းကို လိုက်ရမည့် A ခွင့်A ခါကိုသာ မျှော်နေမိတော့သည်။

တစ်နေ့တစ်နေ့ သက်သာသည် ဆိုသော်လည်း တပ်ရင်းမှူး၏ ငွေစာရင်းA ရ ကိန်းဂဏန်းများ A ချက်A လက်များနှင့်

စပ်လျU်းပြီး စာရင်းလိမ်စU်များကို ရေး-၂ စာရေးက ပြောပြထား၍ သိနေပေပြီ။ ကျွန်တော်က တစ်နေ့သောA ခါ ရေး-၂

စာရေး ၀င်လာ၍ မေးခဲ့ဖူးပါသည်။ ခွင့်မဲ့ပျက်ကွက် စစ်သည်များကို A ထက်ဌာနသို့ စာရင်းမတင်ပဲ လိမ်ညာမည့်ကိစ္စမှာ

A ဆိုပါ စစ်သည်များ A ခြားနေရာ၌ ပြဿနာလုပ်ပါက ဘယ်လိုလုပ်မလဲဟု မေးရာ ရေး-၂ စာရေးက ခေါင်းတွင်တွင်ခါပြီး

ကျွန်တော်လည်း ဗိုလ်ကြီးလိုပဲ တပ်ရင်းမှူးကို တင်ပြခဲ့ပြီးပြီ၊ သူက လက်မခံတော့ သူ့ထိုက်နဲ့သူ့ကံပေါ့ ဗိုလ်ကြီးရာလို့

တွင်တွင်ညည်းပါသည်။ ကျွန်တော်ကတော့ ခင်ဗျားနဲ့ ကျွန်တော်ရော သူA မှုဖြစ်ခဲ့ရင် မပါပဲ လွတ်သွားဖို့ လိုတယ်။

တော်ကြာ ကျွန်တော်တို့ နှစ်ယောက် ပဲလှော်ကြား ဆားညှပ်ပြီး ကန့်လန့်ကန့်လန့် ဖြစ်နေမယ် လို့ ပြောလိုက်ပါသည်။

နောက်ပြီး စစ်သည်များ၏ ခွင့်မဲ့လစာများနှင့် ကျန်နေရစ်ခဲ့သော ငွေစုစာAုပ်များကလည်း တပ်ရင်းမှူး သဘောA တိုင်း

ဗီရိုထဲတွင် သိမ်းပေးထားရသည်။ ခွင့်မဲ့ပျက်ကွက် စစ်သည်များ စာရင်းကို တိုင်းစစ်ဌာနချုပ်သို့ မတင်ဘဲ ခွင့်မဲ့လစာများကို

တပ်ရင်းမှူးကိုယ်တိုင် ဂွင်ရိုက်သည်။ သို့သော် စစ်သည်A င်Aား၊ လစာကိစ္စတို့ တင်ရသည့်A ခါ ကျွန်တော်က တာဝန်ခံပြီး

လက်မှတ်ထိုးနေရသည်။ ကြာလျှင် ကျွန်တော် A ချောင် ထောင်ကျသွားနိုင်သည်။

နောက်ပြီး တပ်ရင်းမှူးက တပ်ပိုင်ကားများကို A သုံးပြုပြီး ဆန်၊ ပဲ၊ သစ်ခေါက်၊ ၀ါးစသည်တို့ကို ဒေသခံ ကုန်သည်များနှင့်

ပေါင်းပြီး ကယ်ရီလုပ်သည်။ ရသမျှငွေကို သူ့Aိတ်ထဲထည့်သည်။ စစ်သည်များA တကွ် A ပိုဆောင်း ထောက်ပံ့ရမည့်

ဆန်၊ ငွေများကိုလည်း မထောက်ပံ့။ ယုတ်စွA ဆုံး ဈေးကား ပေးရမည့်နေ့တွင်ပင် မပေးတော့။ ကျောင်းကားကလည်း

ပေးချင်သည့်နေ့မှ ပေးသည်။ ရသမျှ သူA ကုန်ယူ ဓါတ်ဆီတစ်စက်မှ မပေးချင်။ စစ်သည်မိသားစုများ မကျန်းရေး

မနာရေးA တွက် ကားတောင်းလျှင်လည်း တော်တော်နှင့်မရ။ ဤA ကြောင်းနှင့် ပတ်သက်ပြီး ဆက်လက်

ဖော်ပြရပေUီးမည်။

စာရင်းစစ် ၀င်သည့်A ခါ ရုံးတစ်ရုံးလုံး ပြာနေသောကြောင့် ကျွန်တော်က နားမလည်ဘဲ ရုံးAုပ်နှင့် တပ်ကြပ်ကြီး

စာရေးတို့ကို ဘာလို့ ပြာနေရတာလဲဟု မေးလိုက်မိပါသည်။

3

သူတို့က ဗိုလ်ကြီးရယ် စာရင်းစစ်က A ရေးကြီးပုဂ္ဂိုလ် (VIP) ထက် ပိုကြောက်ရတယ်လို့ ပြောပါသည်။ A ဆင်မသင့်ရင်

တပ်ရင်းမှူးA ပြင် ကျွန်တော်တို့ပါ တစ်ခါတည်း ဆွမ်းကြီးလောင်း ဂျောင်းသွားနိုင်တယ် လို့လည်း ပြောဆိုကြပါသည်။

ထိုA ခါကျမှ ကျွန်တော့်မှာ နဖူးရိုက်ကာ ကိုယ့်ကိုယ်ကို သေဖို့သာပြင်ဆိုပြီး လေပူကြီး မှုတ်ထုတ်လိုက် ရပါတော့သည်။

မကြာမီ A ချိန်ကာလA တွင်း တပ်ရင်းမှူးက ကျွန်တော့်Aား ခေါ်သောA ခါ စိတ်လေစွာနှင့် ရုံးခန်းA တွင်းသို့

ဝင်သွားမိပါသည်။ တပ်ရင်းမှူးက ငွေပေးပြီး ထိုငွေနှင့်ပြီးစီးေAာင် စာရင်းစစ်နှင့် ညှိပေတော့ဟု မျက်နှာလွှဲ

ခဲပစ်လုပ်လေသည်။ ထိုရက်ပိုင်းတွင်တော့ တပ်ရင်းမှူးက ကျွန်တော့်ကို ညီလေး၊ ညီလေးနှင့် ပါးစပ်ဖျားကကို မချတော့ဘဲ

လေပြေသွေးပါတော့သည်။

စာရင်းစစ်က ဟိုဟာ၊ ဒီဟာ ဆိုလာလျှင် ကျွန်တော့်မှာ နေစရာမရှိတော့။ ရုံးA ဖွဲ့က A မှုတွဲကိုင် ဆရာများကိုသာ

Aားကိုးရတော့သည်။ သူတို့ရှိနေ၍သာ။ မဟုတ်လျှင် ကျွန်တော့်မှာ ပျားတုပ်တာထက် ခံရဆိုးသွားနိုင်သည်။ သို့သော်

စာရင်းစစ်များကို ကျွေးမွေးရန်နှင့် လက်ဆောင်ပေးရန် A တွက် တပ်ရင်းမှူး ပေးသောငွေနှင့် မလောက်သောကြောင့်

ထုံးစံA တိုင်း မိဘဆီက ငွေမှာပြီး A လုပ်A ကျွေးပြုရလေသည်။

စာရင်းစစ်ပြန်လျှင် ကျွန်တော့်မှာ ငွေထုပ်ပိုက်၍ စာရင်းစစ်ရောက်နေသည့် A ခြားတပ်တစ်ခုသို့ လိုက်ရသည်။

တပ်ရင်းမှူးက စာရင်းစစ်ကန့်ကွက်ချက် လုံးဝမရှိစေနဲ့။ေAာက်ခြေမှာ ပြီးပြတ်ေAာင်ရှင်းဟု တချက်လွှတ်

A မိန့်ပေးထားသည်။ ကျွန်တော့်မှာ A ကူစာရေးတစ်ယောက်ကို ခေါ်ပြီး စာရင်းစစ်များကို လက်ဆောင် ပေးတန်ပေး။

မျက်နှာေAာက်ချပြီး ဒါလေးက မသိလို့ပါခင်ဗျာဟု တောင်းပန်ရနှင့် တပ်မတော်၏ သဘောထား A မှန်ကို

လည်စင်းခံနေရသည်။

စာရင်းစစ်ကိစ္စပြီးပြတ်လို့ တပ်ရင်းမှူးထံ ကုန်ကျစရိတ် ရှင်းတမ်းတင်တော့ Aိတ်စိုက်ငွေတွေက တစ်ပြားမှ ပြန်မရပေ။

မAူမလည်နှင့် တပ်ရေးဗိုလ်ကြီးဖြစ်လာသော ကျွန်တော့်မှာ တပ်ရင်းမှူး လူလည်ကျသမျှ ခံရလေတော့သည်။

သားတစ်ယောက် ဗိုလ်လောင်းတက်နေတော့ A မေက နားကပ်တစ်ဖက်ပြုတ်သည်။ A ရာရှိဖြစ်တော့

Aိမ်ပါပေါင်လိုက်ရသည် ဆိုသလိုပင်၊ ကျွန်တော့်မှာ Aိတ်စိုက်ငွေက မိဘဆီက လက်ဖြန့်တောင်းထားရသည့်

ငွေများသာဖြစ်သည်။ တပ်ရင်းမှူးထံမှ ငွေကိုလည်း A တင်းတောင်းလို့ ဖြစ်သည်မဟုတ်။ တပ်ရင်းမှူးက ကျွန်တော့်ကို

ရှေ့တန်းမထည့်ဘဲ ကျည်လွတ်မြေမှာ ခေါ်ထားတဲ့ကျေးဇူး ပြန်ဆပ်ရမလို မျက်နှာထားနဲ့ ကြည့်ကြည့်နေတော့

ထပ်ပြီးတပ်ရင်းမှူးကို ကျွန်တော်ကဘဲ ကန်တော့ရမလို ဖြစ်နေပါသည်။

တပ်မတော်ထဲတွင် မAူမလည်နှင့် ထောင်ကျသွားသော တပ်ရေးဗိုလ်ကြီးများ၏ ဖြစ်စU်များကိုလည်း တွေ့မြင်ဖူး၍

ကျွန်တော့်မှာ သာ၍ပင် စိတ်ညစ်နေမိသည်။ ရုန်းထွက်နိုင်ဖို့ နည်းလမ်းလည်း မမြင်ပေ။ ထို့ကြောင့် A ရေးကြုံလျှင်

ဖြေရှင်းနိုင်မည်ထင်၍ နေ့စU်မှတ်တမ်းရေးသည့် A ခါတွင် တပ်ရင်းမှူး၏ လူလည်ကျ သည်တို့ကို A တိA ကျ

ရေးသားထားသည်။ ပြေစာများ စာရွက်စာတမ်းများ တင်ရင် သူက တစ်ခါတစ်လေေAာက်ကိုပြန်မချပေးပဲ၊

ဖျောက်ဖျက်တတ်တာမို့ မိတ္တူA ပိုတစ်စုံ ဆွဲထားရသေးသည်။ သူ့ရဲ့နှုတ်မိန့်ကိုလည်း တစ်ခါတစ်လေ မှတ်စုစာAုပ်၌

ရေးမှတ်ပါကေAာ်ငေါက်တတ်တာမို့ ကက်ဆက်A သေးစားလေးနှင့် A င်္ကျီA တွင်းခံထဲတွင် ထည့်ပြီး

ခိုးဖမ်းထားရသေးသည်။ မပြောကောင်း မဆိုကောင်း စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့ခံရပါက တင်ပြနိုင်ေAာင်

4

ပြင်ဆင်ထားခြင်းဖြစ်သည်။ ထောင် ၅ နှစ် ကျမည့်A စား ၂ နှစ်လောက်တော့ လျှော့ပေါ့သွားနိုင်သည် ဆိုသော A တွေးနှင့်

ဖြစ်ပါသည်။

တစ်နေ့ ကျွန်တော် ကကကြည်းသို့ တာဝန်တစ်ခုဖြင့် သွားရသည်။ ကကကြည်းတွင် ၄ ရက်ခန့်ကြာပြီးနောက်

ကျွန်တော့်တပ်သို့ ပြန်လာသည်။ ကျွန်တော်စီးလာသော ကားက မနက် ၃ နာရီခန့်တွင် ကျွန်တော်တို့ တပ်ရှိရာ

တိုက်နယ်မြို့လေးသို့ ရောက်သည်။ ကျွန်တော့်ကို တပ်ရင်းမှ A ကြိုလွှတ်ထားသော ကားရောက်နေသဖြင့်

ကျွန်တော့်တပ်ရင်းမှ ကားနှင့် ခရီးဆက်ရပြန်သည်။ တပ်ရင်း A ၀င်ဂိတ်မှာ လန်ဂျန်းတစ်စီး မှောင်မှောင်မဲမဲထဲတွင်

ရပ်ထားသည်ကို တွေ့သဖြင့် ကားမောင်းသည့် ဆရာAား A ကျိုးA ကြောင်း မေးကြည့် မိသည်။ ကိုယ့်ဆရာ(တပ်ရင်းမှူး)

က နာရေးကားဖြစ်နေလို့ တပ်ထဲကို A ၀င်မခံတာပါ။ ဗိုလ်ကြီး ခဏနေရင် သိလိမ့်မယ် ဟု ပြောသဖြင့်

ပဟေဠိဖြစ်ရသေးသည်။

တပ်ထဲရောက်တော့ ရိပ်သာမသွားတော့ဘဲ စာရေးများ ရုံးခန်းထဲသို့ဝင်ပြီး ပစ္စည်းများချကာ စားပွဲပေါ်တွင်

ခဏလှဲနေမိသည်။ မှေးခနဲ ပြန်Aိပ်ပျော်သွားပြီး A ယုတ္တ၊ A နတ္တ ဆဲဆိုသံများA ပြင် A ခြားလူများ၏ A သံကိုပါ

ကြားရသဖြင့် လန့်နိုးလာရသည်။ ရုံးA ပြင် ထွက်ကြည့်တော့ ဆဲဆိုနေသော ဒုတပ်ကြပ်----၊ တပ်ရင်းA ရာခံဗိုလ်

ဆရာကြီးနှင့် တာဝန်မှူး A ရာရှိကိုပါ တွေ့ရတော့ မေးရမြန်းရ လုပ်ရသည်။ ပြဿနာက ဤသို့ဖြစ်သည်။

ဒုတပ်ကြပ်----၏ ၇ နှစ်ခန့်ရှိသော သမီးလေးက ငှက်ဖျား ဖြစ်ပြီး A ပူပြင်းထန်သောကြောင့် တာဝန်မှူးနှင့် ထိုဆရာက

တပ်ရင်းမှူးထံသို့ ဆေးရုံသွားရန် ကားတောင်းသည်။ မဆရ ဆေးရုံက တပ်နှင့် မိုင် ၄၀ လောက်ဝေးသည်။ သို့သော်

တပ်ရင်းမှူးက ကားမAား၍ မပေးနိုင်ကြောင်း နောက်နေ့ထိ စောင့်ရန် ပြော၍ ဟူသတည်း။ ကားမပေးနိုင်သော

A ကြောင်းမှာ တပ်ရင်းမှူးက သစ်ခေါက် ကုန်ပို့ရန် ရှိနေသောကြောင့် ဖြစ်သည်တဲ့။ ဆိုတော့… ဇာတ်လမ်းA ဆုံးမှာ

ကားပေးရန် နောက်ကျသောကြောင့် နောက်တစ်နေ့ကျမှ ဆေးရုံA ပို့ ကလေးက လမ်းမှာတင် A သက်ဆုံးသွား

ရရှာသည်။

ထို့ကြောင့် ထို ဆရာ ဒုတပ်ကြပ်----က ဆေးရုံမှ ပြန်ရောက်ကတည်းက မူးနေေAာင်သောက်ပြီး တပ်ရင်းမှူး Aိမ်ရှေ့တွင်

တစ်ညလုံး ကလော်တုတ်နေခြင်း ဖြစ်သည်။ မည်သူမျှထိန်း၍ မရ။ A ခုလည်း မနက်စောစောစီးစီး မူးပြီး

လာဆဲနေခြင်းပင်။ ကျွန်တော့်ကိုမြင်တော့ ထိုဆရာက ဖက်ပြီး ဗိုလ်ကြီးရယ် ကျွန်တော့်သမီးလေး မသေသင့်ဘဲ

သေရရှာတယ်ပြောကာ ငိုနေလေသည်။ ပြီးတော့ တပ်ရင်းမှူးAိမ်နားသို့ ပြေးသွားကာ ငါနှင့် ကိုင်တုတ်ကာ

ဆဲပြန်လေသည်။ ကျွန်တော့်မှာ စောစောစီးစီး ခေါင်းများနောက်ကာ ဘယ်ကနေ ဘယ်လို ဖြေရှင်း ရမှန်းမသိဖြစ်နေသည်။

တပ်ရင်းမှူးမှာ Aိမ်ထဲမှ Aိမ်ပြင်ထွက်ဖို့ နေနေသာသာ A သံပင် မကြားရပေ။ A င်းလေ..။ သူ့A ပြစ်နဲ့သူ ဆိုတော့လဲ

ရှိပေUီးမပေါ့။ ကိုယ့်မှာသာ ခရီးရောက်မဆိုက် စိတ်မကောင်းစရာ သတင်းများကို ကြားရသဖြင့် A မောဆို့မတတ်

ဖြစ်နေရသည်။

နောက်တစ်နေ့မှာ တပ်ရင်းမှူးက မျက်နှာငယ်လေးဖြင့် ဒီဆရာA တွက် စိတ်မကောင်းကြောင်း၊ A လောင်း မြေကျသည်

A ထိ တပ်ရေး ဗိုလ်ကြီးက ဆောင်ရွက် ပေးရန် A မိန့်ပေး လာသည်။

ကျွန်တော့်A နေနှင့် တပ်ရင်းမှူး မပြောလဲ လုပ်ပေးရမည့် တာဝန်ရှိနေသောကြောင့် နာရေးA တွက်

တတ်နိုင်သမျှဆောင်ရွက် ပေးလိုက်ပါသည်။ ကျွန်တော်တို့ တပ်ရင်းရှိသည့် ဒေသသည် ငှက်ဖျားA လွန်ပေါသော

5

ဒေသဖြစ်သဖြင့် စစ်သည်များသာမက Aိမ်ထောင်သည် ရဲမေများ၊ ကလေးများပါ A ဖိတ်A စင်များလှသည်။

တိုင်းစစ်ဌာနချုပ်မှ ငှက်ဖျားကာကွယ်ရေးA တွက် စီမံချက်များ ရေးဆွဲခိုင်းသော်လည်း တပ်ရေးဗိုလ်ကြီး ကျွန်တော်သာ

လက်ညောင်းသည်။ စီမံချက်ပါA တိုင်း စစ်သည်များ ကိုယ်စီ ခြင်ထောင်ရှိရေး၊ ပယ်ရီဇင်း ငှက်ဖျားကာကွယ်ဆေး

မှန်မှန်တိုက်ကျွေးရေးတို့ကား ဖြစ်မလာ။ ဂလူးဂို့စ် Aားဆေးရည် ပုလင်းကြီးများ ၊ မက်ဖလိုကွင်းနှင့် Aာဒီမီတာ

ငှက်ဖျားကာကွယ်ဆေးကို လည်း တပ်ရင်းမှူးက ရောင်းစားသည်။ တကယ် A သည်းA သန်ဖြစ်လာပြီ၊

ဆေးရုံပို့ရတော့မည်ဆိုသော်လည်း ကားက A ချိန်မှီမပေး စသည့် ဖြစ်စU်များကို ခဏခဏ ကြုံနေရသည်။

ကျွန်တော့်မှာ တပ်ရေးဗိုလ်ကြီးဆိုသော်လည်း ဘာလုပ်ပိုင်ခွင့်မှ မရှိသောကြောင့် A ရာရာကို တပ်ရင်းမှူးထံတင်ပြပြီး

ခွင့်ပြုချက် တောင်းနေရသည်။ တစ်ခုကောင်းသည်မှာ တပ်ရင်းတစ်ခုလုံးက ကျွန်တော် တပ်ရေးဗိုလ်ကြီး

လုပ်ပိုင်ခွင့်မရှိသည်ကို သိသောကြောင့် ခံစားမှုချင်း ထပ်တူကျသည်။ ကျွန်တော် စိတ်ညစ်နေလျှင် တပ်ရင်းA ရာခံဗိုလ်က

ကျွန်တော့်ကို သားမောင်တစ်ယောက်သဖွယ် တပ်မတော်က A ရာရှိဆိုးများ A ကြောင်းကို ပြောပြတတ်သည်။

တပ်မတော်ထဲမှာ နေသမျှကာလပတ်လုံး ကြုံတွေ့ရမည်၊ ရှောင်လွှဲ၍ မရနိုင်စသည်များကို ပြောပြသည်။ ထိုကဲ့သို့

လုပ်သက်ရင့် ဆရာကြီးများ၏ Aားပေးစကားများနှင့် ကျွန်တော် Aူကြောင်ကျား တပ်ရေးဗိုလ်ကြီး

ဘ၀ကိုဖြတ်သန်းရသည်။ ကျွန်တော့်A နေနှင့် လုပ်ပိုင်ခွင့်မရှိသည့် ကြားက ကြံဖန်ပြီး စစ်သည်များA တွက်

သက်သာချောင်ချိရေးလုပ်ပေးနေသောကြောင့် တပ်ရင်းမှူးမှ A ပ ကျန်လူများက ကျွန်တော့်ကို ချစ်ကြသည်။

နားလည်ပေးကြသည်။ တပ်မတော်ထဲမှာ လက်ေAာက် ငယ်သားများ၏ နားလည်ပေးခြင်းကို ခံရခြင်းမှာ

A လွန်ရှားပါသည်။

လုံးဝမထင်မှတ်ထားသော A လုပ်တစ်ခုကို တပ်ရင်းမှူးကလုပ်သွားသေးသည်။ ထိုသို့လုပ်လိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။

လုပ်လဲမလုပ်သင့်ပေ။ ဤA ဖြစ်A ပျက်မှန်မမှန်ကို ကာယကံရှင် A ရာရှိ ၅ ယောက်သာသိပေလိမ့်မည်။ တစ်နေ့

တပ်ရင်းမှူးက A မျိုးသမီးငယ် ၁၀ ယောက်လောက်ကို တပ်ကကားနှင့်ခေါ်လာပြီး တပ်ရင်းမှူးရုံးခန်းထဲတွင် စပါယ်ရှယ်

နေ့လည်စာကျွေးသည်။ ကျွန်တော်A ပါA ၀င် A ရာရှိ ၃ Uီးကိုလည်း ခေါ်ပြီး ထိုA မျိုးသမီးများက ဘယ်ဌာန၊

ဘယ်ရာထူးစသည်ဖြင့် မိတ်ဆက်ပေးပြီး ကျွန်တော်တို့ကို စားပွဲထိုးခိုင်းသည်။ ကျွန်တော်က ထိုA မျိုးသမီးများကို

A ကဲခတ်ကြည့်ရာ တပ်ရင်းမှူးပြောသည့် A တိုင်း ဌာနဆိုင်ရာဝန်ထမ်းပုံလဲမပေါက်။ ပြီတီတီရုပ်တွေနှင့်။ Aိနြေ္ဒမရ

ဖြစ်နေသောကြောင့် ညီငယ် ၃ ယောက်ကို မင်းတို့ဟာ မင်းတို့ စားပွဲထိုးချင်ထိုး…။ ငါတော့ မလုပ်နိုင်ဘူးဆိုပြီး

ကိုယ့်ရုံးခန်းကိုယ်ပြန်လာခဲ့သည်။ နောက်မကြာပါ။ ကျွန်တော်တို့ A ရာရှိတစ်စု မြို့ပေါ်တက်ပြီး

ဘီယာသွားသောက်ကြတော့ ….လား…လား…လား ထိုဌာနဆိုင်ရာမှဆိုသော A မျိုးသမီးတစ်စုကို ဘီယာဆိုင်တွင်

တွေ့လိုက်ကြရသည်။ သူတို့က ဘီယာဆိုင်က A ဆိုတော်တွေ ဖြစ်နေသည်ကိုး။ ကျွန်တော်တို့မှာ ရှက်လဲရှက် ဒေါသလဲ

ဖြစ်ပြီး ချက်ချင်းဆိုင်မှ ပြန်ထွက်လာခဲ့ရသည်။

လကုန်၍ ဘဏ်တွင် စစ်သည်များA တွက် လစာငွေထုတ်ဖို့A တွက်ပင် ကျွန်တော်သွားစရာမလိုပေ။ တပ်ရင်းမှူးကိုယ်တိုင်

ဘဏ်သို့သွားသည်။ ဘဏ်ကပြန်ရောက်လာလျှင် ငွေထုပ်ပိုက်ကာ Aိမ်ကိုတန်းသွားသည်။ ခွင့်မဲ့စစ်သည်များ၏

လစာများကို ပြန်နှုတ်ပြီးမှ ကျွန်တော့်ကို ခေါ်ကာ စစ်သည် လစာများကို ပေးစေသည်။ ကျွန်တော့်လို တပ်ရေးဗိုလ်ကြီးများ

ယနေ့တပ်မတော်ထဲတွင် မည်မျှရှိနေပြီ ဆိုသည်ကို မခန့်မှန်းတတ်ပါ။ သို့သော် တော်တော်များနေပြီဆိုသည်ကိုတော့

သိနိုင်ပါသည်။

နောက်ပိုင်းတွင် ကကကြည်းမှ သူငယ်ချင်းကို A ကူA ညီတောင်းပြီး စစ်ဆင်ရေးလိုက်ခဲ့ရသည်။

ကြာလျှင်မလွယ်တော့ပေ။ သူငယ်ချင်းကတော့ Aံ့သြနေသည်။ တပ်ရေးဗိုလ်ကြီးမလုပ်ချင်လို့ စစ်ဆင်ရေး သွားတဲ့ သူ

မင်းပဲရှိမယ်တဲ့။ ကျွန်တော် သူ့ကို တစ်ခွန်းပဲပြောခဲ့ပါသည်။ေAးကွာ..ကြာရင် ငါထောင်ကျတော့မယ် လို့။ ကျွန်တော်

ရှေ့တန်းရောက်ပြီး ၁ လပဲကြာမည်ထင်သည်။ ဗျူဟာရုံးမှ ခေါ်သော ကြောင့် သွားရသည်။ ဗျူဟာမှ သူငယ်ချင်းက

6

ကျွန်တော့်ကို ပြုံးပြီး စာရွက်တစ်ရွက်ပေးသည်။ စုံခုံ သက်သေခံA မှတ် - ၁ တဲ့။ ကျွန်တော်လန့်သွားသည်။

စာကိုသေချာပြန်ဖတ်ကြည့်တော့ ကျွန်တော့် တပ်ရင်းမှူးကို တိုင်ချက် ၂၃ ချက်နှင့် စုံခုံဖွဲ့နေသည်။ ကျွန်တော်က

တပ်ရေးဗိုလ်ကြီးဘ၀နှင့်နေခဲ့စU်A တွင်း A ကြောင်းများကို A စစ်ခံရခြင်းဖြစ်ပါသည်။ တိုင်စာကို တပ်ရင်းတစ်ရင်းလုံးနီးပါး

လက်မှတ်ထိုးပြီး တိုင်ထားခြင်း ဖြစ်ပါသည်တဲ့။ သို့သော်လည်း လူမိုက်ကံကောင်းဆိုသလို တပ်ရင်းမှူး မည်သို့မည်ပုံ

လုပ်လိုက်သည်မသိ။ တိုင်းမှူး သတိပေးဆုံးမပြစ်ဒဏ်နှင့်သာ ထိုA မှုကပြီးသွားသည်။ ကျွန်တော် ရှိနေခဲ့လျှင်တော့

တပ်ရင်းမှူးက ထိုထိုသော A ပြစ်များကို ကျွန်တော့်A ပေါ်များပုံချလေမည်လားဟု စU်းစားရင်းကျောချမ်းမိသေးသည်။

ကျွန်တော့်မှာ ရုံးA ဖွဲ့ကရုံးAုပ်ကြီးနှင့် စာရေးများ။ ဌာနဆိုင်ရာ တာဝန်ခံ ဆရာကြီးများ၏ ကူညီမှုကြောင့်သာ

ဘာမှမဖြစ်ခဲ့ရပါ။ နောင်တွင် တပ်ရေးဗိုလ်ကြီးဆိုလျှင် A င်မတန်ကြောက်နေပါပြီ။ တပ်ရေးဗိုလ်ကြီး ဖြစ်လာကြမည့်

ညီငယ်များကိုလည်း ဤကဲ့သို့ တပ်ရင်းမှူးနှင့် မကြုံပါစေနှင့်ဟု ဆုတောင်းပေးပါသည်။ ကြုံလာခဲ့လျှင်လည်း

ကိုယ့်နည်းကိုယ့်ဟန်နှင့် ရုန်းထွက်နိုင်ရန် ကြိုးစားကြပါ။ ယနေ့တပ်မတော်တွင် ခေါင်းဆောင်မပီသသော တပ်ရင်းမှူးများ

A လွန်များလာပြီဖြစ်ပါသည်။ ကိုယ်ကျိုးA တွက် လက်ေAာက်ငယ်သားများ၏ ဘ၀ကို စတေးပစ်ရန် ၀န်မလေးသော

ထိုတပ်ရင်းမှူးများသာ နောင်တစ်ချိန်တွင် A ထက်ရောက်သွားပြီဆိုပါက ကျွန်တော်တို့ ငှက်ပျောAူကိုက်ပြီး

စစ်တိုက်နေရမည့် ဘ၀များ လွတ်မြောက်နိုင်တော့မည်မဟုတ်ပါ။