Saturday, August 8, 2009

“ အောင်ပွဲဆီသို့ချီတက်စို့ ”
အခက်အခဲတချို့ကိုဝါးမျိုခဲ့ရင်း ဘ၀လမ်းမှာရခဲ့တဲ့ ဒဏ်ရာတချို့က ငါ့ယုံကြည်မှုတွေကို တွန်းအားတခုအဖြစ်ပေး ရှေ့ဆက်ဖို့အရေးတွေကို ပိုမိုခိုင်မာရှင်းလင်းလာအောင် အမှန်လမ်းကိုပြပေးခဲ့သပ့  ။ ဖြတ်သန်းလာခဲ့တဲ့ဘ၀ခရီးလမ်းတလျှောက်မှာတော့ ရှစ်လေးလုံးဆိုတဲ့ပြည်သူ့အရေးတော်ပုံကြီးကအစ ယခုအချိန်ထိတိုင်အောင် မေ့မရတဲ့အတိတ်တွေများစွာရခဲ့လည်း ငါတို့တတွေအတွက်ကိုတော့ နှစ်သိမ့်တဲ့လိုက်လျှောမှုလေးတခုတောင် ဒင်းတို့တွေက ကြည်ကြည်ဖြူဖြူလိုက်လျှောမှုမပေးခဲ့ သြော့့်  အာဏာကိုသေနတ်ပြောင်းက ထုတ်နေသူတွေ အလွန့် အလွန်ရက်စက်လှရဲ့  ။ မကျေဘူးဟေ့  မကျေဘူးကွ အတိတ်ဆိုတာ အရိပ်လိုလိုက်နေတယ် တချိန်က ငါ့မင်းငါ့ချင်းနဲ့ သေနတ်မိုးပြီး ထင်တိုင်းလုပ်ခဲ့တဲ့ မင်းတို့ရဲ့လုပ်ရပ်တွေကို ဒီနေ့မှာ ရီ ( ရယ် ) စရာ ဇတ်လမ်းတခုအဖြစ်လုပ်ပြစ်လို့မရ မင်းတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအတွက် ငါတို့မှာလည်း သက်သေအထောက်အထား အမြောက်အများနဲ့  ။ အနုပဋိလောမတောင်ငိုရမယ့် ငါတို့ရဲ့လက်တွေကျတဲ့ အတွေးအခေါ်အသိတွေနဲ့ ကမ္ဘာကြီးကိုငြိမ်းချမ်းအောင်လုပ်ဖို့ဆို ငါတယောက်တည်းနဲ့လည်းမရ မင်းတယောက်တည်းနဲ့လည်းမရ အများတကာဝိုင်းဝန်းကူညီမှ ကိုယ်ပိုင်ရပိုင်ခွင့်အခွင့်အရေးတွေအတွက်တော့ ကိုယ်တိုင်သတ္တိမွေးကြကာ သွေးခြင်းညီကြသူတွေလက်တွဲ ရဲရဲပဲတိုက်ပွဲဝင်ကြရမှာ သဘာဝ ပြည်သူလူထုရဲ့ဆန္ဒတွေကို ရေရှည်တားဆီးထားနိုင်တဲ့ ဘယ်ဖောက်ပြန်တဲ့အစိုးရမှ ကမ္ဘာပေါ်မှာမရှိသေးခဲ့ အောင်ပွဲဆီသို့ချီတက်ချင်ရင်တော့ ခင်ဗျားတို့ကျုပ်တို့ကိုယ်ပိုင်အသိတွေနဲ့ အကြောက်တရားတွေကိုရိုက်ချိုး သွေးခြင်းညီကြသူတွေလက်တွဲကာ ပျားအုံခံစားမှုမျိုးနဲ့ရှေ့ဆက်ချီရင် ကျုပ်တို့တတွေ အောင်ပွဲတွေဆီကိုဆက်ချီတက်နိုင်မှာအမှန်ပင့့်  ။ ဇာနည်မောင်