နယ်သာလန်နိုင်ငံရောက်မြန်မာမိသားစုများနှစ်သစ်မင်္ဂလာ ဆုတောင်းပွဲကျင်းပ

ဓာတ်ပုံပြေအေး


နယ်သာလန်နိုင်ငံရောက် မြန်မာမိသားစုများ နှစ်သစ်မင်္ဂလာ ဆုတောင်းပွဲအခမ်းနားကို Amsterdam,
Landsmeer မြို့ ရှိ ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ၁၀-၁-၂၀၀၉ ခုနှစ် နေ့လည်
၁ နာရီမှ ညနေ ၄နာရီအထိ အင်္ဂလန်နိုင်ငံမှ ဆရာတော်နှစ်ပါးအား ဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း၊
ဓမ္မတရားတော်နာကြားခြင်း၊ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကျသော ရဟန်းရှင် ကျောင်းသား
ပြည်သူ အပေါင်းအား ရည်စူး၍ ရေစက်ချ အမျှ အတမ်းပေးဝေခြင်း၊ ပြီးနောက် မြန်မာပြည်သူများနှင့် တကွ
ကမ္ဘာသူ ကမ္ဘာသားအပေါင်းအား ဆုတောင်းမေတ္တာပို့သခြင်းများပြုလုပ်ခဲ့ကြပါသည်။