Friday, May 7, 2010
Thursday, May 6, 2010
Myanmar opposition party looks beyond its closure
AP – Tin Oo, deputy leader of the detained pro-democracy leader Aung San Suu Kyi's National League for Democracy, …
YANGON, Myanmar – Leaders of democracy icon Aung San Suu Kyi's opposition party said Thursday they would continue working as a social movement after Myanmar's new election law forces its dissolution as a political party at midnight.
Officials at the National League for Democracy tidied their desks, locked their files in cupboards and padlocked the gate to their main office in Yangon at 4 p.m., a quiet end to a political party founded more than 20 years ago to challenge military rule.
The League won a 1990 election but the army refused to cede power. The party declined to register for elections planned sometime this year, a step that will force its dissolution at the midnight deadline. The party says the laws are undemocratic and unfair. Its non-registration is tantamount to an election boycott.
အသွင်ပြောင်းရေး ကိစ္စထပ်မံဆွေးနွေးရေး တြိဂံတိုင်းမှူးဖိတ်ခေါ်မှု မိုင်းလားတပ်ဖွဲ့ငြင်းဆန်

Thursday, 06 May 2010 20:08 သျှမ်းသံတော်ဆင့်
တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး
အသွင်ပြောင်းရေးကိစ္စ ဆက်လက်ဆွေးနွေးရန် မိုင်းလားတပ်ဖွဲ့အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသ စစ်တိုင်းရုံးဆင့်ခေါ် ခဲ့သော်လည်း ‘ဘာမှ ထူးခြားမှာ မဟုတ်’ ဟုဆိုကာ ထပ်မံသွားရောက် မဆွေးနွေးရန် ဆုံးဖြတ် လိုက်ကြကြောင်းစုံစမ်း သိရှိရပါသည်။
“တြိဂံတိုင်းမှူးကလကုန်လောက်ကတည်းက ခေါ်ထားတယ်။သွားသွားမသွားသွားဘာမှထူးခြားမှာ မဟုတ်ဘူး၊ကျနော်တို့ဘက်က အထူးလိုက်လျောထားတဲ့တောင်းဆိုချက် ၆ ချက်ကိုတောင်မှသူတို့လျစ်လျူရှုထား တာဘဲ၊သွားတိုင်း သူတို့ လိုအပ်ချက်ကိုဘဲ တဘက်သတ်ဖိပြောတော့ မသွားဖို့ ဆုံးဖြတ်ကြတယ်”-ဟု တပ်မှူး တဦးက ပြောကြောင်း အမည်မဖေါ်လိုသည့် ကျိုင်းတုံကားဆရာက ပြောပါသည်။
မေလ ၃ ရက်နေ့ ထပ်မံဆွေးနွေးကြရန် မိုင်းလားတပ်ဖွဲ့အား တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးးက လဆန်း ကတည်း က ဖိတ်ကြားထားသည်ဟုဆို၏။
ကြံ့ဖွံ့ပါတီကြီးလာချေပြီ
ဓာတ်ပုံမိုးမခမှ (ရဲဘော်ဖိုးသံချောင်း)
ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန်ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီဆိုတာကြီး ရွေးကောက်ပွဲခတ်ကွင်းထဲကို ဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရသလိုလိုပါပဲ။အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင်စနစ်ကနေ နောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင်အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်းပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက် အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။ Wednesday, May 5, 2010
ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်စေရေး ဖိလစ်ပိုင်တပ်မတော်က ချီတက်ဆုတောင်း
ငြိမ်းချမ်းသောရွေးကောက်ပွဲ ဖြစ်စေရေး ဆုတောင်းချီတက်ပွဲ တစ်ရပ်ကို ဖိလစ်ပိုင် လက်နက်ကိုင်တပ်ပေါင်းစုက မေလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ဖိလစ်ပိုင်တပ်များက အစိုးရနှင့် ဖွဲ့စည်းပုံကို ဆက်လက်သစ္စာရှိသွားမည်ဖြစ်ကြောင်း တက်ရောက်ခဲ့ကြသည့် စစ်သည်ထောင်ပေါင်းများစွာက ကတိသစ္စာပြုခဲ့ကြသည်။
ရာထူးမှအနားယူရတော့မည့် ဖိလစ်ပိုင်သမ္မတ အာရိုယိုနေရာဆက်ခံမည့်သူ ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲအပြီးတွင် အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်သည်၊ စစ်ဘက် က ၀င်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ချိန်၌ စစ်ဘက်ခေါင်းဆောင်များက ဆုတောင်းပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ်ဒယ်လ်ဖင်ဘန်ဂစ် အပါအ၀င်အဓိက စစ်ဘက်အရာရှိများ ပါတက်ရောက်ခဲ့ကြ သည်။
မြို့တော်မနီလာ၊ ဆင်ခြေဖုန်း၊ ကွီဇုန်မြို့ အဂီနယ်လ်ဒိုစစ်စခန်းတွင် ပြုလုပ်သော ချီတက်ပွဲ၌စစ်သည် များက ရိုးသား၊ စနစ်ကျပြီး ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်လာရေးအတွက် ဆုတောင်းခဲ့ကြပြီး စစ်တပ်၏ မည်သည့် ဘက်မျမလိုက်ဘဲ ရပ်တည်မည့် အခြေအနေကို ဖော်ထုတ် ပြသခဲ့ကြသည်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း အကွီနို၏သား ဘင်နစ်နိုနွိုင်နွိုင်အကွီနိုက ရေပန်းအစားဆုံးဖြစ်နေပြီး စီးပွားရေးလုပ်ငန်းရှင် မန်နီဗီလာက ဒုတိယနေရာတွင် ရှိနေသည်။
မူရင်း http://www.first-11.com/
Tuesday, May 4, 2010
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ
ဒယ်နီယယ် ပီဒါဆင် အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၃ မိနစ်
မဲဆောက် (မဇ္ဈိမ)။ ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBAတပ်ဖွဲ့ဝင်ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည်ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာလိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)သတင်း ရပ်ကွက်များက ပြောသည်။ ဒီကေဘီအေ စစ်သားများ အရှေ့ဘက်သို့ ထွက်ခွါလာနေရာ နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။‘ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပြန်လာနေသည်၊ သို့သော်တပ်မှူးများမပါ´ဟု KNLA သတင်းရပ်ကွက် များက ယမန်နေ့ညက ပြောသည်။
dkba army -
မဲဆောက် (မဇ္ဈိမ)။ ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBAတပ်ဖွဲ့ဝင်ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည်ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာလိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)သတင်း ရပ်ကွက်များက ပြောသည်။ ဒီကေဘီအေ စစ်သားများ အရှေ့ဘက်သို့ ထွက်ခွါလာနေရာ နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။‘ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပြန်လာနေသည်၊ သို့သော်တပ်မှူးများမပါ´ဟု KNLA သတင်းရပ်ကွက် များက ယမန်နေ့ညက ပြောသည်။မကြာသေးမီကပြုလုပ်ခဲ့သောနအဖ ၏တောင်းဆိုချက်များအပေါ် ဒီကေဘီအေ စစ်သားအများအပြား မကျေမနပ်ဖြစ်ကြပြီးအချို့ဘက်ပြောင်းလာသည်ဟုမိမိတို့ကြားကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ဒေးဗစ်တာကပေါ က ပြောသည်။
Subscribe to:
Posts (Atom)

