Monday, December 28, 2009

Hello နှစ်ထောင့်ကိုး(ကဗျာ)


Hello
၂၀၀၉(နှစ်ထောင့်ကိုး)
မင်္ဂလာပါ
နှုတ်ဆက်ပါတယ်။

ခင်ဗျားအတွက်လုပ်ထားတာလေးတွေပြောဖို့
စိတ်ကူးတောင်ပံတစုံပေါက်လာတယ်
မနက်စောစောစီးစီး
ကောင်းကင်ထဲကိုခြေရာတွေထပ်နေအောင်ပျံလိုက်တယ်။

အဲဒါဘာဖြစ်လဲ ပျံမှာသာပျံစမ်းပါဗျာ။

ခင်ဗျားအသံတွေက ဒီနေ့လေးနေပါလား။

လေးဆိုဗျာ့ အဟမ်းအဟမ့်း့ 
သက်တမ်းကလည်း
ညနက်ခင်းထဲမေးတင်နေပြီလေ
ဆိုစမ်းပါအုံး နဲနဲအေးနေလို့ ကွေးချင်နေပြီ။

ဒီလိုဗျ
ခင်ဗျားအတွက်ဝမ်းသာစကားဆိုမလို့
အုန်းသီး ငှက်ပျောသီးစုံတယ်ဗျာ
ဖဲဝိုင်းထောင်မယ့်သူတွေ ရှိတယ်ဗျာ
မှုန့်ဟင်းခါးကြွေးမယ့်သူတွေလည်းရှိတယ်ဗျာ
နောက်ပြီးဘုန်းကြီးပင့်မယ့်သူတွေလည်းရှိတယ်ဗျာ။

ခင်ဗျားအတွက်ဖူလုံတယ်ပြောရမယ်ဗျ
ယက်တောင်ကမ်းမယ့်သူတွေတောင်ရှိတယ်ဗျာ
ခင်ဗျားအကြောင့်း့ 
ကဗျာ၊ အက်ဆေးနဲ့လည်းပြောမယ့်သူတွေရှိတယ်ဗျာ
နာမည်ကြီးအဆိုကျော်တွေလည်း သီးချင်းတွေဆိုကြမှာဗျ
မြို့ကြီးတွေထဲမှာဆို လူသုံး ကုန်စုံဆိုင်တွေ မီး ဒီဇိုင်းတွေအမျိုးမျိုး
ညအခါသစ်ပင်တွေတောင်ရောင်စုံမီးတွေပွင့်လို့ဗျာ။

ခင်ဗျားအတွက် ရာသီဥတုကတော့
ဒီထက်ကောင်းတာတောင် ဒိထက်ပိုကောင်းမှာမဟုတ်ဘူး
ကလေးတွေမပြောနဲ့ လူကြီးတွေတောင်ဗျောက်အိုးဖောက်တမ်းကစားလို့။