Monday, December 21, 2009

သူ့ ကောက်ကြောင်းနဲ့လ ဒီဇင်ဘာ

   
သူ့ ကောက်ကြောင်းနဲ့ လ ဒီဇင်ဘာ

လူ့သက်တမ်းတခုမှာ
ရှားရှား ပါးပါး
ကြုံတောင့် ကြုံခဲ
ရတောင့် ရခဲ
လရောင်နဲ့
ကန္တာရမှာပေါက်တဲ့
ခရီးသွား ခရီးသည်။

ဗမာ့သွေးပြောင်
ဗိုလ်မင်းရောင် သွေး
တရွေးသားမှမလျှော့
ဖခင်ဓား သွေး
ပြည်သူ့အတွက် အရေးဆို။

လ ဒီဇင်ဘာ
နေ မသာလည်း
ပြည် ရွာကောင်းကျိုး

သူသယ်ပိုး၏  ။  ။



လဒီဇင်ဘာ
ပြည်သူ့ တပ်ဦးမှာ
ပြည့်သူ့ တပ်မှူးကြီး
နေ့ထူး နေ့မြတ်ကို
သူ ရှာဖွေရင်း
ခြေသံရှင်းရှင်းနဲ့ ထွက်လာခဲ့။


အမေများအမေ
လ ဒီဇင်ဘာ
မြကမ္ဗလာ
လရိပ်သာမှာ

ဗိုင်းလည်းငင်နေပေါ့။

မမေ့ရိုးရာ
ဓလေ့ပျော်မွှေ့
သူ့ရင်တွင်းဖြစ်
သံစဉ်သစ်ရှာ
သူ့ရပ်ရွာကို
ထမင်းရည်ချောင်းစီး
ငွေမောင်းကြီးလည်းတီးစေလိုသူ။


လ ဒီဇင်ဘာ
အေးရိပ်သာဝယ်
ရွှေလင်ပန်းနဲ့
အချင်းဆေးပြီး
သားချော့တေးလည်း
သီဆိုချင်သူ။

လ ဒီဇင်ဘာ
ကြယ်ခင်းသာ၏
လက်ဆုံစကား
လက်ဆုံပွား၍
ည လကွယ်လည်း
ဗိုင်းငင်နေရဲ့။

လ ဒီဇင်ဘာ
မြတ်မြန်မာ ပြာသိုလမှာမို့
မြခွာညိုပန်းတွေလည်းပွင့်နေကြပေါ့။  ။  ။