Monday, November 11, 2013

အင်ဂျလီနာဂျိုလီက မြန်မာတွင်အမျိုးသမီးအင်အားစုတစ်ရပ်ဖြစ်လာရေးကြိုးပမ်းမှုအားလေးစာဂုဏ်ယူဟုဆို

မြန်မာတွင် အမျိုးသမီး အင်အားစု တစ်ရပ်ဖြစ်လာရေး ကြိုးပမ်းမှု အား လေးစား ဂုဏ်ယူဟု အင်ဂျလီနာဂျိုလီ သတင်းစကားပေးပို့11.11.2013 မြန်မာ နိုင်ငံအနေဖြင့် လက်ရှိ ...ကြုံတွေ့ နေရသော အခက်အခဲများမှ အ ခွင့်အလမ်းများကို အမိအရဆုပ် ကိုင်ရယူရန်နှင့် အမျိုးသမီးများ ကို အင်အားစုကြီးတစ်ရပ်ဖြစ် လာစေရန် တည်ဆောက်ကြိုးပမ်း ချက်များ ကို အလွန်လေးစားဂုဏ် ယူမိသည်ဟု ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် အင်ဂျလီ နာဂျိုလီက သတင်းစကားပေးပို့ ခဲ့သည်။ နိုဝင်ဘာ ၁ဝရက်က Sky Star ဟိုတယ်၌ ပြုလုပ်သော မြန်မာ နိုင်ငံ ၏ငြိမ်းချမ်းရေး၊ လုံ ခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အမျိုး သမီးများ စကားဝိုင်းသို့ အင်ဂျလီ နာဂျိုလီက သတင်းစကားပေးပို့ ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အ ထူးကိုယ်စားလှယ် အင်ဂျလီနာ ဂျိုလီက ''အမျိုးသမီးတွေရဲ့ လုပ် နိုင်စွမ်းတွေကို မြှင့်တင်ဆောင် ရွက်ပေးခြင်းမရှိဘဲ မည်သည့်လူ့ အဖွဲ့အစည်းမှ တိုးတက်နိုင်စွမ်းရှိ သလောက် အပြည့်အဝ တိုးတက် မှာမဟုတ်ပါဘူး''ဟု ပြောသည်။ အင်ဂျလီနာပေး ပို့သော သတင်းစကားကို အထက်မြန်မာ ပြည်အမျိုးသမီး သံတမန်ချစ်သု ဝေက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
Ref:Yangon Media Group