Sunday, November 10, 2013

မယ်စကြ၀ဠာ၂၀၁၃သရဖူ ဗန်နီဇွဲလားမယ် ဂါဘရီလာအစ္စလာ ဆွတ်ခူး၊ ဗန်နီဇွဲလားနိုင်ငံ၏ ခုနှစ်ယောက် မယ်စကြ၀ဠာဆုရှင်ဖြစ်လာ

မယ်စကြ၀ဠာ၂၀၁၃သရဖူ ဗန်နီဇွဲလားမယ် ဂါဘရီလာအစ္စလာ ဆွတ်ခူး၊ ဗန်နီဇွဲလားနိုင်ငံ၏ ခုနှစ်ယောက် မယ်စကြ၀ဠာဆုရှင်ဖြစ်လာ နိုဝင်ဘာ ၁၀။
 
နိုဝင်ဘာ ၉ရက်က ရုရှားနိုင်ငံ မော်စကိုတွင် ပြုလုပ်ခဲ့သော မယ်စကြ၀ဠာပြိုင်ပွဲ ၂၀၁၃တွင် ဗန်နီဇွဲလားမှ ရုပ်သံ အစီအစဉ် တင်ဆက်သူ၊ အလှမယ် ဂါဘရီလာအစ္စလာ အသက် ၂၅နှစ်က ဆွတ်ခူးသွားကြောင်း သိရသည်။ သူမရရှိသည့် သရဖူသည် ဗန်နီဇွဲလား နိုင်ငံအတွက် ခုနှစ်ယောက်မြောက် မယ်စကြ၀ဠာထွက်သော နိုင်ငံဖြစ်သွားသည်။ ပြိုင်ပွဲဝင်ပေါင်း ၈၆ဦးပါဝင်ယှဉ်ပြိုင်ခဲ့သော မယ်စကြ၀ဠာပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီရှိသော ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။ အကဲဖြတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်သော ကမ္ဘာကျော် အယ်ရိုစမစ်တီးဝိုင်မှ ရော့ကြယ်ပွင့် စတီဗန်တိုင်လာက အစ္စလာအတွက် နောက်ဆုံး အဆုံးအဖြတ်ပေးမည့် မေးခွန်းကို မေးခွင့်ရခဲ့သည်။ စတီဗန်က သူမအတွက် အဆိုးရွားဆုံး ကြောက်လန့်မှုအကြောင်း ပြောပြရန် တောင်းဆိုခဲ့၏။ ထိုအခါ အစ္စလာက သူမအပေါ် လွှမ်းမိုးခဲ့သော ကြောက်လန့်မှုကြီးတစ်ရပ်ကို အတိအကျ ရှာမတွေ့ခဲ့သော်လည်း လူသားတို့ ရင်ဆိုင်ရလေ့ရှိသော အကြောက်တရားဟူသည်က တစ်ချိန်တွင် သူတို့ကို ကြံ့ခိုင်သန်မာလာအောင် ပြောင်းလဲပေးနိုင်စွမ်း ရှိသော အရာဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း ဘာသာပြန်ပေးသူမှ တစ်ဆင့် ပြောကြားခဲ့သည်။ ယမန်နှစ်က သရဖူရရှိခဲ့သော မယ်စကြ၀ဠာဟောင်း အမေရိကန် အလှမယ် အိုလီဗာကာပိုက အစ္စလာကို စိန်သရဖူ ဆောင်းပေးခဲ့သည်။ စိန်တုများနှင့် စီခြယ်ထားသော ညချမ်းဝတ်စုံနှင့် လှပနေခဲ့သော အစ္စလာက ပွဲပြီးချိန်အထိ ရင်ခုန်ုတုန်လှုပ်မှု မပျောက်သေးကြောင်း သူ၏ပရိတ်သတ်များကို ဖွင့်ဟခဲ့သည်။ ယနေ့တွင် မယ်စကြ၀ဠာဆုရှင် အစ္စလာသည် ဒေါ်လာတစ်သန်း ကျောက်မျက်ခြယ် ရေကူးဝတ်စုံဝတ်ကာ ဓာတ်ပုံအရိုက်ခံမည်ဖြစ်ကြောင်း မယ်စကြ၀ဠာ အခမ်းအနား ကျင်းပရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
Ref:The Myanma Age