Thursday, March 14, 2013

ရှီကျင်ပင်းကို တရုတ်သမ္မတအဖြစ် ခန့်အပ်

ရှီကျင်ပင်းကို တရုတ်သမ္မတအဖြစ် ခန့်အပ်


ယမန်နှစ်နိုဝင်ဘာလက ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်
...
ခန့်အပ်ခံခဲ့ရသည့် မစ္စတာရှီုသည် ရာထူးမှအနားယူ
သွားသော ဟူကျင်းတောင်နေရာတွင် သမ္မတအဖြစ်
ရောက်ရှိလာသည်။ လူထုခန်းမကြီးတွင် နှစ်စဉ်ကျင်းပ
လေ့ရှိသော လွှတ်တော်စည်းဝေးပွဲတွင် အမျိုးသားပြည်
သူ့လွှတ်တော် ကိုယ်စားလှယ်၃၀၀၀က မတ်လ ၁၄ရက်
နေ့တွင် မဲပေးရွေးချယ်ခဲ့ကြသည်။

မဲပေးပွဲကို အခမ်းအနားနှင့်လုပ်ပြီး မဲပေးရွေးချယ်ကြသော်
လည်း ရလာဒ်သည် အံ့သြလောက်သော ပြောင်းလဲမှုမရှိ
ခဲ့ချေ။ မစ္စတာရှီသည် သမ္မတအဖြစ်ရွေးချယ်ကြောင်း
ကြေညာချိန်တွင် ကိုယ်စားလှယ်များကို ဦးညွတ်ခဲ့သော်
လည်း မှတ်ချက်တစုံတရာ မပြောဆိုခဲ့ပေ။ မစ္စတာ ရှီသည်
ထောက်ခံမဲ၂၉၅၂မဲရရှိခဲ့ပြီး ကန့်ကွန့်မဲ ၁မဲ၊ ပျက်ကွက်သူ၃ဦး
ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာ၈ရက်နေ့တွင် ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်
ခန့်အပ်ခံခဲ့ရပြီး ဗဟိုစစ်ကော်မရှင်၏ စစ်တပ်ဆိုင်ရာ ထိပ်ပိုင်း အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုသမ္မတအဖြစ် ခန့်အပ်ခံရသူသည် ဟူကျင်းတောင်နှင့် နီးစပ်
သော၊ ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဖြစ်သူ မစ္စတာ လီယွန်
ချောင် ဖြစ်သည်။ အသက်၆၁နှစ်ရှိ မစ္စတာလီသည် ကွန်မြူနစ် ပါတီအရာရှိများကို ရာထူးတိုးပေးခြင်း၊ မူဝါဒဆိုင်ရာကိစ္စများတွင်
ပြည်သူများကို အကြံဥာဏ်တောင်းခြင်းများ လုပ်ခဲ့သည်။

တော်လှန်ရေးသမားဟောင်းတစ်ယောက်၏ သားဖြစ်သူ
မစ္စတာရှီသည် တရုတ်၏ အရေးပါဆုံးအဖွဲ့ဖြစ်သော
အမြဲတမ်းကော်မတီဝင် မဖြစ်မီ ၂၀၀၇နှစ်ခုနှစ်တွင်
ရှီကျန်မြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် ပါတီခေါင်းဆောင်
ဖြစ်ခဲ့သည်။

ပါတီဥက္ကဋ္ဌအဖြစ် တာဝန်စတင်ထမ်းဆောင်စဉ် တရုတ်
မီဒီယာများက မစ္စတာရှီသည် သူ၏နေရာကို ရယူရန် အထူးတလည်လုပ်ဆောင်ခဲ့ခြင်း မရှိဟု အမွန်းတင်ခဲ့
ကြသည်။

မစ္စတာရှီက ပါတီ၏ သြဇာကိုသုံးပြီး အလွှာအသီးသီးတွင် ရှိနေသည့် ခြစားမှုကို တိုက်ဖျက်ရမည့်အကြောင်း၊ အရပ်
ဘက် မတည်ငြိမ်မှုသတိပေးချက်ကို နိုင်ငံပိုင်သတင်း မီဒီ ယာတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

မစ္စတာရှိသည် သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးခရီးစဉ် အဖြစ် တောင်အာဖရိကတွင် ကျင်းပမည့် ဘရာဇီး၊ ရုရှုား၊
အိန္ဒိယ၊ တရုပ်နှင့် တောင် အာဖရိကတို့ စည်းဝေးပွဲသို့
တက်ရောက်ရန် မတ်လကုန်တွင် သွားရောက်မည်ဖြစ်သည်။
ရုရှားသို့ သွားရောက်မည့် အစီအစဉ်ရှိကြောင်းလည်း နိုင်ငံ
ခြားရေးဝန်ကြီးက ပြောကြားသည်။
ref:https://www.facebook.com/MyanmaAgeMedia