Thursday, February 21, 2013

ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်

ကားလမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားသော လေဆိပ် အမှန်တကယ် ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်း ရှိ ဗြိတိန်ပိုင် ကျွမ်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar ကျွမ်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar ကနေ စပိန်နိုင်ငံသို့ ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။

လေယာဉ်ပြေးလမ်း အသုံးပြုတော့မယ် (တစ်နည်း) လေယာဉ်ပျံ မိုးပေါ်ပျံ တက်တော့ မယ်ဆိုရင် ကားလမ်းမကြီးကို ယာယီပိတ်ထားရပါတယ်။ ယင်းလေဆိပ်ကို ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ခုနှစ်က ဗြိတိန်တော်ဝင်လေတပ်တို့ ကိုယ်တိုင်တည်ဆောက်ပြီး စတင် အသုံးပြုခဲ့ပါ တယ်။ မြေပြင်ညီနေရာရှားပါးမှု၊ မြေနေရာ ရှာဖွေရမယ့် အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ယခုလို နည်းပညာနဲ့ စနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။

ယခုချိန်အထိလည်း ဗြိတိန်တော်ဝင်လေတပ်မှ အသုံးပြုဆဲဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး အတွက်လည်း အသုံးပြုပါတယ်။

Gibraltar Airport ဟာ ကမ္ဘာပေါ်မှာ အဝေးပြေးလမ်းမပေါ်ဖြတ်ပြီး တည်ဆောက်တဲ့ တစ်ခုတည်းသော လေယာဉ်ကွင်း ဖြစ်တယ်လို့ သိရပါတယ်။

copy from : International news for myanmar