စာရေးတဲ့ အလုပ်အပြင် NGO တစ်ခုမှာပါ တာဝန်ယူ လုပ်ကိုင်နေတဲ့ စာရေးဆရာမ မြနှောင်းညိုနဲ့ တွေ့ဆုံခိုက် အခုလိုပဲ မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဆရာမက NGO မှာ ဘာတာဝန်ယူရလဲ။ NGO မှာ ကျွန်မရဲ့ တာဝန်က ဆက်သွယ်ရေး အရာရှိပေါ့နော်။ ပုံနှိပ်မီဒီယာ ဘက်မှာ တာဝန်ယူရပါတယ်။ အဲဒီ တာဝန်ကို ယူလာတာ (၁ဝ)နှစ်ရှိပါပြီ။ ဆရာမလို စာရေးဆရာမ တစ်ယောက်က ဘယ်လို ဖြစ်ပြီး NGO ကိုရေကို ရောက်သွား တာလဲ။ ကျွန်မက (၁၉၉၅)မှာ အာဖရိကကိုသွားတယ်။ ပြန်လာတော့ (၂ဝဝဝ)ပြည့်နှစ်ပေါ့။ အဲဒီအချိန်မှာ ဆေးခန်းလည်း ပြန်မဖွင့်ဖြစ်ဘူး။ အဲဒီလိုအချိန်မှာ NGO ကပဲ ကမ်းလှမ်း တယ်ပေါ့နော်။ ကျွန်မတို့ NGO မှာ စာရေးတဲ့ အပိုင်းကို စိတ်ဝင်စားလား ဆိုပြီးမေးတော့ ဝင်စားတာပေါ့ သမီးရယ်။ ကိုယ်က အဲဒီအချိန်မှာ မြန်မာပြည်ပြန်ရောက်ကာစ လူစိမ်းဖြစ် နေတာပေါ့။ အဲဒါနဲ့ အင်တာတွေဘာတွေ ဗျူးပြီးတော့ ပထမဆုံး ကျွန်မကိုဘာလုပ်စေချင်တာလဲဆိုတော့ ကာတွန်း ဇာတ်ညွှန်းက မရေးဖူးဘူးလေ။ ဇာတ်ညွှန်းဆိုတာလည်း ဒီ HIV AIDS ပညာပေးကာတွန်းဆိုတော့ ကြိုးစားမယ်ပေါ့ဆိုပြီး ကတိပေးလိုက်တာပေါ့။ အဲဒီကနေစပြီး လုပ်ဖြစ်သွားတာပါ။ အဓိကက ပုံနှိပ်မီဒီယာဆိုတော့ ကာတွန်း ဇာတ်ညွှန်းတွေ ရေးရတာပေါ့။ PSI မှာရေးရတာက HIV /AIDS ရောဂါ ကာကွယ်ရေးတို့ ကာလသားရောဂါ ကာကွယ်ရေးတို့ အဲဒါ တွေပေါ်မူတည်ပြီးတော့ လူထု၊ လူတန်းစား အသီးသီးတို့ကို ရည်ရွယ်ရတာပေါ့။ အဲဒါလေးတွေကို ဇာတ်လမ်းဆင်ပြီး ရေးရတာပေါ့။ ပြီးတော့ ငှက်ဖျားနဲ့ပတ်သက်တာ လေးတွေ လဲရေးပါတယ်။ စာရေးဆရာဘဝနဲ့ ဆရာဝန်ဘဝ ဘာကွာ လဲဆိုတော့ ဆရာဝန်ဘဝတုန်းက ဆေးခန်းထိုင်တာပေါ့နော်။ NGOမှာ လုပ်တော့ ဆေးခန်းမထိုင်တော့ဘူး။ အဲဒီတော့ ကိုယ့်ဆေးခန်းကိုတော့ လက်လွှတ်ရတာပေါ့။ ဆေးခန်း မထိုင်ရဘူး။ အဲဒါတစ်ခုပဲ။ NGO မှာကျတော့ လုပ်ရတဲ့ အလုပ်ကလည်း တွေ့ကြုံလာမယ့် တွေ့ကြုံနိုင်မယ့် အန္တရာယ်တွေကိုဝိုင်းပြီး အကြံပေးကာကွယ်နိုင်တာဆိုတော့ အဲဒါလေးကို လည်းပျော်ပါတယ်။ တစ်ဖက်ကလည်း ကာတွန်း ဇာတ်ညွှန်းရေးနေသလို တစ်ဖက်ကလည်း ဝတ္ထုရေးနေတာပဲ ဆိုတော့ စာရေးဆရာအနေနဲ့ သိပ်ပြီး ဆုံးရှုံးတာမရှိပါဘူး။ တစ်ခုပဲ အချိန်ပေါ့လေ စာရေးဆရာတွေသွားရင် အတူ မသွားနိုင်ပဲ ကိုယ်ကျန်ခဲ့တယ်။ ဟောပြောပွဲတွေ မလိုက် နိုင်တာတစ်ခုပါပဲ။ ရတနာဦးလှိုင်