အဲဒီနေ့က
မှတ်မှတ်ရရ
နေမသာပေမဲ့
မြို့ဆင်ခြေဖုံး ရင်ခွင်ထဲထိ
တီအီးကားကြီးများ
ခေါက်တုံ့ ခေါက်ပြန် ပြေးလွှားနေကြသည်။
ကားသံများနဲ့
ဒီဇယ်ညှော်နံ့တွေ ရောထွေးနေတဲ့
မြို့ကြီးထဲ့ 
အစိမ်းပုပ်ရောင် ဆင်တူဝတ်ဆင်ထားသော
ပူပူနွေးနွေး လူစိမ်းများရောက်လာကြသည်။
နောက်ထပ်
မီးခိုးတထောင်းထောင်းထနေသော
သံချပ်ကာကားများနဲ့
မီးသတ်ကားများ
မီးသတ်သမားရောင်ဆောင်ထားသော
သန့်ရှင်းရေးသမားလည်း
ရောက်လာကြသည်။
တချို့ 
မျာက်နှာမာများ
ကွန်ကရစ်နဲ့ ကတ္တရာ ရောခင်းထားရာ
အဝင်အထွက်လမ်းများမှာ
သံဆူးကြိုးမျာနဲ့
အငမ်းမရပိတ်ဆို့နေကြသည်။
ပစ်စတိုခါးချိပ်ထားသူများ
မြို့ကြီးတခုလုံ့း့ 
ကြိုတင်ကြံစည်ထားပြီဖြစ်ကြောင်း
စကားပြောစက်နဲ့
အထက်သို့ အစီရင်ခံနေကြသည်။
သူတို့အားလုံး
အမိန့်အတိုင်း စနစ်တကျ
လုပ်ဆောင်သွားပြီးနောက်
နားစွင့်နေလိုက်ကြသည်
လေလှိုင်းပေါ်မှ ချက်ချင်း
အသစ်စက်စက်ရောက်လာသော
နံပါတ်နဲ့အသံ ပေါ်ထွက်လာခဲ့သည်။
တပြိုင်နက်ထဲ
ဂျီသရီး ဂျီဖိုး ကာဘိုင်များနဲ့
တရစပ် ပစ်ခတ်သံများ
ယမ်းငွေ့အနံ့များ
ကျည်ဆံခွန်များ
လွယ်အိပ်များနဲ့
ကျောင်းသင်ခန်းစာ စာအုပ်များ
ဦးထုပ်မျာ့း့ 
ဖိနပ်မျာ့း့ 
နဖူးစီး လက်ပါတ်များ
လမ်းမကြီးများပေါ်
တစစီ ပြန့်ကျဲသွားပြီး
မြို့ကြီးထဲတွင် သွေးချောင်းစီးသွားခဲ့သည်။
အဲဒီနေ့က့ 
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ရက်
ညနေ ၄ နာရီလောက်တွင်ဖြစ်သည်။ ။
မိုးမခ၀က်ဆိုက်မှာဖော်ပြခဲ့ပြီးသောကဗျာဖြစ်သည်