Tuesday, July 28, 2009

ကဗျာ(ဆူးနှင်း)

မော့မကြည့်ရဲ
ကြည့်လိုက်တိုင်းမှာ
စင်္ကြာဝလာရင်သွေး
ကြယ်ကလေးတွေ
ကြွေနေတာနဲ့ကြုံတတ်တယ်။
မကြည့်ပဲနေ
မကြွေတော့ဘူး။
အကြည့်ဓာတ်ကို
သော့ခတ်ပိတ်ထား
ထားတဲ့ကြားလေ
ရေဒါလိုနောက်ပြန်လှည့်
ဦးဏှောက်တည့်တည့်ဆီ
ကြည့်နေတဲ့ မျက်လုံးအစုံကို
ဘာနဲ့ ဖုံးအုပ်ရပါမလဲ။
အကြည့်ဓာတ်ကို
သော့ခတ်ပိတ်ထား
ထားတဲ့ကြားလေ
ကြည့်မနေလည်း
ကြွေနေတာပဲမြင်ရတယ်။