Friday, May 8, 2009

ပညာရံသီဝိဟာရအသင်းဧ။်ပထမအကြိမ်ဗုဒ္ဓနေ့ ပူဇော်ပွဲကျင်းပခြင်းဖိတ်ကြားလွှာ

ပညာရံသီဝိဟာရအသင်းဧ။်ပထမအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲကျင်းပခြင်းဖိတ်ကြားလွှာ
သာသနာတော် သက္ကရာဇ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်ကဆုန်လဆုတ်(၈)ရက်စနေန့ ခရစ်နှစ် ၂၀၀၉ ခုနှစ် မေလ(၁၆)ရက်နေ့တွင် ဗုဒ္ဓနေ့ ကို နယ်သာလန်နိုင်ငံ လန့်စမီယာမြို့ရှိ(ပညာရံသီဝိဟာရ မြန်မာဘုန်းတော် ကြီး ကျောင်း)တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ကဆုန်လဆုတ်(၈)ရက်စနေနေ့ တွင်နေ့ဆွမ်းကိုအားလုံးစုပေါင်း၍ဘုံဆွမ်းအဖြစ်ကပ်လှူပူဇော်ကြမည်ဖြစ်ပြီး၊မြတ်စွာဘုရားဧ။် ရုပ်ပွားတော်အား ဆွမ်း၊ရေချမ်း၊သစ်သီး၊ပန်းတို့ဖြင့်ကပ်လှူပူဇော်ခြင်း၊နေ့လည်အချိန်ခါတွင် ဆရာတော် ဦးဥတ္တရမှ တရားတော်များ ဟောကြားမည်ဖြစ်ပါသည်။နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အားအတူတကွ တက်ရောက်ကြပါရန် ဓမ္မအကျိုးမျော်ကိုး ၍ အသိပေး ဖိတ်ကြား နိုးဆော်လိုက်ရပါသည်။
ကျင်းပမည့်နေရာ ။ ။ Van Beekstraat 102A1121 NS Landsmeer. Amsterdam. ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်း ကျင်းပမည့်နေ့ ။ ။ ၁၆.၀၅.၂၀၀၉ (16.05.2009)စနေနေ့ ကျင်းပမည့်အချိန် ။ ။ နံနက် ၁၀နာရီတွင် သစ်သီး၊ဆွမ်း၊ရေချမ်း၊ပန်းတို့ကပ်လှူ၍ ။ နေ့လည် ၁နာရီတွင် တရားနာ မေတ္တာပို့ ၀တ်ရွတ်ဖတ်ပူဇော်ခြင်း။ ။ ညနေပိုင်း ပညာရံသီဝိဟာရအသင်းကြီးဧ။် အလုပ်အမှု့ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်မည်ဖြစ်ပါသည်၊သို့ဖြစ်ပါ၍ နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ကို အတူတကွပါဝင်တက်ရောက်၍ ၀င် ရောက်ကူညီဆောင်ရွတ်ပေးကြပါရန်၊တိုက်တွန်းနိုးဆော်အပ်ပါသည်။ ပညာရံသီဝိဟာရအသင်း အလုပ်အမှု့ဆောင်( နယ်သာလန်) ဆက်သွယ်ရန်ဖုန်း ------ 31(020)4822733