
Thursday, May 28, 2009
Tuesday, May 26, 2009
ဆန္ဒပြပွဲပြုလုပ်မည်(နယ်သာလန်)

Saturday, May 23, 2009
ဒေါ်အောင်ဆန်းစုကြည်
Friday, May 22, 2009
မဆုမွန်ဘလော့ဂ်မှ

အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့
တခါဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)
Sunday, May 10, 2009
နယ်သာလန်နိုင်ငံထိုင်းဘုန်းတော်ကြီး ကျောင်းဗုဒ္ဓနေ့ကျင်းပ

ဝင်နယ်သာလန်နိုင်ငံသားများသည်ဗုဒ္ဓဧ။်ရုပ်ပွားတော်ကိုဆီးမီး၊ပန်း၊ရေချမ်း
ဆွမ်းကပ်လှူကြည်ညိုသဒ္ဒါပွားခြင်း၊ထိုင်းဘုန်းတော်ကြီးသုံးပါးအားစုပေါင်းပြီးနေ့
လည်ဆွမ်းကပ်လှူ ခြင်း၊ဘုန်းတော်ကြီးများထံမှသီလခံယူဆောက်တည်တရား
နာခြင်းကြွရောက်လာကြသောဓမ္မမိတ်ဆွေများအားထိုင်းနိုင်ငံဧ။်အစားအ
သောက်များဖြင့်ကြွေးမွေးဧည့်ခံခြင်း၊ ကြွရောက်လာသောဓမ္မမိတ်ဆွေများမှ
ှဗုဒ္ဓမွေးဖွားလာပုံအကြောင်းနှင့် ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံအကြောင်း တို့ကိုအပြန်
်အလှန်ဆွေးနွေးကြပြီးနောက်အခမ်းအနားကိုနေ့လည် ၄နာရီလောက်တွင်
ပြီးဆုံးသွားခဲ့ကြပါသည်။
Friday, May 8, 2009
ပညာရံသီဝိဟာရအသင်းဧ။်ပထမအကြိမ်ဗုဒ္ဓနေ့ ပူဇော်ပွဲကျင်းပခြင်းဖိတ်ကြားလွှာ
သာသနာတော် သက္ကရာဇ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်ကဆုန်လဆုတ်(၈)ရက်စနေန့
ခရစ်နှစ် ၂၀၀၉ ခုနှစ် မေလ(၁၆)ရက်နေ့တွင် ဗုဒ္ဓနေ့ ကို နယ်သာလန်နိုင်ငံ လန့်စမီယာမြို့ရှိ(ပညာရံသီဝိဟာရ မြန်မာဘုန်းတော် ကြီး ကျောင်း)တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ကဆုန်လဆုတ်(၈)ရက်စနေနေ့
တွင်နေ့ဆွမ်းကိုအားလုံးစုပေါင်း၍ဘုံဆွမ်းအဖြစ်ကပ်လှူပူဇော်ကြမည်ဖြစ်ပြီး၊မြတ်စွာဘုရားဧ။် ရုပ်ပွားတော်အား
ဆွမ်း၊ရေချမ်း၊သစ်သီး၊ပန်းတို့ဖြင့်ကပ်လှူပူဇော်ခြင်း၊နေ့လည်အချိန်ခါတွင် ဆရာတော် ဦးဥတ္တရမှ တရားတော်များ
ဟောကြားမည်ဖြစ်ပါသည်။နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အားအတူတကွ
တက်ရောက်ကြပါရန် ဓမ္မအကျိုးမျော်ကိုး ၍ အသိပေး ဖိတ်ကြား နိုးဆော်လိုက်ရပါသည်။
ကျင်းပမည့်နေရာ ။ ။ Van Beekstraat 102A1121 NS Landsmeer. Amsterdam.
ပညာရံသီဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်း
ကျင်းပမည့်နေ့ ။ ။ ၁၆.၀၅.၂၀၀၉ (16.05.2009)စနေနေ့
ကျင်းပမည့်အချိန် ။ ။ နံနက် ၁၀နာရီတွင် သစ်သီး၊ဆွမ်း၊ရေချမ်း၊ပန်းတို့ကပ်လှူ၍
။ နေ့လည် ၁နာရီတွင် တရားနာ မေတ္တာပို့ ၀တ်ရွတ်ဖတ်ပူဇော်ခြင်း။
။ ညနေပိုင်း ပညာရံသီဝိဟာရအသင်းကြီးဧ။် အလုပ်အမှု့ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်မည်ဖြစ်ပါသည်၊သို့ဖြစ်ပါ၍
နယ်သာလန်နိုင်ငံရှိ ရပ်ဝေး၊ရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ကို အတူတကွပါဝင်တက်ရောက်၍ ၀င်
ရောက်ကူညီဆောင်ရွတ်ပေးကြပါရန်၊တိုက်တွန်းနိုးဆော်အပ်ပါသည်။
ပညာရံသီဝိဟာရအသင်း အလုပ်အမှု့ဆောင်( နယ်သာလန်)
ဆက်သွယ်ရန်ဖုန်း ------ 31(020)4822733
Sunday, May 3, 2009
နာဂစ်နှစ်ပတ်လည်အမှတ်တရ (၂၀၀၈-ရိုးမ၃-၀ဂ်ဆိုက်မှ)

အခုတော့
အနီးရော
အဝေးရောမှုံနေတဲ့
လက်သစ် ဖက်ဆစ်ဂိုဏ်း
ခိုးသားငါးရာနဲ့…..
နောက်လိုက်များကြောင့်
တမြေလုံးပုပ်ပြီးရင်း ပုပ်ခဲ့ရပြီ။
ဟောဒီမြေကြီးရဲ့
ဝမ်းဗိုက်တထွာအတွက်
ဘိုးစင်ဘောင်ဆက်ကထဲက
တလက်မစာမကဖြည့်တင်းလာတဲ့
ဧရာဝတီရဲ့ ဘ၀လည်းပျက်…..
လူသားအရင်းအမြစ်တွေလည်းပြုန်းတီးခဲ့ရပြီ။
ခရုဆံကျွတ်
ဧရာဝတီရေ
သူတို့ကတော့
ပွဲတော်ကြီးတွေ
ကျင်းပနေသလိုမျိုး
ငါးပွက်ရာ ငါးစာချ
မြှားသူ မြှားနေကြနဲ့
ဆိတ်ပါးစပ်ထဲ…..နှမ်းပက်နေသလိုပ။
ချွတ်ခြုံကျ…..
အမိုးအကာမဲ့ထဲမှာ
ကံဆိုးမိုးမှောင်ကျ
လက်ကျန်…..
လူမမာမျက်နှာတွေလို
မျက်နှာများကတော့
ဈေးကွက်ကြီးတခုလိုဖြစ်နေလေရဲ့။
မြေခွေးမျက်လုံးတွေလို
လင်းတမျက်လုံးတွေလို
ကျီးကန်မျက်လုံးတွေလို
မျက်လုံးများပေါ့
မိုးကောင်းတုံး….. ရွာသူ ရွာနေကြ။
ဒီလိုနဲ့…..
ရင်ထုမနာဖြစ်ရတဲ့
ဧရာဝတီရဲ့ကံကြမ္မာဟာ
မိုးကြီးစုန်းစုန်း ချုပ်ပြီးရင်းချုပ်ခဲ့ရ
လွတ်သွားတဲ့ငါးလည်း ကြီးခဲ့ကြ။
ဧရာဝတီရေ …..
သူတို့ကတော့
နောင်တမရနိုင်တဲ့အမှားတွေကို
ရွှေထီးဆောင်းသူ ဆောင်း
ကတ္တီပါဖိနပ်စီးသူ စီးနေကြနဲ့
ရိုးတွင်းချဉ်ဆီထိအောင်
ကိုယ့်အမျိုးကို ချစ်တတ်ခဲ့ပုံများ
စုပ်တသပ်သပ်နဲ့။
အမြီးမြှောက်လိုက်
ခွာယက်လိုက်
ချိုသွေးလိုက်နဲ့
အညာအကြေတကြောက
ပန်းမွှေးတောတွေလည်း
ကြေမွပျက်စီးခဲ့ရပြီ။
ဗွက်ထနေတဲ့
ဒဏ်ရာတွေနဲ့
ဘ၀တွေအကာမဲ့နေချိန်
လက်ပံပင်ဇရက်ကျသလို
ပွဲလန့်တုံး…..
ကုလားထိုင်သိုး ခင်းသူ ခင်းနေကြလေရဲ့။
ဒီလိုနဲ့
အသွင်အပြင်တွေ
တမျိုးပြောင်းသလိုလိုနဲ့
အပြင်အဆင်တွေက…..
ဇာတ်ထုတ်ဟောင်းကြီးကို
ထုံးသုတ်နေတာထက် ဘာမှမပိုတော့။
Subscribe to:
Posts (Atom)