Sunday, February 22, 2009

စည်းတိုက်တဲ့ည

ဘကြီးဟာ သူကြီးပြင်းခဲ့ရာ သူ့ရဲ့ရွာမဟုတ်တဲ့
မြို့ကြီးမှာ ခြောက်လုံးပတ်ဝိုင်းဆရာကြီးပေါ့။ မိုးကြီးစုန်းစုန်းချုပ်ပြီဆိုမှဖြင့် ဘကြီးရဲ့
ဘေထိခေါ်သံကြားရာ တ၀ါးဝါးရည်မောသံများနဲ့အတူ မြို့စားများ ပြေးလွှားရောက်လာကြ။ စည်းတိုက်တဲ့ည ၀ိုင်းတော်သားများနဲ့ ဘကြီးခေါင်းညိမ့်မပျက် တချက်ချင်းပတ်မကြီးဖိတီးပြ အချီ့ အချ အတက်အဆင်း ဘေထိသံပြင်းပြင်းနဲ့ ဆက်တွန်းနေရဲ့။ ဘကြီးဟာ ခေါင်းညိမ့်မပျက်ပေမဲ့ ညဘယ်လိုနက်သွားတယ် မသိလိုက်ခင်မှာပဲ နှဲအချွှဲ့ ယခွန်းအဆွဲ ဟာခနဲ ဟင်းခနဲ အုပ်အော်သောင်းနင်း ဘေထိသံရှည်မျောထဲ တ၀ိုင်းတော်သားလုံး
့ 
ရင်ခုံသံနဲ့အတူ လွန့်ပျံရီဝေလို့ ။့ နက်သထက် နက်တဲ့
ညထဲ ဘေထိ ဘေထိသာ အသေအချာရလိုက်ပြီးနောက် မိုးစင်းစင်းလင်းသွားတဲ့အခါ အိပ်မောကျဟောက်သံများသာ ကာရံညီတေးသွားအဖြစ်ကျန်ခဲ့တယ်။