Wednesday, June 1, 2011

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း

ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်း
ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ထွင်ပြီး တွေးမိနေပါတယ်။ ကျွန်တော် ဘာတွေးမိနေသလဲ ဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့ ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့ နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေကြရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့ သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့ ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ဒေး၊ အားမတန် လို့မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ရလို့ဆင်းရဲ တွေ နဲ့ကြုံရလို့ ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။
အပြည့်အစုံသို့

အင်တာနက်ကဖေးဆိုင်အားလုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ငန်းလိုင်စင်အသစ်ပြန်လျှောက်ရမည်

တစ်နိုင်ငံလုံးရှိ အများပြည်သူသုံး အင်တာနက် ကဖေးဆိုင်များအား လုံးသည် လက်ရှိကာလတွင် အကျုံးဝင်မည် မဟုတ် တော့ဘဲ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန တွင် ပြန်လည်ပြီးလိုင်စင်အသစ် လျှောက်ထားခြင်းများကို ပြုလုပ်ရတော့မည် ဖြစ်ကြောင်းသတင်းရ ရှိသည်။


ယခုလက်ရှိ ဖွင့်လှစ်ပြီးဖြစ်သည့် တစ်နိုင်ငံလုံး အင်တာနက်ဆိုင်များ အားလုံး အား နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ကြေးများ ကောက်ခံပေးနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အဆိုပါ ဆိုင်များအတွက်မူ သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အခြေစိုက်စခန်း (စာတိုက်) များမှ ဆောင်ရွက်ပေးသွားရန်ရှိသည်ဟု သိရသည်။

ယခုလက်ရှိအချိန်ထိ အစိုးရက တိုက်ရိုက်လိုင်စင်ထုတ်ပေးနေသည့် အင်တာနက်ကဖေး ဆိုင်ပေါင်း ၁၄၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီမှ ဖွင့်လှစ်ပေးခဲ့သည့် PAC အရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၇၂၉ ဆိုင်ရှိကြောင်း သတင်းရရှိသည်။

ယခင်က အများပြည်သူသုံး အင်တာနက်ဆိုင် လျှောက်ထားခွင့်များအား မြန်မာအင်ဖို တက်ခ် ကုမ္ပဏီတွင် ရယူနိုင်ခဲ့ပြီး ယခုအခါ အစိုးရက လွှဲပြောင်းရယူပြီး ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

Ref : 7 Day News

မင်းဇေယျာ (သို့မဟုတ်) ခွပ်ဒေါင်း လဂွန်းအိမ်

စာရေးဆရာ ချစ်ဦးညို၏ “နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း” စာအုပ်ကို ဖတ်လိုက်ရ၏။ ဤတွင် နဂိုရှိရင်းစွဲ စိတ်နှင့် (စာရေးဆရာ၏ ဇာတ်လိုက်ကြီး) လဂွန်းအိမ် ကို ခိုက်သွားခဲ့သည်။ သို့သော် သေချာသည်မှာ ဇာတ်လိုက်ကျော် လဂွန်းအိမ် ကို “ရာဇဓိရာဇ် အရေးတော်ပုံကျမ်း” မှာကတည်းက ကျနော် သိနေကြိုက်နေခဲ့ပါပြီ။
မွန်သူရဲကောင်း “လဂွန်းအိမ်” ။
ကျနော် ထပ်တူပြုလျင် ရိုင်းနေမည်လား မသိ။ သို့သော် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်အိမ်” တယောက်ကို ကျနော် သိခဲ့၊ ရင်းနှီးချစ်ခင် ခဲ့ရသည်။ စိတ်မကောင်းစရာမှာ ဥပဒေဟု (စစ်အစိုးရများမှ) ခေါ်ဆိုသတ်မှတ်သော နရ သိမ်အကျဉ်းထောင်ထဲတွင် ဖြစ်နေသည်။ ပြင်ပတွင်လည်း ကြုံဆုံခဲ့ဖူးပေးမယ့် အရမ်းရင်းရင်းနှီးနှီးကြီး မဖြစ်ခဲ့။ ပြိုင် ဖက်များဟုတောင် ပြော၍ ရသည်။ ထောင်ထဲကျမှ … သရက်အကျဉ်းထောင်ထဲကျမှ ..၊ ညီအကို ရဲဘော်ရဲဘက်၊ ရင် ဘတ်တူ၊ ကျောချင်ကပ် ဖြစ်ခဲ့ကြသည်။

ဇာတ်အစကိုလှန်ရလျင် ဗမာပြည်၏ ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဖြစ်သည်။ အကြောင်းကြောင်း တွေကြောင့် “ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်” နှစ်ဖွဲ့ကွဲ၍ ဖွဲ့စည်းဖြစ်ခဲ့ကြသည်။ တခုက ဗကသများ အဖွဲ့ချုပ်၊ တခု က “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ” ဖြစ်သည်။ ဗကသ တွင် ယနေ့ကာလ နာမည်ကြီး “ကိုမင်းကိုနိုင်” “ကိုမိုးသီးဇွန်” တို့ ဦးဆောင်ဖွဲ့စည်း လှုပ်ရှားခဲ့သလို၊ မကသ တွင် ကိုမင်းဇေယျာ၊ ကိုဌေးအောင် တို့ ခေါင်းဆောင်ဖွဲ့ စည်း လှုပ်ရှားခဲ့ကြသည်။ ထိုကာလ “စောမောင် စစ်အစိုးရ” ခေါင်းစားခဲ့ရသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းခေါင်း ဆောင်များ ဖြစ်သည်။

ပြောရလျင် ထိုခေတ် ထိုစဉ်က ကျနော်တို့ အခေါ် (ဗ နှင့် မ) လုံးဝမတည့်။ ရိုက်မောင်းပုတ်မောင်းတွေတောင် ဖြစ်ခဲ့ သည်။ ထားတော့ …
ဗကသ ဥက္ကဋ္ဌ မင်းကိုနိုင်၊ မကသ ဥက္ကဋ္ဌ မင်းဇေယျ၊ ဒီလို နာမည်ချင်းပါ ခပ်ဆင်ဆင် ပြိုင်ဖက်များ၊ အားပြိုင်မှုများ။ ၁၉၈၈ ကာလ စစ်အစိုးရ၏ ပြည်တွင်း “အထွေထွေ ဖိနှိပ်မှု” ဝင်ချိန်၊ ဗ ရော မ တွေပါ အဖမ်းဆီးခံရ၊ ထောင်တွေ (နှစ်ကြီး) ကျကုန်တယ်။ ဗိုလ်နေဝင်း စစ်အစိုးရခေတ်မှစ၍ ယနေ့ (သန်းရွှေ၊ မောင်အေး) စစ်အစိုးရများခေတ်တိုင် ဗမာပြည် နရသိမ်အကျဉ်းထောင်များသည်။ ပိုကောင်းဖို့မရှိ၊ ပိုဆိုးဖို့သာ ရှိသည်။ တထပ်တည်း တပုံစံတည်း။

သူတို့ကို ဆန့်ကျင် အံတု ပုန်ကန်သော လူငယ်ကျောင်းသား၊ နိုင်ငံရေးသမားများကို အစဉ်အဆက် ပက်ပက်စက်စက် ဖိနှိပ် ရက်စက် လည်မျိုနင်းခဲ့သည်ချည်း ဖြစ်သည်။ ဒါ ကျနော့် ကိုယ်တွေ့။ နရသိမ်တွေထဲမှာ ကြွေခဲ့ရသည့် ကြယ် ပေါင်းမနည်း။ ဤတွင် အပြင်၌ ကွဲခဲ့ကြသော ဗ များ၊ မ များ (လူငယ်ကျောင်းသားတွေချည်းပဲမို့) ရင်ချင်းအပ်၊ ကျော ချင်းကပ် ကြရပြီ။ ထောင်တွင်း စစ်ခွေးများဒဏ်ကို သွေးချင်းဆက်၍ ရင်ဆိုင်ရပ်ခံကြရသည်။ ဤတွင် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်းအိမ်” ကိုဇေယျ (ကျနော့်အခေါ်) မင်းဇေယျ ကို သွေးသံအလိမ်းလိမ်းကြားထဲ ကျွမ်းဝင်ခဲ့ပါ သည်။

တကယ့် သွေးသံ ရဲရဲ။
၁၉၉၀ စက်တင်ဘာ ၁၈၊ (ကျနော်တို့ အခေါ် ဘလတ်ဒ် စက်တင်ဘာ) အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား လူငယ်ကျောင်းသားများ၏ ပုန်ကန်မှု၊ အစာငတ်ခံ ဆန္ဒပြပွဲတွင် ဖြစ်သည်။ ကျနော်အပါအဝင်၊ ကိုမင်းဇေယျ အပါအ ဝင် လူ ၂၀ ဦး သရက်ထောင်သို့ အပြောင်းခံရသည်။ သူသည် မွန်လူမျိုးတဦး ဖြစ်သလို၊ ကျနော် တင်စားထားသလို သူရဲကောင်း လဂွန်းအိမ် တယောက်ဖြစ်သည်။


ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရ၏ ၆၅ နှစ် ထောင်ချမှုကို (ဒုတိယအကြိမ်) ခံစားနေရဆဲ ဖြစ် သည်။ ကိုယ်ပိုင်မိသားစုလေး ရှိနေပြီ ဖြစ်သည်။ သူ့ဇနီး (ကျောင်းဆရာမ) အတွက် ကျနော်တွေး၍ စိတ်မကောင်းဆဲ။ သို့သော် သေချာသည်မှာ သူသည် ကျောင်းသားခေါင်းဆောင် ခွပ်ဒေါင်းတကောင် ဖြစ်သလို မွန်တို့၏ ရာဇဝင် သူရဲ ကောင်း “လဂွန်းအိမ်သစ်” ဖြစ်သဖြင့် ဘယ်တော့မှ ဒူးထောက်ခေါင်းငုံ့ သွေးကြောင်နေမယ့်သူ မဖြစ်နိုင်။ ကျနော် (တဦးချင်းအရ) လုံးဝ ယုံကြည်လေးစားနေမည် ဖြစ်ပေသည်။

ကိုဆက်
http://www.naytthit.net/?p=13613

Sunday, May 29, 2011

သန်းရွှေသေပြီ…(Than Shwe pass away)

စိုင်းစိုင်းသန်းရွှေ(ကနေဒါ)+၀တ်မှုံကြိုင်ကြိုင်(အမေရိကား)

(သန်းရွှေသာရှောသွားရင်~~ နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ နတ်ကနားပေးမလို့ )၂
18 နှစ်ပြည့် တဲ့ သူတွေ ~~စစ်မှုထမ်းရတော့ မယ်တဲ့ 
ကြားလိုက်ရတဲ့ သတင်း ဆိုးကြောင့်  ~~နေရတာခက်ခဲ
သူထုတ်ခဲ့ တဲ့ ဥပဒေအားလုံး ~~သူကိုယ်တိုင်ဘဲချိုးဖောက်သည်
ဗိုချုပ်တွေဆိုရင်လဲ ~~သူကိုယ်တိုင်ဘဲဖြုတ်ပစ်သည်
ဘိုခင်ညွန့် တဖွဲ့ လုံးလဲ ~~မြောင်းထဲရောက်သွား
အတွေး~ တွေနဲ့ ငါပေါက်ကွဲ ~~ငါ့ ရင်မှာလှိုက်မော
ငါလေစဉ်းစားမိတာက~~ အား ~~လေယာဉ်ပျံ ကြီးမောင်းရမလားလို့ 
စုံစမ်းကြည်တယ်စပ်စုမိတယ် လေယာဉ်ဘယ်နှစ်စီးရှိသလဲလို့ 
F16 တစင်းမှမရှိတော့ ~~ဖီလင်နဲနဲအောက်တာပေါ့ 
တေဇ နဲ့ ဇော်ဇော် ကလဲ ~~ဂွင်နဲနဲတော့ ရိုက်တာပေါ့ 
တိုင်းမှုးတွေလဲစားတာများလို့ ~~နင်ကုန်ပီ
ရှေ့ တန်းကစစ်သားတွေလဲ ~~ပိုးလိုးပက်လက်လန်ကုန်ပီ
ယိုးဒယားနယ်စပ် ~~ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကဆက်ဖြစ်
စစ်ကူတွေကိုထပ်လွှတ် ~~ပေါ်တာတွေထပ်ဆွဲပစ်
မလိုချင်ဘူး ~~ထပ်လွှတ်လေယာဉ်နောက်တစင်း
ဒါပေမဲ့ လဲ လမ်းတ၀က်မှာဘဲစက်ချွတ်ယွင်း ~~ပျက်ကျ
18 နှစ်ပြည့် ~~ပီအချစ်လေး
မိန်းခလေးလဲ~~စစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှ~~ဖြစ်မယ်အချစ်လေး
အိမ်ထောင်သည်အမျိုးသမီးမပါ~~ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့ ~~ ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ~~ဒါန်ရာမျိုး
ငါမပြောရက်ပါ ~~မယ်သီလရှင် သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ~~ ၁၈နှစ်ပြည့် တာ~~ ငါတို့ ရဲ့ အပစ်တွေဘဲလို့ 
အကြောင်းမဲ့ ~~ဒီ ဥပဒေကိုထုတ်တာမဟုတ်
နင်သိဘို့ ပြောချင်လို့ ~~ တပ်ရင်းတွေမှာတတ်သားမရှိဘူး
ပေါ်တာတွေစွဲ “အား” လုံးဝမရတော့ ဘူး
ကလေးစစ်သား~~သုံးတယ်ဆိုပီး
လူ့ အခွင့် အရေးအဖွဲ့ ကအော်လို့ ~~ ပျားတုတ်
ငါ့ မှာတလမ်း ၀င်တလမ်းထွက်
နင်နေတဲ့ ရပ်ကွက်~~၃ရက်ဆက်တိုက် သန်းကောင်စရင်းကောက်မတဲ့ 
ငုတ်တုတ် ~~ငါအတွေးနဲ့ စီးမျော
အရင်တုန်းက ကြန့် ဖွန့် အဖွဲ့ ဝင် ကဒ်ပြားလေးကိုပြရင်ကောင်းမလား
ဟန်းဖုန်းလေးကိုင်ရမလားလို့ ~~ ကြန့် ဖွန့် အဖွဲ့ ဝင်ခဲ့ ဘူးတာကို
အရင်တုန်းက၀ါးရင်းတုတ်ဆို ~~စစ်ထဲရောက်ရင် G3 မို့ 
ဘုန်းကြီးတွေကိုနှိပ်စက်ခဲ့ တာ ~~ဒီတခါငါဝတ်လည်ပီလား
ထူးအိမ်သင်သီချင်းလိုမျိုး ~~အိုမေမေရေ ကယ်ပါဦးလား
ဘုန်းကြီးဝတ်ရင်ကောင်းမလား ~~သာသန၀န်ထမ်းဆိုကင်းလွတ်တယ်တဲ့ 
လူပြန်ထွက်လိုက်ရင်လဲ ~~အပြင်မှာဘာမှမလုတ်တတ်ဘူး
ချေတဖက်ပြတ်တွေမြင်ရင် ~~ငါစဉ်းစားရင်းကြက်သီးထလို့ 
သေရာပါ ပါမှာဘဲ ~~ကိုယ်ထောင်တဲ့ မိုင်း ကိုယ်ပြန်နင်းမိလို့ 
(18 နှစ်ပြည့် ပီအချစ်လေး ~~မိန်းခလေးလဲစစ်တိုက်စေမယ်တဲ့ 
လက်ထပ်မှဖြစ်မယ်အချစ်လေး ~~အိမ်ထောင်သည်အမျိုးသမီးမပါ တော်ပါသေး
သေကွဲသာကွဲလိုက်ချင်ရဲ့  ရှင်မွေးလွန်းနဲ့ နန္ဒာလို
ရှင်ကွဲ ကွဲကာသေရာပါမဲ့ ဒါန်ရာမျိုး
ငါမပြောရက်ပါ မယ်သီလရှင်သွားဝတ်လိုက်ဘို့ 
လူဖြစ်ခဲ့ တာ ၁၈နှစ်ပြည့် တာ ငါတို့ ရဲ့ အပစ်တွေဘဲလို့ )၂
(သန်းရွှေသာရှောသွားရင် ~~နင်တကယ်ကျေနပ်လား
သန်းရွှေသာရှောသွားရင် ~~ငါတကယ်ပါ Breakdance ကမလို့ 
သန်းရွှေသာရှောသွားရင် ~~နင်တကယ် ပျော်မှာလား
သန်းရွှေသာရှောသွားရင်~~ ငါတကယ်ပါ နတ်ကနားပေးမလို့ )၂

Saturday, May 28, 2011

ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်


တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား

နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
(Photo: RFA) မျိုးဆက်သစ် လူငယ်အဖွဲ့မှ ထင်ရှားသော အဖွဲ့ဝင်များ ဖြစ်သည့် ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်း (ဝဲ)နှင့် ကိုဇေယျာသော် (ယာ) တို့ ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ဖမ်းဆီး ထောင်ချခြင်း မခံရမီ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

Thursday, May 26, 2011

ဇေယျာသော်နှင့် တွေ့ဆုံခြင်း

‘နိုက်ထရစ်အက်ဆစ်ဆိုတဲ့ အက်စစ်အဖွဲ့သား ဇေယျာသော် က တရားမ၀င် အသင်းဖွဲ့စည်းမှု၊ နိုင်ငံခြားငွေကိုင်ဆောင်မှုစတဲ့ ပြစ်ဒဏ်နှစ်ရပ်နဲ့ ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရာမှ မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂျေသမားအဖြစ် အသက် ၁၆ နှစ်မှာ ဂီတလောကအတွင်း ခြေချခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂီတပုံစံသစ်တစ်ခုကို အက်စစ်ဂီတအဖွဲ့ရဲ့စတင်ခြင်း စီးရီးဖြင့် အသက်၂၀မှာ မွေးဖွားခဲ့တဲ့ ဇေယျာသော်၊ သုံးနှစ်ကျော် ထိန်းသိမ်းမှုခံရတဲ့ အသက် ၃၀ စွန်းစဖြစ်လာတဲ့ ဇေယျာသော်၊ လူငယ်တွေကို တန်ဖိုးထားတဲ့ ဇေယျာသော်၊ သူရင်ထဲမှာရှိနေတဲ့ စကားလုံးတွေကို ယခုကဲ့သို့ စတင်ပုံဖော်ကြည့်မိတဲ့အခါ . . .

မေး ။ ၂၀၀၇ ခုနှစ်မတိုင်မီ ကာလအထိ ဇေယျာသော်ရဲ့ လူငယ်တစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုမျိုးပုံဖော်ထား ပါသလဲ။

ဖြေ ။ ကျွန်တော် တစ်ယောက်တည်းရဲ့ ခံယူချက်အနေနဲ့ကတော့ ပျော်ရွှင်ပေါ့ပါးလွတ်လပ် တဲ့ ဘ၀နေထိုင်မှုပုံစံကို လိုချင်တောင့်တတဲ့ လူတစ်ယောက်ပါ။

Wednesday, May 25, 2011

မြန်မာပြည်မှပေးစာ"ခရီးသွားများ"

"မြန်မာပြည်မှပေးစာ"ခရီးသွားများ"

ထရူးမဲန် ခက်ပုတ်စ်ရဲ့ မတုပနိုင်တဲ့ သူရဲကောင်းမလေး ဟော်လီဂိုလိုက်လီ(ခိုကိုးရာမဲ့ကလေးငယ်များအနက် အသိဉာဏ်ကြွယ်ဝဆုံးသူ)ဟာ သူ့ပိုင်ဆိုင်တာတွေကို ခရီးဆောင်သေတ္တာများအတွင်း သိမ်းဆည်းထားခဲ့ပါတယ်။ လိပ်စာအစား ‘ခရီးသွားခြင်း’ဆိုတဲ့ စာတန်းလေးကို
သေတ္တာများမှာ ချိတ်ဆွဲထားပါတယ်။ နေထိုင်ဘို့အတွက် ဒီ မူလကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဘို့ရာ ပထမဆုံးတွေ့ကြုံရချိန်မှာတော့ ကျွန်မဟာ ဆယ်ကျော်သက်ရွယ် လွန်မြောက်ခါစပါ။ အံ့သြစရာနဲ့ စွန့်စားစရာလို့ထင်ခဲ့ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုလို့လဲ ရှင်းရှင်းသန့်သန့်ပဲ
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

မိုက်ကယ်ရဲ့ဟိမဝန္တာဒေသလေ့လာဆည်းပူးမှုအတွက်နှစ်မြှုပ်ထားစဉ်ကျွန်မနဲ့လက်ထပ်ပြီး
နောက်ဒီခံယူချက်ဟာပိုမိုအားကောင်းလာကာကမ္ဘာရဲ့ဝေးသီခေါင်ဖျားတဲ့အရပ်တွေဆီမကြာခဏသွားစေခဲ့ပါတယ်။ကျွန်မတို့ကိုလဲရွေ့လျားသွားလာစေခဲ့ပါတယ်။ခရီးဝေးများမှပြန်လာတိုင်း ကျွန်မတို့ရဲ့မိတ်ဆွေများဟာ လိပ်စာဟောင်းများမှာ ဆက်လက်နေထိုင်လျက်ရှိတာကို ကျွန်မ အံ့သြစွာတွေ့မြင်ရပါတယ်။