"မြန်မာပြည်မှပေးစာ"ခရီးသွားများ"
ထရူးမဲန် ခက်ပုတ်စ်ရဲ့ မတုပနိုင်တဲ့ သူရဲကောင်းမလေး ဟော်လီဂိုလိုက်လီ(ခိုကိုးရာမဲ့ကလေးငယ်များအနက် အသိဉာဏ်ကြွယ်ဝဆုံးသူ)ဟာ သူ့ပိုင်ဆိုင်တာတွေကို ခရီးဆောင်သေတ္တာများအတွင်း သိမ်းဆည်းထားခဲ့ပါတယ်။ လိပ်စာအစား ‘ခရီးသွားခြင်း’ဆိုတဲ့ စာတန်းလေးကို
သေတ္တာများမှာ ချိတ်ဆွဲထားပါတယ်။ နေထိုင်ဘို့အတွက် ဒီ မူလကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဘို့ရာ ပထမဆုံးတွေ့ကြုံရချိန်မှာတော့ ကျွန်မဟာ ဆယ်ကျော်သက်ရွယ် လွန်မြောက်ခါစပါ။ အံ့သြစရာနဲ့ စွန့်စားစရာလို့ထင်ခဲ့ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုလို့လဲ ရှင်းရှင်းသန့်သန့်ပဲ
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။
မိုက်ကယ်ရဲ့ဟိမဝန္တာဒေသလေ့လာဆည်းပူးမှုအတွက်နှစ်မြှုပ်ထားစဉ်ကျွန်မနဲ့လက်ထပ်ပြီး
နောက်ဒီခံယူချက်ဟာပိုမိုအားကောင်းလာကာကမ္ဘာရဲ့ဝေးသီခေါင်ဖျားတဲ့အရပ်တွေဆီမကြာခဏသွားစေခဲ့ပါတယ်။ကျွန်မတို့ကိုလဲရွေ့လျားသွားလာစေခဲ့ပါတယ်။ခရီးဝေးများမှပြန်လာတိုင်း ကျွန်မတို့ရဲ့မိတ်ဆွေများဟာ လိပ်စာဟောင်းများမှာ ဆက်လက်နေထိုင်လျက်ရှိတာကို ကျွန်မ အံ့သြစွာတွေ့မြင်ရပါတယ်။