Sunday, November 20, 2011

မန္တလေးမြို့ အိုးဘိုထောင်အတွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် ပရဟိတဘုန်းတော်ကြီးတစ်ပါးက ခေါ်ယူမွေးစား

မန္တလေးမြို့ အိုးဘိုထောင်အ တွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင်စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်း ဆရာတော်က နိုဝင်ဘာလ ၁၇ ရက်နေ့က ခေါ်ယူမွေးစားခဲ့ကြောင်း သတင်းရရှိသည်။

''ကလေးအမေက ကိုယ်ဝန်ကြီးနဲ့ ထောင်ထဲကို ရောက်လာတယ်။ မွေးဖွားခါနီးမှာ ထောင်ဆေးရုံကတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံကို ပို့ပေးခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တယ်လို့ သိရတယ်။ ကလေးက ထောင်ထဲမှာ ၇ နှစ် လောက်နေ ခဲ့ရတယ်။အခုမွေးစားတဲ့ သူပေါ်လာတယ်။ အခုလို မွေးစားတဲ့သူပေါ်လာတဲ့အတွက် ကလေးရဲ့ ရှေ့ရေးအတွက် ကောင်းသွားတာပေါ့'' ဟု ကလေးမိခင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကလေးငယ်၏ မိခင် ကျန်းမာရေးမကောင်းသဖြင့် ပြင်ပတွင် ဆေးကုသမှုခံယူစဉ် နီးစပ်သူများက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင် စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်းသို့ ဆက် သွယ်ပေးခဲ့ကြောင်း သိရသည်။

''ကလေးရဲ့ မိခင်ကျန်းမာရေး မကောင်းလို့ ဗဟိုအမျိုးသမီးဆေးရုံမှာ အမျိုးသမီးရောဂါနဲ့ ဆေးလာကုတော့ ကလေးကပါလာတယ်။ နီးစပ်သူတွေက ဘုန်းဘုန်းနဲ့ လှမ်းဆက်သွယ်တယ်။ ဒါနဲ့ကလေးကို မွေးစားဖြစ်သွား တယ်။ ကလေးပုံစံလေးက ချစ်စရာလေးပါ။သူ့မှာအပြစ်မရှိဘဲနဲ့ ထောင်ထဲမှာ နေနေရတာ မကောင်းပါဘူး''ဟု အာရှအလင်းရောင် ဆရာတော်ဘဒ္ဒန္တစိန္တိတက မိန့်ကြားသည်။

အိုးဘိုအကျဉ်းထောင်အတွင်း ၇ နှစ်ကြာ နေထိုင်ခဲ့သော ကလေး၏ အမည်မှာ မသွန်းဝသန်ဖြိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က မွေးဖွားခဲ့ကြောင်း၊ လက်ရှိတွင် အသက် ၇နှစ် ၃ လရှိပြီဖြစ်ကြောင်း၊ မိခင်ဖြစ်သူမှာ ထောင်ဒဏ် ၂၆ နှစ် ကျခဲ့နေရသော အကျဉ်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/

Friday, November 18, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကြေညာချက်အရ သိရသည်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
အဆိုပါဆုံးဖြတ်ချက်မကြေညာမီတွင် "ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက် ၂ ရပ်မှာ
(၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်
(၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဟူ၍ ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး တက်ရောက်လာသူတစ်ဦးကို တွေ့ရစဉ်
ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် သတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအားတွေ့ရစဉ်
Ref: http://www.news-eleven.com/

Monday, November 14, 2011

၁၄-၁၁-၂၀၁၁ မွန်းလွဲ ၁း၀၀ နာရီတွင် N.L.D. ရုံးတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်/သံ

------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (၁၄ နိုဝင်ဘာလ ၂၀၁၁)

Saturday, November 12, 2011

မစုစုနွေး၏ပြည်မြို့ခရီးစဉ်ရုပ်/သံ

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးဟာ သူ့ရဲ့ပထမဆုံးနယ်ခရီးစဉ်အဖြစ် ပြည်မြို့ကို သွားရောက်ခဲ့ပြီး အနီးနား မြို့နယ်နဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးရဲ့နေအိမ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အဓမ္မလယ်မြေသိမ်းခံရတာမှုတွေ ဘဏ်စုငွေပြန်မရတာတွေအပါအ၀င် အခြားအထွေထွေပြသနာတွေနဲ့ပက်သက်လို့ တောင်သူလယ်သမားတွေဘက်ကတင်ပြဆွေးေ​နွးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မကွေးတိုင်းအတွင်း စစ်စရန် ၊ ၀ဲကြီး ၊ ထောက်မ ၊ ကံမစတဲ့ကျေးရွာတွေနဲ့ ပဲခူးတိုင်းဒေသကြီးက ပန်းတောင် ၊ တလုတ်ပင် ၊ ဥသျှစ်ပင် ၊ သူရဲတန်း ၊ သီးကုန်း ၊ စတဲ့မြို့ရွာတွေက တောင်သူလယ်သမား ၁၀၀ ကျော်လောက်တက်ရောက်ဆွေးနွေးခြဲ့​ကတယ်လို့လည်းသိရပါတယ်။

တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာတော့ မစုစုနွေးဟာ သွေးနှင့်ခလေးကူညီရေးအဖွဲ့ရဲ့ 7 days ဆိုင်းဘုဒ်တင်ပွဲကိုသွားရောက်ခဲ့​ပါတယ်။

အဲဒီနောက် ပြည်မြို့ အန်အယ်ဒီရုံးချုပ်မှာ ဒေါက်တာဦးခင်မောင်ဝင်းကိုလည်းသွားရောက် တွေ့ဆုံခဲ့သလို ပြည်မြို့ ရွှေစံတော်ဘုရားကိုလည်းသွားရောက်​ဖူးမြော်ခဲ့ပါတယ်။

မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၂ ခွဲ ချခံခဲ့ရတာဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူ့ရဲ့ အနစ်နာခံလှုပ်ရှားခဲ့မှုတွေကြော​င့် ကနေဒါနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့က ပေးအပ်ချီးမြင့်တဲ့ လွတ်မြောက်ရေးဆု ၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်တဲ့ လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ဆု အပါအ၀င် အီတလီနိုင်ငံ Agrate မြို့က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သားဆု တွေကို ရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။
Ref:http://www.facebook.com/burmavjmedia?sk=wall

Friday, November 11, 2011

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင်ကျင်းပ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သ၀ဏ်လွှာ ပေးပို့

၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းကို ဦးဇာဂနာ၊ လှုမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ သတင်းမီဒီယာများကိုယ်စား ပြည်သူ့ခေတ်ဂျာနယ်၏ အယ် ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေးမှူး ဦးကျော်သူ၊ တိုင်းရင်းသားများကိုယ်စား ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုယ်စား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေးသမားများကိုယ်စား Generation Wave မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမှ ကိုအောင်ထွန်း၊ လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။ 
ထို့နောက် ဦးဇာဂနာက "ကျွန်တော် တကယ် အမှန်ပြောရရင်တော့ ဆုမတောင်းတော့ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ရင်ထဲမှာမတူညီတဲ့ဆန္ဒတွေ အားလုံးရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ဆန္ဒတွေ အားလုံး ဒီကနေ့ကစပြီး ပြည့်ကြပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ် ခင်ဗျာ" ဟု ပြောကြားခဲ့သည်။
ထို့နောက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ကဗျာအား အဆိုပါပုဂ္ဂိုလ် ၁၁ ဦးက ရွတ်ဆိုခဲ့ကြသည်။ 
 ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖတ်ကြားခဲ့ရာ ယင်းသ၀ဏ်လွှာ အပြည့်အစုံမှာ "အရာခပ်သိမ်းသည် အမြဲ မပြတ် ပြောင်းလဲနေသည်။ ကာလဒေသအခြေအနေနှင့် လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ရေးသည် မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း သက်ဝင်လှုပ်ရှားရန် လိုသည်။ ထိုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပြုလုပ်နေမှသာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လိုအပ်မည့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုရမည်ဖြစ်ပါသည်။" ဟူ၍ဖြစ်သည်။

အခမ်းအနားတွင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှတ်တရစကားပြောကြားခဲ့သည်။ ယင်းအပြင် ကိုမင်းကိုနိုင်၏ မိခင်ဒေါ်လှကြည်ကလည်း အမှတ်တရစကားပြောကြားခဲ့သည်။
ထို့နောက် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဂုဏ်ပြုရန် မတက်ရောက်နိုင်သေးသည့်သူများ၊ ဂုဏ်ပြုခံနိုင်သည့်နေရာတွင် မရှိသည့်သူများ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူများ အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် စားပွဲနံပါတ် ၁၁ ကို နေရာ လွတ်အဖြစ် ထားရှိပြီး ၎င်းတို့ ကိုယ်စား ဂုဏ်ပြုစီစဉ်ထားရှိခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများ၏ မိသားစုဝင်များက အဆိုပါစားပွဲဝိုင်းတွင် ဆုတောင်းခဲ့ကြသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ ကျင်းပခဲ့သည့် ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊ ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 
Ref:http://www.news-eleven.com/

အသံတွေကြားနေရတယ်

အသံတွေကြားနေရတယ်

ထိုင်ဆိုထိုင် လျှောက်ဆိုလျှောက်
ပြောဆိုပြော ရေးဆိုရေး
မြင်ဆိုမြင် ကြားဆိုကြား
ဝင်ဆိုဝင် ထွက်ဆိုထွက်နေရတဲ့ခေတ်ကြီးထဲ၊

အသံတွေကိုကြားနေရတယ်
ပျော့ပြောင်းနေပါပြီ(မာနေတာတွေ၊မပြောင်းတာတွေကိုမစဉ်းစားဘူး)
ခဏခဏတွေ့ နေတာပဲ(စောင်းကြိုးတွေကုန်တာထည့်မပြောဘူး)
အရှေ့ အနောက်ကလူတွေလာနေပြီ(ခရီးစရိတ်တွေသာကုန်ပြီးပြန်တာမသိဘူး)
လွှတ်နေပါပြီ လွှတ်အုံးမှာပါ(ဆင်ကြီးကိုခွေးမျှော်သလို)
ဥပဒေတွေပြင်နေပါပြီ(ဟိုကလေလည်လိုက်တာကိုအမြီးလေးတနှန့် နှန့် )၊

အသံတွေကိုကြားနေရတယ်
တရားဝင်မှတ်ပုံတင်ပါ(တရားဝင်ဖြစ်နေတာနားမလည်ဘူး)
လွှတ်တော်ထဲဝင်ပါ(မိအေးနှစ်ခါနာရအောင်၊လွှတ်တော်ပြင်ပရဲ့ တန်ဘိုးကိုနားမလည်ဘူး)
၂၀၀၈ကိုလေးစားပါ(စစ်ဖိနပ်အောက်တိုးဝင်နေမှန်းမသိဘူး)
အသံတွေကြားနေရလား
ကြားရင်အကြောင်းမပြန်နဲ့ ။

မြတ်သစ်(dawn)