Tuesday, June 15, 2010

Strong quake hits eastern Indonesia

An earthquake with a preliminary magnitude of 6.4 has hit eastern Indonesia.

Indonesian authorities issues a tsunami warning after the quake early on Wednesday.

Residents say the earthquake, which struck off Papua province in the east, caused panic, but there were no initial reports of damage or casualties.
The US Geological survey said the quake was centred 33km beneath the ocean floor.
မူရင်း http://english.aljazeera.net/

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား


နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။
 
သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ)လ (၁ဝ)ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။ 

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။
ခေတ်ပြိုင်မှ

ဒုက္ခပေးပြန်ပြီ ကြက်ဆူပင်

ယခင်နှစ်များတွင် စိုက်ပျိုးရန် ပြင်ဆင်နေရသော ကြက်ဆူပင်များ (ဓါတ်ပုံ-KNYO)“

မိုးဦးကာလချိန် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးရေးကို အလေးထား စိုက်ပျိုးနေကြချိန်တွင် စစ်အစိုးရမှ ဌာနဆိုင်ရာ ၀န်ထမ်းများက လည်း ကြက်ဆူပင် အစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရန် အလုပ်များနေကြသည်ကို တွေ့ရှိရသည်။

Friday, June 11, 2010

သမိုင်းထဲကအမေ


သမိုင်းထဲကအမေ
(ဆွေနိုင်)

အမေ့ရွာမှာ
စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့
ရာသီမဲ့ ညတာများ
ရှည်လွန်းအားကြီးတယ်
ဝင်ချည် ထွက်ချည်နဲ့  ။

Monday, June 7, 2010

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ

ဆုတ်ကပ်ထဲကလုပ်ဇာတ်ပွဲ
(ဆွေနိုင်)

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
လူတစ်စုရဲ့ခံတုတ်ကျင်းဖြစ်တယ်။

နာဂစ်ကိုအခြေပြု
လူသေအလောင်းတွေထဲကထွက်လာတဲ့
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ကျွန်ပြုရေး နည်းစနစ်”ပုဒ်ထီး ပုဒ်မ”တွေနဲ့
ပြည်သူလူထုကို လူလုံးမလှအောင်လုပ်မှာလည်းဖြစ်တယ်။

ပြည်တွင်းဖြစ် ပြည်တွင်းစစ်ကြီးထဲ
သဲလက်တစ်ဆုပ်လောက်နဲ့
ကျတ်မပြည့်သူတွေ
ကျတ်ပြေးမှာ
ငရဲပြည်တည်ဆောက်
တိုင်းပြည်ကြီး ငါးပါးမှောက်
သံဃာစင်ပါပျောက်

မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်ကြီး
နာဂစ်ကျရောက်
ဧရာဝတီမှာ လူတွေပျောက်
ဒီရေတောတွေပျောက်
သစ်တောတွေလည်းပျောက်
ရှေးဟောင်းပစ္စည်းတွေ မှောင်ခိုဈေးကွက်ရောက်
လူတောတွေလည်း မှောင်ခိုဈေးကွက်ရောက်
ကျွဲ၊နွားတိရိစ္ဆာန်တွေ
ထိုင်းနိုင်ငံက သားသတ်ရုံတွေရောက်
မြစ်ကြီး၊ မြစ်လတ်၊ မြစ်ငယ်၊ အင်းအိုင်တွေ
ရေခမ်းခြောက်
မြို့ကြီး၊ မြို့ငယ်၊ မြို့လက်တက်တွေ
ဗုံးများပေါက်
မီးတွေလည်းဟုန်းဟုန်းတောက်

သဘာဝပတ်ဝန်းကျင် အထိန်းအကွတ်မရှိ
မင်းကျင့်တရားမရှိတဲ့ မင်းတွေ
ပြည်သူတွေ ထမင်းငတ်နေတာသူတို့မသိ
ပြည်သူတွေ မီးငတ်နေတာ သူတို့မသိ
ပြည်သူတွေ ရေငတ်နေတာ သူတို့မသိ

ပြည်သူ့အာဏာကို
အဓမ္မနည်းနဲ့ ရယူထားသူတွေ
ပြည်သူကိုကျေးဇူးကန်းသူတွေ
တိုင်းတစ်ပါးရဲ့
စီးပွားရေးနယ်ချဲ့ခေတ်သစ်ကိုလိုနီတွေ ကို
မျက်နှာချိုသွေး
အမိမြေရဲ့အထွေထွေထွက်ကုံပစ္စည်းမှန်သမျှအကုန်ပေး
သူတို့ချမ်းသာတည်မြဲရေးပဲသိတယ်

ဆုတ်ကပ်ထဲမှာလုပ်ဇာတ်ပွဲ
လူသတ်ဂိုင်း ကြံ့ဖွဲ့ကို ပါတီဖွဲ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို ဗိုလ်ချုပ်ကြီးတွေလူဝတ်လဲ
အာဏာတည်မြဲရေးအတွက်
ရေတို ရေရှည်စီမံကိန်းတွေဆွဲနေလေရဲ့။ ။

Sunday, June 6, 2010

Inside the secret city - Burma



----------------------------------------------------------------------------------------

---------------------------------------------------------------------------------------------------------
Myanmar's military ambitions
(အယ်လ်ဂျာဇီးယား ရုပ်သံစဆုံး)

Saturday, June 5, 2010

ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့၏ သတင်းများ ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့


ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ်မှ သတင်း ထောက် မအေးသူစံတို့၏သတင်းများသည် တရားရုံးတွင် ရုံးတင်စစ်ဆေးနေပြီ ဖြစ်သောကြောင့် တရားစီရင်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ခြင်း အတွက် ဂျာနယ်စာမျက်နှာ များတွင် ဖော်ပြခွင့် မပြုတော့ကြောင်း သိရှိရသည်။ ယင်းသတင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် တရားရုံးမှ ၂ဝ၁ဝ ဇွန်လ (၃)ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃/၅ဝ၆)အရ တရားရုံးတင် စစ်ဆေးနေဆဲကာလ ဖြစ်သဖြင့် ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြရေးသားလျှင် နိုင်ငံတော်၏ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးကို များစွာ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ယခုကဲ့သို့ မဖော်ပြခြင်း ဖြစ်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။ ပုဒ်မ(၃၂၃)သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ(၅ဝ၆)သည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ပြည်ပ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းသို့ အင်တာဗျူး ဖြေဆိုခဲ့ရာတွင် သူမကိုယ်တိုင် သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပုံနှင့် သူမ ဘာတွေ ပြောခဲ့သည်ကို အသေးစိတ်ရှင်းရှင်း ပြောဆိုမသွားသည်ကိုလည်း တွေ့ရှိခဲ့ရပေသည်။ ယင်းဖြစ်ရပ်များ ဖြစ်ပွားချိန်တွင် မျက်မြင်သက်သေများကို တရားရုံးမှ သက်သေအဖြစ် ထွက်ဆိုရန် စစ်ဆေးခဲ့ချိန်တွင် ဟဲလိုမဂ္ဂဇင်းမှ ကိုဘုန်းနေလ၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ကိုသန့်ဇင်အောင်တို့သည် တရားရုံးတွင် သရုပ်ဆောင် ထက်ထက်မိုးဦး မအေးသူစံ အပေါ် မည်သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်။ ပါးစပ်မှလည်း မည်သို့ ပြောဆိုသွားသည်များကို မျက်မြင်တွေ့ခဲ့သူ အထက်ပါ သုံးယောက်မှ တရားရုံးတွင် ထွက်ဆိုသွားသည်ဟု 7 Day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောဆိုသည်။ ပါဖက်ဂျာနယ်မှ မသက်သည် တရားရုံးသို့ ရောက်ရှိမလာခဲ့ကြောင်း တရားလိုများဘက်မှ ပြောဆိုခဲ့သည်ကိုလည်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ မသက်သည် ထက်ထက်မိုးဦးက စည်းရုံးနိုင်ခဲ့ခြင်းကြောင့် တရားရုံးသို့ မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ သတင်းရပ်ကွက်တွင် သတင်းများ ထွက်ပေါ်နေသည်။
7 Day News ဂျာနယ်မှ အယ်ဒီတာများက အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့သို့ တိုင်တန်းမှုများ

ပြုလုပ်ခဲ့ရာ ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး သူမ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက် (၁)စောင် ထုတ်ခဲ့သည်။ အဆိုပါ ဝမ်းနည်းစွာ ရှုတ်ချကြောင်း ကြေညာချက်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 7 Day News ဂျာနယ်မှ တိုင်တန်းမှုတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့၏ ဦးဆောင်နာယကမှာ ပြန်ကြားရေး ဝန်ကြီးဦးကျော်ဆန်း ဖြစ်သည်။

7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင်သရုပ် ဆောင်ထက်ထက်မိုးဦးတို့ အပြန်အလှန်ပြောခဲ့ကြသည်များကို The Voice ဂျာနယ်မှ ပြန်လည် ကူးယူ၍ ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခု လက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူး ကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေ ဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး ။ ။ အစ်မရဲ့ ကျန်းမာရေး အခြေအနေအရ နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုး ဖြစ်သွားတာ အစ်မ ဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။
မေး ။ ။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှု တွေကို အစ်မဘယ်လိုမျိုး ခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟုဆိုသဖြင့် အဆိုပါသတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့နောက် မအေးသူစံ အပြင် ရောက်သောအခါ ထက်ထက်မိုးဦးမှာ အပြင်သို့ ကြိုတင် ရောက်နေပြီး မအေးသူစံအား “ ဒီမေးခွန်းတွေကို ဘယ်သူ မေးခိုင်းတာလဲ”ဟု ဆိုကာ မအေးသူစံ၏ ဆံပင်ကိုဆွဲပြီး လည်ပင်းကို ၄င်း၏ လက်ဖြင့် ညှစ်သည်။ ပြီးနောက် ပါးကို လှမ်းရိုက်သောအခါ ကြားမှ ဖျန်ဖြေသူများက တားဆီးထား၍ ပါးကို မထိတော့သည့် အချိန်တွင် ထက်ထက်မိုးဦးက “ငါ့ကို သက်သက် စော်ကားတာ။ နင်တို့ စာနယ်ဇင်းတွေရဲ့ နှစ်ပဲတစ်ပြား လစာကို သနားလို့ ငါဖြေနေတာ။ ငါ့ကိုဘာမှတ်နေလဲ။ ငါ့ဘ၀ငါ ထူထောင်ထားတာ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ သတ်ပစ်လိုက်မယ်။ ပွဲထဲမှာ ဖြစ်နေလို့“ဟု အခြားသတင်းထောက်များ ရှေ့တွင် ပြောဆိုပြီးမှ ခန်းမထဲသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည်။ သတင်းထောက် မအေးသူစံ၏ လည်ပင်းကို ထက်ထက်မိုးဦး၏ လက်ဖြင့် ညှစ်ထားစဉ် လက်သည်းရှည်များကြောင့် လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

မူရင်း http://snapshot-news.com/