Monday, May 10, 2010

ဘုန်းဘုန်းက ဒီလို မိန့် တော်မူခဲ့တယ် ။

ကိုစိုးမြင့်(ခ)ကိုရမ်ဘို (၂၀၆) တလပြည့် အမှတ်တရ ဆွမ်းကျွေးတဲ့ နေ့ ကဦးဥတ္တရနှင့်ကိုမြတ်သီဟအမေးအဖြေကန္တကို
Mailဖြင့်ပေးပို့လာသောကိုဌေးတင့်အားကျေးဇူးတင်ပါသည်။
 

Sunday, May 9, 2010

(နယ်သာလန်နိုင်ငံ-ပညာရံသီဝိဟာရ)မှဦးစီး၍မြန်မာမိသားစုများစုပေါင်းပြီးဗုဒ္ဓနေ့ကျင်းပ


၉ -၀၅-၂၀၁၀ နေ့က
နယ်သာလန်နိုင်ငံရောက်မြန်မာမိသားစုများစုပေါင်း၍ဗုဒ္ဓနေ့ကျင်းပကြရာ အင်္ဂလန်နိုင်ငံ
မှကြွရောက်လာသောဆရာတော်နှစ်ပါးအား နေ့ ဆွမ်း၊ခဲဘွယ်၊ဘောဇဉ်တို့ဖြင့်ဆက်ကပ်လှူဒါန်းကြပြီး
အခမ်းအနားကိုနေ့လည်(၁)တစ်နာရီတွင်စတင်ခဲ့ကြပါသည်။

(ကဗျာဆရာတင်မိုး)၏သမီး ဒေါ်မိုးမိုးနှင်းမှ အခမ်းနားမှူးအဖြစ်ဆောင်ရွက်ကာ။
ဒေါ်မေနှင်းမှ ဗုဒ္ဓဂုဏ်တော်ရွတ်ဆိုခြင်း၊ ဗုဒ္ဓနေ့သို့ရောက်လာကြသော ဓမ္မမိတ်ဆွေများမှ
(နယ်သာလန်နိုငံပညာရံသီဝိဟာရ)၏ ဥက္ကဋ္ဌ ဆရာတော်ဦးဥတ္တရထံမှ ငါးပါးသီလခံယူခြင်း။
တရားတော်နာယူခြင်း၊လှူဘွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းကြပြီး။ရေစက်သွန်ချအမျှအတမ်းပေး
ဝေကာ အခမ်းနားကိုညနေ(၅)နာရီတွင်အောင်မြင်စွာပြီးဆုံးသွားခဲ့ပါသည်။
အင်္ဂလန်နိုင်ငံမှ နယ်သာလန်သို့ကြွရောက်ရောက်လာသောဆရာတော်နှစ်ပါး
(ကဗျာဆရာတင်မိုး)၏ သမီး ဒေါ်မိုးမိုးနှင်း အခမ်းနားမှူးအဖြစ်ဆောင်ရွက်နေစဉ်
ဒေါ်မေနှင်းမှဗုဒ္ဓဂုဏ်တော်ရွက်ဆိုနေစဉ်
--------------------------------------------------------------------------------------------------
ဓာတ်ပုံများအပြည့်အစုံသို့

Friday, May 7, 2010

နေပြည်တော် ဘုန်းတော်ဘွဲ့ 

နေပြည်တော် ဘုန်းတော်ဘွဲ့ 
(ဧရာ)
ပြည်ရပ် ပြည်ရွာ ကြားလို့ မှမတော်
ရွှေ ဥာဏ်တော်စူးရှစွာနဲ့ 
ကြေညာလိုက်တာက
အဲ့ဒါ- နေပြည်တော်တဲ့ဗျာ။

တကယ်တော့
စစ်ဖိနပ်ဟောင်းတရံကို တံခွန်ထူ
အများပြည်သူ ခေါ်ဆိုနိုင်အောင်
ဆိုင်းဘုတ်ထောင် ကင်ပွန်းတပ်
ကြပ်ပြေးဆိုတဲ့အရပ်ကတော့
မြန်မာပြည်ရဲ့ နေပြည်တော်သစ်ဖြစ်လာတယ်။

မြို့ ရိုး ပြဿဒ်နဲ့ 
အမျိုးသားဗီဇာလက္ခဏာကင်းမဲ့တဲ့
အဲ့ဒီ နေပြည်တော်မှာ
ရာဇ၀င်ထဲက ပုဂံ၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ကုန်းဘောင်နန်းမြို့ တွေ
ငိုချင်းချနေတယ်။

ပြည်သူတွေ မပျော်ပါး
မသူတော်တွေ လော်လီ ဖောက်ပြား
အမှောက်အမှားများနဲ့ ခြိမ်းခြောက်
အစိမ်းပုတ်အရောင်နဲ့ 
ဖုတ်ကောင်တွေကြီးစိုးရာဒေသဟာ နေပြည်တော်ဖြစ်တယ်။

အဲ့ဒီမြေ
အဲ့ဒီအရပ်
ညစ်ထပ်ပုပ်ပွ
အပုပ်နံ့ တထောင်းထောင်းထနေတဲ့
သုဿန်တစဖြစ်တယ်။

ဂုဏ်၊ မာန် ၊ ယက္ခနဲ့ 
စစ်ဘီလူးထကြွ
မိစ္ဆာတွေပျော်မြူးကြတဲ့ ဒေသ
မြေမျို ကောင်းကင်ပြိုကျမယ့်အရပ်ဖြစ်တယ်။ ။

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၇)

မဲရဖို့ မကြံအပ်တာ လုပ်ကြ

ဖနိဒါ သောကြာနေ့၊ မေလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၂ မိနစ်
(ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် စစ်အစိုးရနှင့်နီးစပ်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက သူတို့၏ ပါတီအလံနှင့် တံဆိပ်ကို သမိုင်းဝင် ကျောင်းသားသမဂ္ဂ၏ ခွပ်ဒေါင်းအလံအား အသုံးပြုထားခြင်းအား အနုပညာ၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းမှ အထင်ကရ ပုဂ္ဂိုလ်များက ကန့်ကွက်ထားသည်။

ကန့်ကွက်သူများထဲတွင် ထင်ရှားသော စာရေးဆရာများဖြစ်ကြသည့် ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့လည်း ပါဝင်သည်။

သစ္စာမြတ်နိုးမှု အတိုင်းအတာ

ဝမ်းနည်းပူဆွေးနေသော မိတ်ဆွေရောင်ရင်းများနှင့် တပည့်များအကြားတွင် အဆိပ်ခွက်ကို ရဲရဲရင့်ရင့် လှမ်းကိုင်နေသော ဆိုကရေးတီးစ်(ဂျက်ကွက်ဇ်လူးဝစ်ဒေးဗစ်၏ ၁၇၈၇ ခုနှစ်လက်ရာ The Death of Socrates)
Written by ဇေ၀င်းနောင်
"အမှန်ပြောလျင် အကျွန်ုပ်ကို စိတ်မဆိုးလေနှင့်"
ဆိုကရေးတီးစ်
"အမှန်တရားအားလုံးဟာ တွေ့ ရှိတာနဲ့တစ်ပြိုင်နက် နားလည်ဖို့ လွယ်ကူပါတယ်။
အဓိကအချက်ကတော့ အဲဒီအမှန်တရားတွေကို တွေ့ရှိဖို့ပဲ"
ဂယ်လီလီယိုဂါလိလဲ

အမှန်တရား (တစ်နည်းအားဖြင့် သစ္စာ)ဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ ကိစ္စတစ်ခု ဖြစ်ခြင်းရှိခြင်းရဲ့ အခြေအနေမှသည် တိကျမှန်ကန်တဲ့အချက်အလက် (ဒါမှမဟုတ်) အစစ်အမှန်အခြေအနေလို့ သဘောတူညီနိုင်ခြင်း၊ စစ်မှန်တဲ့ အရာတွေ၊ အဖြစ်အပျက်တွေ၊ တကယ်ဖြစ်တည်မှုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ သဘောတူညီလက်ခံနိုင်ခြင်း၊ စံ (ဒါမှမဟုတ်) မူလပကတိအခြေအနေမှ မဖောက်ပြန်ခြင်းကို အမှန်တရားလို့ ဖွင့်ဆိုကြပါတယ်။ ရှေးသုံးအရပြောရရင် အမှန် တရားဆိုတာမှာ အပြုအမူ၊ ၀ိသေသ လက္ခဏာ၊ နုတ်ထွက်စကားတို့ မဖောက်ပြန်မှု၊ အခြားအရာများ ပြောင်းလဲသွားသော်လည်း မပြောင်းမလဲ ကြွင်းကျန်ရစ်မှု၊ ရိုးသားမှုတို့ပါ ပါဝင်ပါလိမ့်မယ်။ ဒီစံသတ်မှတ်ချက်တွေဟာ အများစုလက်ခံထား ကြတာဖြစ်ပေမဲ့ အခြားငြင်းခုံလောက်ဖွယ်ရာ ဆွေးနွေးစရာကောင်းတဲ့ အမှန်တရားဆိုတာနဲ့ ပတ်သက်တဲ့အမြင်တွေ၊ သီအိုရီတွေရှိပါသေးတယ်။

“ဘူး ဆို အဟွာမသီးဘူး ဟေ့”..