Thursday, September 1, 2011

ဆင်ခြေဖုံးက နေ့ပြန်တိုး

ဆင်ခြေဖုံးက နေ့ပြန်တိုး
“မိုးတွေရွာနေပြီ။ ဒီနှစ်အတွက် ထီးတစ်ချောင်းတော့ ၀ယ်ရအုံးမယ်။ မဖြိုးတို့ကို ထီးရောင်းဖို့ ပြောရဦးမှာပဲ”

နေ့စား အလုပ်သမားတစ်ဦး၏ မနက်ခင်း အလုပ်မသွားမီ ရေရွတ်သံသည် လူမှုဘ၀လိုအပ်ချက်၏ အစိတ်အပိုင်းတစ်ခုကို လှစ်ဟပြခြင်းပင် ဖြစ်သည်။ မန္တလေး ဆင်ခြေဖုံးရပ်ကွက်တွေက နေ့စား အလုပ်သမလေးများ၏ ဘ၀သည် ၀မ်းရေးအတွက် လှုပ်ရှားရုန်းကန်ရင်း တစ်နေ့တာအတွက် အလျင်မီနိုင်ပေမယ့် တစ်ခါး လှဖို့အတွက်၊ အသုံးအဆောင်ပစ္စည်း များအတွက်တော့ ရပ်ကွက်ထဲက နေ့ပြန်တိုး၊ နေ့ပေးရောင်းသူတွေကိုသာ အားကိုးဖွယ်ရာ ဘဏ်တိုက်ကြီးသဖွယ် မှီခိုနေရသည်။

“သားသုံးယောက် အလုပ်လုပ်တာ တစ်နေ့ကို ငွေခြောက်ထောင် ၀န်းကျင်ရတယ်။ ကုန်တင်ကုန်ချဆိုတော့ အလုပ်ရှိတဲ့နေ့ရှိပေါ့။ မရှိတဲ့နေ့ ဒီလို ပဲနေလိုက်နဲ့ အိမ်လခတစ်သောင်းခွဲ ကို ၆ လစာတင်ဖို့ ၂၀တိုးနဲ့ ချေးပြီးတင်ထားတာ တစ်နေ့ကို ၂၀၀၀ နေ့ ပြန်ပေးရတယ်။ ထမင်းမချက်ခင် နေ့ပြန်ပြန်ဖို့ ငွေ၂၀၀၀အရင်ရမှ စိတ်အေးရတယ်။”

ပန်းရံအလုပ်သမကလေးများ ၏လုပ်အားခမှာ လုပ်ကိုင်ရသည့် အဆောက်အဦပေါ် မူတည်၍ ၁၅၀၀၊ မှ ၁၈၀၀ကျပ် အထိရကာ ယောက်ျားလေး ပန်းရံဆရာ သန်လျက်ကိုင်မှာ မူ ၃၅၀၀၊၄၀၀၀ကျပ်၊ အလုပ်ကြမ်း ယောက်ျားလေးမှာ ကျပ် ၂၀၀၀ မှ ၂၅၀၀ ၀န်းကျင်ရနိုင်သည်။

“ဒီတစ်ပတ်နေ့တွက်ရတဲ့ လုပ်ခလေးကလည်း အမေနေမကောင်း တုန်းက ဆေးကုဖို့အတိုးနဲ့ ချေးထားတဲ့ငွေကို ပြန်ဆပ်လိုက်ရင် ဒီတပတ် မီးဖိုချောင် အသုံးစရိတ်မှ လောက်ပါ့မလား” ဟု နေ့စားပန်းရံလုပ်သား တစ်ဦး၏ ညည်းညူနေသံ ကိုလည်း ကြားရသည်။

မန္တလေး ဆင်ခြေဖုံးရပ်ကွက်များတွင် အများစုက နယ်မှလာရောက် အိမ်ငှားနေကာ မိမိဒေသထက် ပိုမိုအဆင်ပြေလာလေမလား ဟူသည့် မျှော်လင့်ချက်များဖြင့် လာရောက်လုပ်ကိုင်နေကြသည့် မိသားစုများ မနည်းလှပါ။ မန္တလေးမြို့အ ရှေ့ခြမ်း ရွှေယဉ်မွန်၊ရွှေဂဲပွား၊ ကန်ကောက်၊ ယာဉ်ပျံ ၊ကျန်းမာရေး ရပ်ကွက်တွေဆိုသည်မှာ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နောက်တိုး ရပ်ကွက်များဖြစ်ကာ ယခင်က လယ်မြေဧကတွေကို အကွက်ချ ရပ်ကွက် အဖြစ် သတ်မှတ်ခဲ့သည်မှာ သက်တမ်းအားဖြင့် ဆယ်စုနှစ်စွန်းစွန်းမျှ သာရှိသေးသည်။ တစ်ချို့နေရာတွေ ဆို ယခုအချိန်ထိ လယ်ကွက် အနေဖြင့်သာ ရှိသေးသော်လည်း နှစ်နှစ် သုံးနှစ်အတွင်းမှာပင် မန္တလေးအခေါ် မြို့တစ်ပြ ပတ်လည်ကြီးမှာ အိမ်ယာ စီမံကိန်းတွေ၊ လုံးချင်းတိုက်ခန်းတွေ ဆောက်လုပ်လာကြတာနဲ့အမျှ အ နီးဝန်းကျင်က မြေကွက်တွေလည်း အလိုအလျောက် ဈေးတက်ခဲ့ပြန် သည်။အိမ်ငှားခဈေးတွေကလည်း ထိုနည်းတူစွာပင်။

“မြေဈေးလေးတက်လို့သာရောင်း လိုက်တယ်။ ဘာလုပ်ရမှန်းမသိဘဲ နှစ်နှစ်လောက် ထိုင်စားရင်း ပါး ပါး လာလို့ နောက်ဆုံး ကိုယ့်ဒေသကိုလည်း မခွာချင်တော့ အရင်လမ်းသာတဲ့ နေရာကနေ အခုချောင်ကျတဲ့ နေရာရောက်သွားတာပဲ အဖတ်တင်တယ်။ အလုပ်အကိုင်ကတော့ ဈေးရောင်းစရာပဲရှိတယ်။ ဒါပဲတတ် တာ”ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ မချမ်းမြေ့ဖွယ် စကားကိုလည်း ကြားမိခဲ့ပါသည်။

“သားသုံးယောက် အလုပ်လုပ်တာ တစ်နေ့ကို ငွေခြောက်ထောင် ၀န်းကျင်ရတယ်။ ကုန်တင်ကုန်ချဆိုတော့ အလုပ်ရှိတဲ့နေ့ရှိပေါ့။ မရှိတဲ့နေ့ ဒီလို ပဲနေလိုက်နဲ့ အိမ်လခတစ်သောင်းခွဲ ကို ၆ လစာတင်ဖို့ ၂၀တိုးနဲ့ ချေးပြီးတင်ထားတာ တစ်နေ့ကို ၂၀၀၀ နေ့ ပြန်ပေးရတယ်။ ထမင်းမချက်ခင် နေ့ပြန်ပြန်ဖို့ ငွေ၂၀၀၀အရင်ရမှ စိတ်အေးရတယ်။ နို့မိုဆို နောက်ရက် ၄၀၀၀ ပေးရရင် အိမ်စားစရိတ်တွက် နည်းသွားမှာလေ။ မိုးရွာရင်ဆောင်းဖို့ ထီးတစ်ချောင်းကို ငွေလေးငါးထောင် ပေးပြီး တစ်ခါထဲမ၀ယ်နိုင်တော့ တစ်နေ့ ၁၅၀ကျပ်ပေး ရပ်ကွက်ထဲ က ၀ယ်လိုက်တယ်။ တစ်ဝမ်းအ တွက် အလျင်မီအောင် စားနေနိုင်ပေမယ့် တစ်ခါး အတွက်ကတော့ ဒီလို မှ မ၀ယ်၊ မသုံးရင် မိုးမိလို့ ဖျားနာ၊ အလုပ်နား ဆေးခန်းသွားဖို့ ထပ်ပြီး ကုန်နိုင်တယ်”ဟု ဆိုသူမှာ ဖြူးမြို့ နယ်မှ မန္တလေးသို့ ရောက်နေသည် မှာ ၈ နှစ်ရှိပြီးဖြစ်သော သားသုံးယောက် မိခင်တစ်ဦး ဖြစ်သည်။

“ဗိုက်ထဲ အကျိတ်ဖြစ်လို့ ဆေးရုံတက်ခွဲရမှာမို့ ငွေကျပ်သုံးသိန်းလိုတာ အတိုးနဲ့ချေးလိုက်တာ။ တစ်လ ကို အတိုး ၃ သောင်းနဲ့ ၂ နှစ်တိတိ အတိုးဆပ်တာတောင် အရင်းမဆပ်နိုင်တာမို့ နောက်ဆုံး ဆုကြေးငွေ လိုက်ဆပ်မယ်ဆိုပြီး ဆုကြေးလိုက်တာ အချိန်ဆယ်လကြာတယ်။ ဆုကြေးလိုက်နေတဲ့ဆယ်လမှာ အတိုး မဆပ်နိုင်တဲ့အတွက် ဆုကြေးငွေလေးသိန်းရတာ အတိုးအတွက်သုံးသိန်းနှုတ်ပြီး အရင်းတစ်သိန်းဝင်တယ်။ အဲဒီလိုနဲ့ နောက်ထပ် ဆယ်လ အတိုးဆပ်ရင်း တစ်သိန်းဝင်နဲ့ ငွေသုံးသိန်းကို အတိုးချည်းပဲ ကျပ်၁၅ သိန်း ဆပ်လိုက်ရတယ်။ စုစုပေါင်း အချိန်လည်း ငါးနှစ်နီးပါး ဆပ်လိုက်ရပါတယ်။ ကျွန်မတို့က သံသရာကြွေး အပါမခံချင်ပါဘူး။ ဒီခေတ်ကြီးထဲမှာ ပစ္စည်းမပါဘဲ ထောင်ဂဏန်းတောင် ချေးငှားဖို့ မလွယ်ကူနိုင်တာ ယုံကြည်မှုနဲ့ သိန်းချီထုတ်ချေးပေးခဲ့လို့ အခု ကျွန်မအသက် ဆက်ရှင်နေရတာ” ဟု လည်း သူမကဆိုပြန်သည်။

တစ်ဝမ်းတစ်ခါး ဆိုသည့်စကားကတော့ တိုလှပါသည်။ တစ်ဝမ်းအ တွက် မပူပင်ရပေမယ့် မတ်တပ်စာ ရှိသော်လည်း တုံးလုံးစာအတွက် ကြိုတင်စုဆောင်းမှုမရှိရင် အခက်ကြုံလာတာနဲ့ အလွယ်ဆုံးနဲ့ပြေလည် အောင်ဖြေရှင်းမိကြမှာ သူသူငါငါ ပါပင်။

စက်ဘီး အသစ်တစ်စီးလျှင် ငွေကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်း ကျော်အထိဈေးရှိရာ အင်္ဂါရပ်မစုံ စက်ဘီးတစ်စီး ငှားရမ်းခတစ်နေ့ နှစ်ရာကျပ်ပေးပြီး ပန်းရံလုပ်ရတဲ့နေ့ စားအလုပ်သမားအဖို့ တစ်နေ့ ၁၅၀၀ ကျပ်ရတဲ့အခါ အိမ်ကို ဈေးဖိုးအပ်ပြီးလျှင် “အမေရယ်.... နောက်လဆိုရင် ရပ်ကွက်ဘုရားပွဲရှိလို့ သမီးကို အ၀တ်တစ်စုံလောက်တော့ ဈေးထဲက နေ အကြွေးဝယ်ပေးပါဦး။ အရင်လိုပဲ တစ်နေ့ချင်းပေးကြတာပေါ့”ဟု သင်ပန်းကုန်းကွက်သစ်နေသူ အသက် ၁၅နှစ်အရွယ် မိန်းမပျိုလေးတစ်ဦး၏ အသံကိုလည်း ကြားခဲ့ဖူးပါသည်။

ဝမ်းရေးအတွက် အသက်အရွယ် နှင့်မမျှ လုပ်ကိုင်နေရသော်လည်း အများတန်းတူ ၀တ်ချင်စားချင်စိတ် လေးများလည်း ရှိနေသည့်အတွက် ယခုလိုမှမ၀ယ်လျှင် မလွယ်ကူပေ။”ညည်းအင်္ကျီထက် ဆောင်းဝင်တော့ မယ်အေ့။ ခြင်ထောင်နဲ့စောင်ကလည်း နေ့ပြန်ပေးဝယ်ရအုံးမှာဆိုတော့ နောက်လမှပဲ တစ်ခုချင်းဝယ်ရ တော့မယ်”ဟု အမေဖြစ်သူကလည်း ညည်းတွားပြန်သည်

အချိန်ကာလတွေ ကြာမြင့်လာသည်နှင့်အမျှ ဆုတ်ယုတ်သွားသလို၊ ရပ်တန့်နေကြသလို၊ တိုးတက်နေတဲ့ သူတွေလည်းရှိပါသည်။ ယခင်က စက်ဘီးတစ်စီးနှင့် ရတနာပုံဈေးတွင် လခစားအရောင်းဝန်ထမ်းတစ်ဦး လုပ်သက်ကြာလာသည်နှင့်အမျှ ဆိုင်ရှင်နှင့်ရင်းနှီးယုံကြည်မှုရကာ အ၀တ်အထည်များကို နေ့ချင်းပေး ယူရောင်းကာ သုံးလေးနှစ်အတွင်း အခြေအနေတွေ ပြောင်းလဲလာသူ တွေလည်းရှိပါသည်။ ဈေးထဲတွင် အင်္ကျီရယ်ဒီမိတ် တစ်ထည် လက်လီ ကျပ်၃၅၀၀၊ ၄၀၀၀တန်ကို ကျပ် ၆၀၀၀၊၆၅၀၀ကျပ်နဲ့ တစ်နေ့နှစ်ရာ ပေး၊ သုံးရာစသည်ဖြင့် ယောက်ျားဝတ် အင်္ကျီ၊ ပုဆိုးများအပါအ၀င် ထီး၊ ဖိ နပ်၊စောင်၊ ခြင်ထောင်စတာတွေကို လည်း တစ်နေ့ချင်းပေးစနစ်ဖြင့် ရောင်း။ ငွေစုပြီး ဆိုင်ရှင်ကိုငွေပြန် သွင်း။ ဒီလိုနှင့်အထည်သာမက လူသုံးကုန် ပစ္စည်းတွေကိုလည်း ဒီနည်း အတိုင်း ရောင်းချလုပ်ကိုင်သူတွေ ကတော့ ရပ်ကွက်ထဲမှာ ယိုင်နဲ့နဲ့အိမ်လေးမှသည် သပ်သပ်ရပ်ရပ်၊ မြေစိုက် မှ အင်္ဂတေခင်း၊ ပန်ကာ၊ တီဗွီ အပေါ်စက် အောက်စက်တွေဖြင့် ပြည့်စုံအဆင်ပြေနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

လောကတွင် စိတ်ချမ်းသာ တတ်သော အမြင်ဖြင့်ကြည့်လျှင် စိတ်ချမ်းသာစရာကို တွေ့မြင်နိုင်သလို စိတ်မကောင်းတတ်တဲ့ အမြင်နှင့်ကြည့်လျှင်တော့ ၀မ်းနည်းစရာတွေကို ပဲ မြင်တွေ့ရမှာက သေချာပါသည်။ ဘာပဲဖြစ်ဖြစ် မန္တလေးဆင်ခြေဖုံး ရပ်ကွက်တွေမှာတော့ နေ့ပြန်တိုးပေးသူတွေနဲ့ ယူသူတွေအကြားမှာ သူ့နည်းနဲ့သူ အဆင်ပြေနေကြဆဲပင်။ တစ်ဝမ်းတစ်ခါးအတွက် ဆိုတော့ နေ့ပြန်တိုးကပင် သူတို့အတွက် အားထားရာဖြစ်နေ မှာ နောက်ထပ်ဘယ်အချိန်အထိလဲ ဆိုတာက ခန့်မှန်းရခက်သော ပုစ္ဆာတစ်ခုပင် ။ ။