Friday, March 25, 2011

မြက်ပင်ငါဟေ့…!!!!

မြက်ပင်ငါဟေ့…!!!!
ဥယျာဉ်ခြံဝင်း
ပန်းခင်းအတွက်
နွယ်မြက်သစ်ပင်
သုတ်သင်ရှင်းလင်း
မြောင်းတွင်းပစ်ခဲ့....။

မြောင်းဘောင်ကိုကျော်
ပန်းခင်းပေါ်တက်
ခေါင်းဖော်ကြီးပြင်း
ဤမြက်ခင်းလျှင်
ခုတ်ထွင်သတ်ဖြတ်
အမြစ်ပြတ်၍
မြက်ဇာတ်ကိုသိမ်း
တိန်းပြန်ပြီ....။

တကယ်မှာမူ
နေပူ မြေပူ ရေဆူနေစေ
မြက်မသေပါ၊
တောတောင်စိမ့်စမ်း
လျှိုချိုင့်ဝှမ်းနှင့်
သောင်ကမ်းပြင်အထိ
မြက်ပင်ရှိသည်....။

ပျက်လုံးမထုတ်
အဟုတ်ဆိုလျှင်
ဥယဉ်ခြံကြား
အလှထားသော
ကျောက်ပြားချပ်များ
ဆွဲလှပ်ကြည့်ပါ
*မြက်ပင် ငါတို့ သက်ရှိကျန်လို့နေပါကြောင်း။..။

ဆူးနှင်း (နယ်သာလန်)

စာညွှန်း
*မြက်ပင် = မြန်မာတနိုင်ငံလုံးရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ။