Saturday, July 25, 2009

ရိုးမ၃မှကူးယူဖော်ပြထားသောဒီစိုင်း

မြို့တော်ဟောင်းရဲ့ ကျိန်စာသင့် ညနေခင်းထဲမှာ သံချည်းတက်ဓာတ်မီးတိုင်တွေကို ခိုးယူစားသုံးနေရတဲ့ မြို့သစ်လေးခမျာ လူရိပ်တွေခိုအောင်းရာ ခေတ်မှီအဆောက်အုံ(ဦး)သစ်တွေနဲ့ မည်းနက်နေတဲ့လမ်းမကြီးတွေစည်ကားနေလို့ပေါ့။ အဲဒီမှာ့  ရပ်ကွက်ကြို ရပ်ကွက်ကြားက သာမာန်အလုပ်သမလေးရဲ့ ကြွေးနဲစာကိုတောင်ပြန်ပေးဆွဲပြီး လမ်းဆောက် တံတားခင်း နေတဲ့ကိစ္စ။ အဲဒီမှာ့  မြို့စွန် မြို့ဖျားက သာမာန်မဟုတ်တဲ့ ကလေးငယ်လေးတွေကိုတောင် ဖျားယောင်သွေးဆောင်ပြီး လူသတ်လက်နက်တွေ အတင်းအဓမ္မ အကိုင်ခိုင်းနေတဲ့ကိစ္စ။ အဲဒီမှာ့  သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ကွမ်းယာဆိုင်လေးတွေတောင် နေ့စဉ်နဲ့အမျှမျက်ခုံးလှုပ်နေရတဲ့ကိစ္စ။ အဲဒီမှာ့  ရိုးရိုးသားသားနဲ့ စားသောက်ဆိုင်လေးဖွင့်ပြီး စီးပွားရှာနေတုံ့း့  ကလေးတယောက်ရဲ့မိခင်ခမျာ သူ့မယောက်ျားလေးဈေးကအပြန် မတရားအကွက်ဆင်အဖမ်းခံရတာကို တဖွဖွပြောငိုနေရှာတဲ့ကိစ္စ။ အဲဒီမှာ့  မြန်မာစာနဲ့ဘွဲ့ရပြီး ကျောင်းဆရာမလေးအလုပ်ရတဲ့အခါ ဝေးလံခေါင်ဖျားရာ အရပ်ဒေသမှာ မြန်မာငွေတလ ငါးသောင်း(၅၀၀၀၀)ပဲရလို့ ထိုင်းနိုင်ငံမှာ ခိုးဝင်ပြီး အိမ်ဖော်အလုပ် လုပ်ရတာက ပိုဝင်ငွေကောင်းတယ်ဆိုတဲ့ကိစ္စ။ အဲဒီမှာ့  ကလေးလူကြီးတွေနဲ့ လူကြီးကလေးတွေပေါ့ ၀က်ကိုရှိခို့း့  သွားမကျိုးဘူး ဆိုတဲ့ကိစ္စ။ အဲဒီမှာ့  လူကြီးကလေးတွေနဲ့ ကလေးလူကြီးတွေပေါ့ ဂူအောင်းနေတဲ့မျောက်ကို ဆန်ကြွေး ဆီပေးပြီး မျောက်ချီးခါးနဲ့ ကြွက်တွင်းဖောက်နေတယ်ဆိုတဲ့ကိစ္စ။ အဲဒီမှာ့  ထင်းခွေမကြုံပေမဲ့ ရေခပ်တော့ကြုံခဲ့တယ် အိမ်သာလို့ ဧည့်လာတာတော့မဟုတ်ဘူး မိန်းမလျှာတို့ရဲ့ဧည့်ဂေဟာ ခန့်ညားထည်ဝါယောင် ဆောင်ချင်တိုင်း ဆောင်နေလေရဲ့။