Thursday, April 30, 2009

ကိုဝိုင်း
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။
အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -
(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။
ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။
(ဂ) စည်းရုံးရေး။
တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။
(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။
ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။
(င) တွေ့ဆုံဆွေးနွေးရေး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။
“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။
သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။
အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်
(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။
(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။
(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။
(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။
အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။
ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -
(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်
(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်
(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် -
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Saturday, April 11, 2009

ဟိုတုန်းက၊ ဒီအချိန်ခါဆို တာတန်ကူး၊ လခါတော်ပေမို့ မြောက်ပြန်လေ၊ သုန်သုန်ဖြူးလာပေါ့ ပင်ပိတောက်၊ ညှာတံရိုးရယ်နဲ့ ပင်ငုဝါ၊ ညှာတံရိုးတို့ဖြင့် စိမ်းစိုဝါ၊ ဖူးငုံပွင့်ကြတယ် ခါတော်နွေ၊ ရွက်ကြွေတောမှာ လွမ်းစာခွေ၊ သံချိုနှောနေရဲ့ ဒီမြေတကြောက ကိုရွှေဥသြ။ နေ့အခါ လှိုင်းလုံးလို၊ တရိပ်ရိပ်တက်လာ ရေပက်ခံ၊ ကိုရွှေမြန်မာတို့ ဗျိုးဟစ်ခါ၊ ပျော်မြူးကြလေရဲ့ ဆိုးတကာ၊ ညစ်ထွေ ဆေးပုံက စိတ်လွတ်ကိုယ်လွတ်။ ရပ်ကွက် ရွာ၊ မဏ္ဍပ်တကာဖြင့် ရေပန်းတွေ၊ ဖြိုင်ဖြိုင်ပွင့်ကြတယ် ပျိုကညာ၊ ယိမ်းအသင်းရယ်က သံသာယာ၊ တူးပို့သီချင်းနဲ့ ညီညီညာ၊ ယိမ်းနွဲ့အကမှာ ခြေကြွလက်လှုပ် အလှထူးကဲ။ ညအခါ တီတီတာ၊ စာအဖွဲ့ရယ်နဲ့
သင်္ကြန်ခါ၊ အခရာကျတဲ့ သံချပ်သံ၊ ညံမစဲပေဘူး ညအခါ၊ ရေသဘင်ပွဲကို နွှဲဆင်ကာ၊ တူပြိုင်ကျဲကြတယ် ရွှေမြန်မာတို့ရဲ့ ထူးတဲ့သင်္ကြန်ပွဲ။
ခုလိုခါ၊ သင်္ကြန်မျိုးမှာ ငုရွှေဝါ၊ ပိတောက်ပန်းရယ်နဲ့ သံချပ်သံ၊ အရောင်အဆင်းဟာဖြင့် ပိန်းပိတ်အောင်၊ မှောင်နေကြရတယ် မိစ္ဆာကောင်လက်အောက်က သင်္ကြန်ပွဲ ။ ။ ٭٭٭٭٭

Wednesday, April 8, 2009

အစိုးရဖြုတ်ချရေးဘန်ကောက်ဆန္ဒပြပွဲကြီး(ခေတ်ပြိုင်ဝက်ဆိုက်မှ)

(ဧပြီလ (၈) ရက်နေ့ ထိုင်းဝန်ကြီးချုပ်ရုံးပတ်လည် ဆန္ဒပြမြင်ကွင်း ဓာတ်ပုံများ)
ယနေ့သည် အာဘီဆစ်အစိုးရကို ဖြုတ်ချရန် နောက်ဆုံးပိတ်တိုက်ပွဲဟု ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်က ကြွေကြော်ပြီး ပြည်လုံးကျွတ်သပိတ်မှောက်ရန် ဆော်သြထားသည်။ ဘန်ကောက် ထိုင်းဝန်ကြီးချုပ်ရုံးဝန်းကျင်တွင် လောလောဆည် ဆန္ဒပြသူ (၃၀,၀၀၀) ၀န်းကျင်ရှိမည်ဟု ရဲက မှန်းထားသည်။ နောက်ထပ် နယ်မှလာမည့်သူများနှင့်ပေါင်းလျှင် သိန်းဂဏန်းထိရှိနိုင်သည်ဟု ဆန္ဒပြခေါင်းဆောင် များက ပြောသည်။ ယနေ့ဆန္ဒပြပွဲကို ထိုင်းနိုင်ငံတွင် အကြီးမားဆုံးအဖြစ် စံချိန်တင်အောင်လုပ်ရန် ဆန္ဒပြခေါင်းဆောင်များက ပြောဆိုထားသည့်အတွက် ဧပြီ (၈) ရက် ဆန္ဒပြပွဲ နောက်ဆုံးရ သတင်းနှင့် ဓာတ်ပုံများကို သတင်းဘလော့ပုံစံဖြင့် ခေတ်ပြိုင်မှ ဖော်ပြသွားမည်ဖြစ်သည်။ နယ်သပိတ်အဖွဲ့တွေ ဆင်းလာပြီ ဘန်ကောက် ၀န်ကြီးချုပ်ရုံးဆန္ဒပြနေသူများနှင့် ပူးပေါင်းရန်အတွက် နယ်စုံမှ တပ်ဆင်ထောက်ခံသူများ ယမန်နေ့က ဘန်ကောက်သို့ ရောက်လာသည်။ ချင်းမိုင်၊ အူဒုံ၊ ခိုးရတ်၊ ချွန်ဘူရီစသည့် နယ်စုံမှ အနီဝတ်များ ပါဝင်သည်။
စုရပ်မှာဆုံ ယနေ့မနက်ပိုင်းတွင် အနီဝတ် ဆန္ဒပြသူအချို့ ဘန်ကောက် Royal Plaza ကွင်းပြင်မှာ စုရပ်ထား လူစုသည်။ ဆန္ဒပြသူ (၁,၀၀၀) ခန့်ကလည်း ရဲဌာနချုပ်ရှေ့မှာ စုဝေးနေကြသည်။ ၎င်းတို့သည် Royal Plaza စုရပ်မှ လာမည့်သူများနှင့်ပေါင်းပြီး ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ အိမ်သို့ ချီတက်ဆန္ဒပြမည်ဖြစ်သည်။
ပရမ်၏ အိမ်ကို လုံခြုံရေးချ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ၏ အိမ်မှာချထားသည့် လုံခြုံရေးအခြေအနေ ကို ထိုင်း ဒု-၀န်ကြီးချုပ် ဆူထက်ကိုယ်တိုင် ယနေ့ မနက်ပိုင်း စစ်ဆေးသည်။
ချီတက်ပြီ မနက် (၁၀) နာရီကျော်တွင် Royal Plaza စုရပ်မှ အနီဝတ် ဆန္ဒပြသူများ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ အိမ်သို့ စတင်ချီတက်သည်။ လူအုပ်ထိန်းမနိုင်အောင် ရုန်းရင်းဆန်ခတ်ဖြစ်လျှင် လူစုခွဲမည်ဟု ၀န်ကြီးချုပ် အာဘီဆစ်က ပြောသည်။
တပ်ဆင်မိသားစု နိုင်ငံခြားပြေးပြီ တပ်ဆင်၏ ကွာရှင်းထားသည့် ဇနီးဟောင်း ခွန်းယင်ပွန်ဂျမင်၊ တပ်ဆင်၏ ယောက်ဖ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝေါစ၀ပ်နှင့် တပ်ဆင်၏ သားသမီး (၃) ဦးလုံး နိုင်ငံခြားသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း ထိုင်းမီဒီယာပေါင်းစုံမှာ ဖော်ပြထားသည်။
လမ်းမကြီးနှင့်အပြည့် ညနေ (၄) နာရီကျော်တွင် အနီဝတ်ဆန္ဒပြသူများ ပစ်စန်နလုလမ်းကြီးအပြည့် ဖြစ်သွားသည်။ ၀န်ကြီးချုပ်ရုံး ပတ်လည်မှာလည်း နယ်မှရောက်လာသူများ ဘန်ကောက်မှ အားဖြည့်သူများဖြင့် ပြည့်ကျပ်သွားသည်။ ဟောပြောပွဲများကို သီးခြားစင်မြင့်များဖြင့် ၀န်ကြီးချုပ်ရုံးပတ်လည်မှာ ပြောဟောနေရာ သူ့နေရာနှင့် သူ လူစည်ကားနေသည်။ လုံခြုံရေးများမှာ ထိုင်းမီဒီယာက ရေးသလောက် မတွေ့ရပေ။
လူတသိန်းရှိပြီ ညနေ (၆) နာရီတွင် ဆန္ဒပြသူစုစုပေါင်း တသိန်းရှိမည်ဟု ထိုင်းရဲကမှန်းသည်။ ဆန္ဒပြသူများမှာ အများအားဖြင့် စည်းကမ်းတကျရှိနေပြီး အကြမ်းဖက်မည့် လက္ခဏာ မတွေ့ရပေ။ (၆) နာရီကျော်ကျော်တွင် ဗိုလ်ချုပ်ကြီး ပရမ်အား ထောက်ခံသူ အ၀ါဝတ်များနှင့် အနီဝတ် ဆန္ဒပြသူအချို့ ခိုက်ရန်ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။ နေ့ခင်းပိုင်းတွင် ဆန္ဒပြမှု အခြေအနေကို သုံးသပ်ရန်အတွက် ၀န်ကြီးချုပ် အာဘီဆစ်နှင့်အဖွဲ့ ဒီမိုကရက် ဌာနချုပ်တွင် အရေးပေါ် အစည်းဝေးထိုင်သည်။

Tuesday, April 7, 2009

အောင်သပြေပန်း နိမိတ်တမ်း ဘုန်းဘုန်း(၀၆-၀၄-၀၉) (မေတ္တာစိတ်ဖြင့်) အုပ်ချုပ်ကြီးစိုး အမျိုးနဲ့နိုင်ငံ ဟန်တာတွေ တခုမှမလုပ် ဘယ်သူတွေ ခေတ်နောက်ဆုတ်နေသလဲ ဘယ်သူတွေ မဖြစ်မလောက်ရှုပ်နေသလဲ ပညာရေးလဲ နတ္ထိ=(ဘာမှမရှိ) စီးပွားရေးလဲ နဧဟိ=(၀င်လာတာမရှိ) ဘာသာရေးဆိုတာ နဇနာတိ=(ဘာမှမသိ) ပေးစရာလဲ ငွေမရှိ ပြေးစရာလဲ မြေမရှိ အုပ်ချုပ်သူတွေ မြင်အောင်ကြည့် လူကြီးလုပ်တဲ့ လူတွေ မှာ တာဝန်ရှိ အတိုက်အခံ လုပ်သူဆိုပြီးကိုယ်ကျိုးရှာ ဖြစ်ရပ်တွေဟာ အများသား စစ်တပ်တွေဘဲ မှားသလား စဉ်းစား စဉ်းစား အကျဉ်းချခံနေရသူတွေအတွက် အငြင်းမပွား သိက္ခါ မရှိသူတွေသာ ယွင်းမှား နှစ်ခြောက်ဆယ်တောင်ကျော်သွားပြီ သတိထား သူ့ရဲ့နားမှာ ကြားချင်တာတွေ သူ့ပါးစပ်မှာ ပြောအပ်တာတွေ သူ့ရဲ့စိတ်မှာ မျိုသိပ်တာတွေ စာနာအသိ ဒို့မှာရှိ။ သူ့ရည်ရွယ်ချက် နိုင်ငံတွက်မို့ သူ့ရည်ရွယ်ချက် ပြည်သူတွက်မို့ သူ့ရည်ရွယ်ချက် လောကတွက်မို့ သူ့ရည်ရွယ်ချက် သူ့တွက်မပါ သူ့ခန္ခာနဲ့ သူ့မှာရှိသလောက် ဇွဲဂုဏ်ဆောက်လျှက် နောက်နောက်သမိုင်း သူမရိုင်းမို့ ပြုတိုင်းအောင်စေ သူ့တွက်ချွေသည် သပြေအောင်ပန်း သူ့လက်ကမ်း။ အကျဉ်းစံများနှင့်ပြည်သူ့အကျိုးပြုများသို့