Wednesday, April 8, 2009

အစိုးရဖြုတ်ချရေးဘန်ကောက်ဆန္ဒပြပွဲကြီး(ခေတ်ပြိုင်ဝက်ဆိုက်မှ)

(ဧပြီလ (၈) ရက်နေ့ ထိုင်းဝန်ကြီးချုပ်ရုံးပတ်လည် ဆန္ဒပြမြင်ကွင်း ဓာတ်ပုံများ)
ယနေ့သည် အာဘီဆစ်အစိုးရကို ဖြုတ်ချရန် နောက်ဆုံးပိတ်တိုက်ပွဲဟု ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်က ကြွေကြော်ပြီး ပြည်လုံးကျွတ်သပိတ်မှောက်ရန် ဆော်သြထားသည်။ ဘန်ကောက် ထိုင်းဝန်ကြီးချုပ်ရုံးဝန်းကျင်တွင် လောလောဆည် ဆန္ဒပြသူ (၃၀,၀၀၀) ၀န်းကျင်ရှိမည်ဟု ရဲက မှန်းထားသည်။ နောက်ထပ် နယ်မှလာမည့်သူများနှင့်ပေါင်းလျှင် သိန်းဂဏန်းထိရှိနိုင်သည်ဟု ဆန္ဒပြခေါင်းဆောင် များက ပြောသည်။ ယနေ့ဆန္ဒပြပွဲကို ထိုင်းနိုင်ငံတွင် အကြီးမားဆုံးအဖြစ် စံချိန်တင်အောင်လုပ်ရန် ဆန္ဒပြခေါင်းဆောင်များက ပြောဆိုထားသည့်အတွက် ဧပြီ (၈) ရက် ဆန္ဒပြပွဲ နောက်ဆုံးရ သတင်းနှင့် ဓာတ်ပုံများကို သတင်းဘလော့ပုံစံဖြင့် ခေတ်ပြိုင်မှ ဖော်ပြသွားမည်ဖြစ်သည်။ နယ်သပိတ်အဖွဲ့တွေ ဆင်းလာပြီ ဘန်ကောက် ၀န်ကြီးချုပ်ရုံးဆန္ဒပြနေသူများနှင့် ပူးပေါင်းရန်အတွက် နယ်စုံမှ တပ်ဆင်ထောက်ခံသူများ ယမန်နေ့က ဘန်ကောက်သို့ ရောက်လာသည်။ ချင်းမိုင်၊ အူဒုံ၊ ခိုးရတ်၊ ချွန်ဘူရီစသည့် နယ်စုံမှ အနီဝတ်များ ပါဝင်သည်။
စုရပ်မှာဆုံ ယနေ့မနက်ပိုင်းတွင် အနီဝတ် ဆန္ဒပြသူအချို့ ဘန်ကောက် Royal Plaza ကွင်းပြင်မှာ စုရပ်ထား လူစုသည်။ ဆန္ဒပြသူ (၁,၀၀၀) ခန့်ကလည်း ရဲဌာနချုပ်ရှေ့မှာ စုဝေးနေကြသည်။ ၎င်းတို့သည် Royal Plaza စုရပ်မှ လာမည့်သူများနှင့်ပေါင်းပြီး ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ အိမ်သို့ ချီတက်ဆန္ဒပြမည်ဖြစ်သည်။
ပရမ်၏ အိမ်ကို လုံခြုံရေးချ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ၏ အိမ်မှာချထားသည့် လုံခြုံရေးအခြေအနေ ကို ထိုင်း ဒု-၀န်ကြီးချုပ် ဆူထက်ကိုယ်တိုင် ယနေ့ မနက်ပိုင်း စစ်ဆေးသည်။
ချီတက်ပြီ မနက် (၁၀) နာရီကျော်တွင် Royal Plaza စုရပ်မှ အနီဝတ် ဆန္ဒပြသူများ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ အိမ်သို့ စတင်ချီတက်သည်။ လူအုပ်ထိန်းမနိုင်အောင် ရုန်းရင်းဆန်ခတ်ဖြစ်လျှင် လူစုခွဲမည်ဟု ၀န်ကြီးချုပ် အာဘီဆစ်က ပြောသည်။
တပ်ဆင်မိသားစု နိုင်ငံခြားပြေးပြီ တပ်ဆင်၏ ကွာရှင်းထားသည့် ဇနီးဟောင်း ခွန်းယင်ပွန်ဂျမင်၊ တပ်ဆင်၏ ယောက်ဖ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝေါစ၀ပ်နှင့် တပ်ဆင်၏ သားသမီး (၃) ဦးလုံး နိုင်ငံခြားသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း ထိုင်းမီဒီယာပေါင်းစုံမှာ ဖော်ပြထားသည်။
လမ်းမကြီးနှင့်အပြည့် ညနေ (၄) နာရီကျော်တွင် အနီဝတ်ဆန္ဒပြသူများ ပစ်စန်နလုလမ်းကြီးအပြည့် ဖြစ်သွားသည်။ ၀န်ကြီးချုပ်ရုံး ပတ်လည်မှာလည်း နယ်မှရောက်လာသူများ ဘန်ကောက်မှ အားဖြည့်သူများဖြင့် ပြည့်ကျပ်သွားသည်။ ဟောပြောပွဲများကို သီးခြားစင်မြင့်များဖြင့် ၀န်ကြီးချုပ်ရုံးပတ်လည်မှာ ပြောဟောနေရာ သူ့နေရာနှင့် သူ လူစည်ကားနေသည်။ လုံခြုံရေးများမှာ ထိုင်းမီဒီယာက ရေးသလောက် မတွေ့ရပေ။
လူတသိန်းရှိပြီ ညနေ (၆) နာရီတွင် ဆန္ဒပြသူစုစုပေါင်း တသိန်းရှိမည်ဟု ထိုင်းရဲကမှန်းသည်။ ဆန္ဒပြသူများမှာ အများအားဖြင့် စည်းကမ်းတကျရှိနေပြီး အကြမ်းဖက်မည့် လက္ခဏာ မတွေ့ရပေ။ (၆) နာရီကျော်ကျော်တွင် ဗိုလ်ချုပ်ကြီး ပရမ်အား ထောက်ခံသူ အ၀ါဝတ်များနှင့် အနီဝတ် ဆန္ဒပြသူအချို့ ခိုက်ရန်ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။ နေ့ခင်းပိုင်းတွင် ဆန္ဒပြမှု အခြေအနေကို သုံးသပ်ရန်အတွက် ၀န်ကြီးချုပ် အာဘီဆစ်နှင့်အဖွဲ့ ဒီမိုကရက် ဌာနချုပ်တွင် အရေးပေါ် အစည်းဝေးထိုင်သည်။