ညဦးယံ
ဝေါကနဲ ဝေါကနဲ
ထွက်ကျလာတဲ့
တခွပ်ခွပ်ရီသံနဲ့
ကျွမ်းထိုးမှောက်ခုံပျော်ရွှင်မှုတွေ
ကိုယ်လုံးပေါ်ဧည့်ခန်းမကြီးထဲ
မော်ဒယ်မယ်လိုလမ်းလျှောက်လို့။
ချိန်းဆိုထားပြီးသား
ဧည့်သည်တွေပေါ့
လိမ်ဖယ် လိမ်ဖယ်နဲ့
လမ်းမတွေပေါ့့် 
နှစ်ထောင့်ကိုးကို
လက်ထိုးအန်ချနေကြ။
အေးအေးစက်စက်
ညခဲကြီးထဲ့ 
ပွကြဲလန်
အသံ ဗလံတွေ
ဆူညံလို့
မီးခိုးလုံးတွေ
ဖိုးယိုဖားယားနဲ့
ဖွာကနဲ ဖွာကနဲ
ပြေးလွှား နေကြရဲ့။
ကောင်းကင်ထဲ
ရောင်စုံမီးပန်းတွေ
လက်စွမ်းပြတဲ့ည
ယမ်းစိမ်းတွေ့ 
အော်ကြီးဟစ်ကျယ်ပေါက်ကွဲလို့။
ဒါနဲ့
ဟောဒီ့ 
မှန်သားပြင်ပေါ်က
လူသားစစ်စစ်တွေပေါ့
ဟက်ပီးနယူးရီးယားလို့ 
အသံကုန်အော်ပစ်လိုက်ကြတော့တယ်။ ။
၂၀၀၈-ရိုးမ၃မှာဖော်ပြခဲ့ပြီးကဗျာဖြစ်ပါသည်။