Sunday, March 31, 2013

ကိုလိုနီခေတ် က ကုလားလူမိုက်တွေနဲ့ ပြိုင်ပီး မိုက်ခဲ့တဲ့ မြန်မာလူမိုက် လမ်းမတော် ဖိုးတုတ်

   
လမ်းမတော် ဖိုးတုတ် အကြောင်း
*********************
(PDF ဖိုင်အခက်အခဲကြောင့်...မဖတ်ရသူများကို တောင်းပန်အပ်ပါသည်..အပိုင်းများခွဲ၍ ဆက်လက်ဖော်ပြပါမည်)

ဒုတိယကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျားတွင် ရေပန်းစားအပြောများခဲ့သည့် လူပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့သည်။
သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့်လုပ်ရပ်များလုပ်ခဲ့သူတစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလအလျောက် ထူးခြားသော သူ၏လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏အမည်နာမမှာ ဟိန်းထွက် ကျော်ဇောလို့ လာသည်။

သူ၏လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ်ဘက်သို့ အလေးမသာသည့်အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။

နာမည်ကြီးသောလည်း နာမည်မကောင်း။
ကောင်းသောနှင့် ကျော်ကြားထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ်ထင်သော ကျော်ကြားခြင်းသည် နှစ်လိုဖွယ်မဟုတ်ပေ။
ကောင်းသတင်းနှင့်ကျော်ဇောထင်ရှားသူမှာ အသတ်သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင်ကတည်းက နာမည်သေသည်။ ကောင်းသောပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။

သို့စေကာမူ ..
ခေတ်ရေစီကြောင်း အခြေအနေအရသူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။
ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်းရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင်ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။

နှာခေါင်းရှုံ့ရဲသူမရှိ။ မဲ့ရိပ် ထင်ရာသူမရှိ။
နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။

သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။
ခေတ်ရေစီးကြောင်းအခြေအနေအရ စီးပွားရေးအချက်အချာကျသည့်နယ်မြေကြီးတစ်ခုလုံးမှာ သူ၏စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။
ရန်ကုန်မြို့၏ အုပ်ချုပ်ရေးနယ်ပယ်ကို တရားဝင်အုပ်ချုပ်နေသည့် ပုလိပ်အဖွဲ့ကြီးရှိသော်လည်း ပုလိပ်အဖွဲ့ကြီး၏ သြဇာသက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။

ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့်အညီ အုပ်ချုပ်သည်။
သူက ဥပဒေကို မျက်နှာလွှဲခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။
အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်းခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။
ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန်အလယ်ပိုင်းကို ပုလိပ်အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုးကိုင်တွယ်ထားသည်။ နယ်စားပယ်စားလုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။

အင်္ဂလိပ်များအုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ်တစ်ခေတ် ထွန်းကားခဲ့သည်။
လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။
လူမိုက်ကို ကြားခံအဖြစ်ထား၍ လူလူချင်း ဗိုလ်ကျစိုးမိုးသည့် စနစ်ကို ဖန်တီးပေးခဲ့သည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။
ဒါ့ကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စားရထားသူတို့နှယ် စိုးမိုးချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလတလျှောက်လုံး ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ လမ်းမတော်ဖိုးတုတ်၏ ကျော်ဇောသတင်းမှာ လျှမ်းလျှမ်းတောက်ခဲ့ခြင်းဖြစ်၏။

လမ်းမတော်ဖိုးတုတ်က တပည့်အသိုင်းအ၀ိုင်း အားကိုးနှင့် မိုက်သူ မဟုတ်။
သူကိုယ်တိုင်လည် လုပ်ရဲ ကိုင်ရဲ သတ္တိရှိသည်။
တပည့်တပန်းအသိုင်းအ၀ိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။
သြဇာညောင်းအောင်လည်း အကိုင်အတွယ် ကျင်လည်သည်။
မလှုပ်ရဲ၊ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။
ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရာတွင် အထာကျွမ်းသည်။
အချိုကြိုက်သူ အချို၊ အချဉ် ကြိုက်သူ အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။
ဘာကြိုက် သူဖြစ်သည်ကို အကဲဖမ်းကျွမ်းသလို အကြိုက်ကိုလည်း ပေးစွမ်းနိုင်သည်။
ငွေရေး ကြေးရေး အပေးအကမ်းလည်း ရက်ရောသည်။
အဲဒီအရည်အချင်းတွေကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ လူမိုက်သတ်တမ်းရှည်ကြာခဲ့ခြင်းဖြစ်၏။
လူမိုက်ခေတ်အစ၊ မတ်စတီးခန်းမန်မဆာတို့က ဟု ဆိုစမှတ်ပြုရအောင် ရန်ကုန်မြို့၏ လူမိုက်စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။

မြန်မာလူမိုက်ခေတ်မရောက်မီက ကုလားလူမိုက်ခေတ်။

ထိုစဉ်ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေနည်းသည်။
ကုလားနှင့်တရုတ်များသာ အနေများသည်။
မြန်မာလူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော ထိုထိုကာလ မြို့ဆင်ခြေဖုံးဟု ဆိုရမည်သော ရပ်ကွက်များတွင်သာ အနေများသည်။
အဓိကစီးပွားရေးလုပ်ငန်းများမှာလည်း ကုလားနှင့်တရုတ်တို့လက်ထဲတွင်ရှိသည်။
အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေးလုပ်ငန်း အတော်များများကို စိုးမိုးချုပ်ကိုင်ထားသည်။
ကုလားလူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့်သူတို့လူမျိုးများကို မြန်မာလူမျိုးများ၏အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြန်မာလူမျိုးများ သူတို့နယ်မြေထဲသို့ ၀င်ရောက်ဗိုလ်မကျစေရန် ရည်ရွယ်ချက်ဖြင့် ကုလားလူမိုက်ခေတ်ကို ထူထောင်ခဲ့ကြသည်။

ကျော်ဇောထင်ရှားသည့်ကုလားလူမိုက် ခေါင်းဆောင်မှာ မတ်စတီးခန်း။
လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။
ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့တို့၏အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းတွင် ၀င်ဆန့်သူဖြစ်သည်။
ရန်ကုန်ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။
မက်စတီးခန်းက စတီးဘရားသားနှင့်ဆက်နွယ်သည့် စပါးအရောင်းအ၀ယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ။
စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီ များ ပိုင်ဆိုင်သူ။
ကမာရွတ်တွင်ရှိသည့် မတ်စတီးဈေးကြီးကို ပိုင်ဆိုင်သူ။
ကြည့်မြင်တိုင် ဈေးကြီးလမ်းဟု အစွဲပြုခေါ်ဝေါ်ရသည့် စူရတီဘဇားဈေးကြီး၏အစုရှယ်ယာ ပိုင်ရှင်။
အစဦးပိုင်းက သူ၏လုပ်ငန်းများကို အကာအကွယ်ရဖို့အတွက် ကုလားလူမိုက်များကို လက်သပ်မွေးထားခဲ့သည်။
ထိုမှ တစ်စတစ်စ တပည့်တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် သြဇာသက်ရောက်မှုကို မိန့်မောလာသည်။
ကုလားသူဌေးများထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏အကူအညီကို ရယူလာကြရသည်။
နေရာတကာမှာ ၀င်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာမိန့်မောလာသည်။ တကယ်တော့ သူက ကိုယ်တိုင်လုပ်ရဲ၊ ကိုင်ရဲ သတ္တိကောင်း၍ ထင်ပေါ်လာသူဖြစ်လာသည် မဟုတ်။
တပည့်တပန်း အသိုင်းအ၀ိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူအပိုင်းအထိ ၀င်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။
စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေးအထိ သူ့ပိုင်နက်နယ်မြေဖြစ်လာသည်
သူကြီးစိုးထားသည့် နယ်ပယ်အဖြစ် ထင်ရှားလာသည်။ မတ်စတီးခန်း၏ အရှိန်အ၀ါမှာလည်း တောက်ထင်လာသည်။ သူ၏ အမည်မှာ အကျော်ဒေးယျ ဖြစ်လာသည်။
အုပ်စိုးသည့်အင်္ဂလိပ်တို့က သူတို့၏စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ ပေးထားသည့်လမ်းအမည်သည်ပင် သူ၏အမည်နှင့်အစားထိုးအသိအမှတ်ပြုခံလာရသည်။

အင်္ဂလိပ်တို့ပေးထားသည့် လမ်းအမည် "စတင်းမောင်ထော်လေးလမ်း"

နောက်ပိုင်း လူအများ၏အသိအမှတ်ပြု ခေါ်ဝေါ်လာသည့်လမ်းအမည်မှာ "မတ်စတီးလမ်း "
သူနေထိုင်သည့်လမ်းကို သူ၏အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည့်အထိ သူ၏အရှိန်အ၀ါ တောက်ထည်လာသည်။
သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်းဇာတ်ကားတွင်ပါဝင်သည့် ရွှေဦးထုပ်မျိုးကို သူက အဲ့ဒီကတည်းက ဆောင်းခံသူပါ။

 တကယ် ဟုတ် မဟုတ်ဆိုသည်ကိုတော့ အတိအကျ မပြောနိုင်။

ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ်စကား ဖြစ်တည်ခဲ့သည်။
သူညနေဘက် လေညင်းခံထွက်သည့်အခါ မြင်းလေးကောင်တပ်ဒေါက်တပ်ရထားကြီးစီး၍ လေညင်းခံထွက်သည်။

ထိုခေတ်က မော်တော်ကားစီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်ကပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ်ဒေါက်တပ်က ပို၍ စရိတ်က ကြီးမြင့်သည်။

လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။

သူ၏ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း၊ ဥရောပတိုက်သားတို့၏ ခန့်ထည်သော ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း ၀တ်စားဆင်ယင်ပြီး မောင်းရသည်။

ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ်စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည်ကို အထူးပြောစရာမလိုအောင် ထည်ဝါနေလိမ့်မသည်သာပါ။

တစ်ခါတရံ အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကို ပတ်၍လည်း လေညှင်းခံတတ်လေ့ရှိသည်။

လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ တောင်းမှာအကွပ်၊ လူမှာ အ၀တ် ဆိုရိုးစကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ်အဆင့်၊ ထိုထက်သာလွန်၍ ရွှေဖလားကို စိန်နားကွပ်သူပါ။

မတ်စတီးခန်းနှင့်ခေတ်ပြိုင်လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။

မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အ၀ါကြီးသော်လည်း ရန်ကုန်အရှေ့ပိုင်းမှာ သူကလည်း တစ်ဗိုလ်တစ်မင်း လုပ်နေနိုင်သူဖြစ်၏။

သော်မဆင်မှာ တိုက်တာနှင့်အကျအန နေသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံးအများအပြား ပိုင်ဆိုင်သည်။

ခေတ်အခါလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလတစ်ထောင်မှာ အငှားချထားသည့် တိုက်တာအိမ်ခြေများ ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံးလုပ်ငန်းအတွက် တပည့်လူမိုက်မွေးရင်းကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင်ဖြစ်လာသူ

မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာဆိုသည့် နာမည် အသိအမှတ်ပြုခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော်ဖိုးတုတ်လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန်တို့ မန်မဆာတို့နှင့်ဆက်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။ ကုလားလူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်းတင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ်က မခံချင်။ မြန်မာလူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့်ရနေတာလား။

မြန်မာလူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာဘဲ နယ်ကျဉ်းခံပြီး နေနေတာ သူတို့အရှိန်အ၀ါကို ကြောက်လို့လား။

မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။

လမ်းမတော်ဖိုးတုတ်က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓါတ်အခြေခံနှင့် လူမိုက်လောကထဲသို့ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း၏ ညာလက်ရုံးနာမည်ကြီး ကုလားလူမိုက် တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီးဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီကတည်းက လူမိုက်အဖြစ် ကြီးစိုးနေသူ။

နောက်ပိုင်း မတ်စတီးခန်းက လက်ရုံးတပည့်အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏အရှိန်အ၀ါနှင့် ပို၍ ဇက်ရဲ လက်ရဲ ဗိုလ်ကျစိုးမိုးလာသည်။

ကိုဖိုးတုတ်က နောင်သူ့တပည့်ဖြစ်လာသူ သောင်းတင်ဆိုသူနှင့် နှစ်ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်းသို့ ၀င်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက် သားလောက်ဖြစ်အောင် နှက်ခဲ့သည်။

မာမွတ်က သူ့ကို ဘယ်သူဝင်နှက်သွားမှန်းပင် မသိလိုက်။ ကိုဖိုးတုတ်ကလည်း နာမည်မခံ။ ခံလို့လည်း မဖြစ်။ မတ်စတီးခန်းက ပုလိပ်အဖွဲ့အပေါ် သြဇာသက်ရောက်မှ ရှိနေသောကြောင့် နာမည်မခံရဲ။

ထို့ကြောင့် . . .
ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသိုသိပ်သိပ် ပိပိရိရိ လုပ်ခဲ့ခြင်းဖြစ်၏။

ခံလှည့်မရှိ။
လုပ်လှည့်သာရှိခဲ့သည့် မာမွတ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ဖျားသွားသည်။
ဗိုလ်ကျသည့် ထီမထင်လုပ်ရပ်များ အရှိန်တန့်သွားသည်။
လမ်းမတော်ဖိုးတုတ်က သည်နည်းဖြင့် သူတို့အုပ်စုဝင် လူမိုက်များက တစ်ယောက်ပြီးတစ်ယောက် ဖြိုခဲ့သည်။

credit :Kyaw Mya Than
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ref:https://www.facebook.com/MyanmarNewsUpdates

Saturday, March 30, 2013

Friday, March 29, 2013

အင်တာဗျူး ဦးဝီရသူနှင့်တွေ့ဆုံခြင်း

 
အင်တာဗျူး
ဦးဝီရသူနှင့်တွေ့ဆုံခြင်း
ဧရာဝတီ

မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေး...ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊ ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။

ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ

ဖြေ။ ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။ ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။ ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက် ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။ ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။ ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။ ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်

ဖြေ။ ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကိုမှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။
ref:https://www.facebook.com/IrrawaddyBurmese

Wednesday, March 27, 2013

"သူ့မှာတမ်း"

"သူ့မှာတမ်း"(ရေးသူ - မင်းသုဝဏ် )

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများ မှာခဲ့လိုသနည်း။”

“မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတည်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ တိုင်ပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။”

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ ။

ref:https://www.facebook.com/photo.php?fbid=10152700821580788&set=a.10152700821080788.1073741858.729135787&type=1&theater

Tuesday, March 26, 2013

ကြည်စင်မော်ကွန်း

Type your summary here. Type the rest of your post here.

Monday, March 25, 2013

Sunday, March 24, 2013

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် မတ်လ ၂၄ရက် နေ့လယ် ၂နာရီ ၅၀မိနစ် ခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၃နာရီခန့်တွင် မီးငြိမ်းသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် ထံမှ စုံစမ်းသိရှိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ လောလောဆယ် အသေးစိတ် မပြောနိုင်သေးကြောင်း အဆိုပါဌာနမှ သိရှိရသည်။

(ရွှေရည်)
ref:The Voice Weekly

Friday, March 22, 2013

မိတ္ထီလာ အဓိကရုဏ်း ဖြစ်စဉ်များ

မိတ္ထီလာ အဓိကရုဏ်း ဖြစ်စဉ်များ ref:Myanmar News Update
 

“တို့ရွာသမိုင်း” (မင်းသုဝဏ်)

“တို့ရွာသမိုင်း” (မင်းသုဝဏ်)

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
... ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

မင်းသုဝဏ်


Thursday, March 21, 2013

“မိတ္ထီလာဖြစ်စဉ်”

“မိတ္ထီလာဖြစ်စဉ်”

  မန္တလေးမတ်(၂၀)
          ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။
          ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။
ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။
          ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။
          ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။
          ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။
          လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။
          ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။
          ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။
          ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။
          ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။
          မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။
          မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။
copy from: https://www.facebook.com/notes/wira-thu/မိတ္ထီလာဖြစ်စဉ်/234084053401777
copy from pt: The Myanma Age

မိတ္ထီလာ ဖြစ်စဉ်(၃)

မိတ္ထီလာ ဖြစ်စဉ်(၃)
 
မနက်(၈း၀၀)နာရီတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ချုပ်က
ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင်တို့ကို တွေ့ဆုံလျှောက်ထား ရှင်းပြ၊ ကယ်ဆယ်ရေး၊ ကာကွယ်ရေးအတွက် ညှိနှိုင်းသဘောတူညီမှုရရှိ (၈း၁၅)နာရီအချိန်တွင် ယျေဇမင်္ဂလာရပ်ကွက်တွင် ပိတ်မိနေသော အာရဗီစာသင်ကျောင်းအတွင်းရှိ ကျောင်းသားတစ်ရာ့ငါးဆယ်နှင့် အရပ်သားတစ်ရာခန့်တို့ကို ဝန်းရံစောင့်ရှောက်ပေးနေသော လုံခြုံေ...
ရးများကို ဝိုင်းအုံကြည့်ရှုနေသော ပြည်သူလူထုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ ကိုမင်းကိုနိုင် တို့က သြဝါဒနှင့် မိန့်ခွန်းပြောကြား၊ မေတ္တာရပ်ခံပေးကြ။

ပဌမကျော် ဓမ္မာစရိယစာသင်တိုက်အတွင်းသို့ ဝင်၍ ဒုက္ခသည်များအား အားပေးစကားပြော။ ထိုအချိန်တွင် ပိတ်မိနေသော မူလဆင်များက ဝိုင်းကြည့်နေသော လူအုပ်ကြီးထဲ အက်ဆစ်ထုပ်နှင့် ပစ်ပေါက်၊ မူဆလင်နှစ်ဆယ်ခန့်ထွက်လာပြီး တိုက်ခိုက်၊ အပြန်အလှန်တိုက်ပွဲဖြစ်၊ ကယ်ဆယ်ရေးတပ်များ နောက်ဖေးမှာဝင်၍ မူဆလင်များကို ကယ်ထုတ်နိုင်ခဲ့၊ အပြန်အလှန်တိုက်ခိုက်နေသော မူဆလင်များမှ အများစုလည်း ကယ်ဆယ်ရေးနှင့် လိုက်ပါသွားနိုင်ခဲ့၊ (၉း၀၀)နာရီတွင် ဓမ္မာစရိယစာသင်တိုက်မှ ပြန်လည်ထွက်ခွာ၊ အခင်းဖြစ်နေရာ မီးလောင်နေ၊ အာရဗီစာသင်ကျောင်းအိမ် မီးလောင်၊ လူများကို ကယ်ထုတ်သွားမှန်း လူအုပ်ကြီးမသိကြ။

(၉း၃၀)နာရီတွင် ဆေးရုံကြီးရောက် ကုတင်(၂၈)လုံးတွင် (၃)လုံးသာ နေရာလပ်ကျန်၊ လူနာအစိတ်ခန့် တုံးလုံးပလပ် အမျိုးသမီးတွေလည်းပါ၊ ဟိန္ဒူတစ်ယောက်လည်းတွေ့ရ၊ အရေးပေါ်လူနာများ ရှိနေ၍ လူနာအားလုံးနှင့်တွေ့ခွင့်မရ၊ တစ်ယောက်စနှစ်ယောက်စသာ တွေ့ခွင့်ရ။

အခင်းဖြစ်နေရာတွင် အပြန်အလှန်တိုက်ခိုက်စဉ် သေနတ်(၁၂)ချက် ပစ်ဖောက် ဟန့်တားကြောင်း သိရ၊ ပေါင်ကို ထိမှန်၍ ကျဆုံးသူ မြန်မာများလည်း ရင်ခွဲရုံမှာ ရောက်နေ၊ ရဲနှိမ်နှင်းရေး လက်ကျိုး၊ ခေါင်းကွဲသူများလည်း ဆေးရုံတက်ရာတွင်ပါ။

ရွှေညဝါဆရာတော်က လူနာတစ်ယောက် တစ်သောင်းကျပ်လှူ၊ ဦးဝီရသူက လူနာအားလုံးအတွက် တစ်သိန်းကျပ်လှူ၊ ဓမ္မာစရိယစာသင်တိုက်ရှိ ဒုက္ခသည်များ ဆန်သာဝယ်ရ ဟင်းလျာဝယ်မရ၊ ရွှေညဝါဆရာတော်က ငွေနှစ်သိန်း၊ ၈၈-မှ တစ်သိန်း၊ ဒေါက်တာ ဆန်းလှိုင်မှ တစ်သိန်း၊ ဆရာတော်ဦးဝီရသူ မှ တစ်သိန်း စုစုပေါင်း ဒုက္ခသည်များအား ငါးသိန်းလှူဒါန်းနိုင်ခဲ့။

ဆေးရုံမှ ပြန်အလာ (၁၀း၁၀)နာရီတွင် ကယ်ထုတ်လာသော ကုလားများကို စစ်တပ်နှင့် အလုံခြုံရေးတို့က အကာပကွယ်ပေးကာ ကားများဖြင့် လုံခြုံရာသို့ ပို့ဆောင်၊ ရှေ့ဆုံးမှ ဂျစ်ကားပေါ်တွင် သံဃာတစ်ပါးက သာသနာ့အလံလွှင့် ထူသွား၊ လုံခြုံရေးများက သံဃာနောက်နှင့် ဘေးမှာ အသင့်အနေအထား ရှိနေ၊ ၄င်းနောက်မှ ကုလားများတင်ဆောင်လာသော RTC-ကားများဖြင့် လာပါသွားတာတွေ့ရ၊

(၁၁း၁၅)နာရီမှာ မင်းကိုနိုင်အဖွဲ့ နှုတ်ဆက်ကန်တော့ပြီး ပြန်သွား၊ (၁၁း၄၀)မှာ ရွှေညဝါဆရာတော်ပြန်ကြွ၊ ယနေ့နှင့် မနက်ဖြန် တရားပွဲနှစ်ည (ကျောက်မဲ) ဖျက်လိုက်ရ၊ ကယ်ဆယ်ရေးနှင့် လုံခြုံရေးအတွက် စီမံဖို့ နေခဲ့ရ၊
Wira Thu
ဆရာတော် အရှင်ဝီရသူ

Wednesday, March 20, 2013

Puppet show ! talent!

 
ref:http://www.youtube.com/watch?v=kPvciIdDZAE

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းအားမာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှတရားစွဲဆို

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းအားမာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှတရားစွဲဆို
 
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုသည် ဥက္ကဌ
... ဦးဇင်ဝိုင်းအား ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စများ
ပြောဆိုခြင်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်
ကျောက်တံတား တရားရုံးသို့ သွားရောက်၍ တရားစွဲဆိုခြင်း
ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ “ နာဂစ်ရန်ပုံငွေ ကားခြောက်ကား သိန်းနှစ်ထောင်ကျော်ကို ၆၀၀နဲ့ ရောင်းစာြး့ပီး ကျန်တဲ့ တစ်ထောင်လေးရာကို ကျွန်တော်တို့က ဝိုက်လိုက်သလိုမျိုး ဖန်တီးပြောဆိုတယ်။ ကျွန်တော့် ဇနီးဘက်က အမျိုးတော်
စပ်တဲ့ မဇင်မီမီဟိန်း ရောင်းချတဲ့ လမ်းဘေးခိုးကူးခွေ
သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ
ကို ထိခိုက်အောင် ပြောဆိုတာတွေကြောင့် အသေရေ ဖျက်မှုနဲ့ တရားစွဲတာပါ’’ ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောသည်။

“ဗီဒီယို လောကကောင်းမွန်လာဖို့ အတွက် ကိုယ့်လောကထဲ
က ဘယ်သူပါပါ ဖမ်းခိုင်းခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင် အစည်း
အရုံး၊ ဗီဒီယို အခြေခံအဖွဲ့ကို အကွက်ကျကျ တိုက်ခိုက်တာပါ။
ကျွန်တော် တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အမှန်တရားကိုပဲ
ပြောပါတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေကို
ခံဖို့အသင့်ပါပဲ။ ခိုးကူးခွေ ဖမ်းမိတဲ့ဆိုင်ကလည်း ဦးဝင်းကို
တူမရဲ့ ဆိုင်ပါ ’’ ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ
ဦးဇင်ဝိုင်းက ၄င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အစ်မ သိသလောက်တော့ ဦးဇင်ဝိုင်း လုပ်တဲ့ အလုပ်တွေက စည်းစနစ်ပြောရင် ဥပဒေဘောင် အတွင်းက လုပ်တာပါ။
အစ်မတို့ ဦးဇင်ဝိုင်းကို ဥက္ကဌဖြစ် စပြီးရွေးချယ်ကတည်းက
ရုပ်ရှင်လောက တိုးတတ်ဖို့၊ ကောင်းဖို့ အတွက်ကို လုပ်တဲ့သူ
လို့ ယုံကြည်တဲ့အတွက်ကြောင့် ဦးဇင်ဝိုင်းကို ရွေးချယ်ဖို့
ထောက်ခံတယ်။ ဦးဇင်ဝိုင်းက တစ်ကယ်ကို ရုပ်ရှင်လောက
တိုးတတ်ဖို့ အတွက်ကို စေတနာမှန်မှန်နဲ့ လုပ်နေတာပဲ။ အစ်မအနေနဲ့ ပြောရမယ်ဆိုရင် ဦးဇင်ဝိုင်း လုပ်တဲ့လုပ်ရပ်
တွေကို မှန်တယ်လို့ မြင်ပါတယ်” ဟု ဒါရိုက်တာ
ကြည်ဖြူသျှင်က ပြောသည်။

“ကျွန်တော် ဒီအကြောင်းကို ဂဃနဏ မသိဘူးဗျ။ အမှန်က
တော့ အနုပညာရှင်တွေချင်း တရားစွဲတယ်ဆိုတာ မကောင်း
ဘူးပေါ့။ ညီအစ်ကို အချင်းချင်းတွေပဲ။ အကုန်လုံးက အနုပညာ
သမားတွေချင်း တစ်ဦးကတစ်ဦးရဲ့ သဘောတရားကို နား
လည်ပြီးသား ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို
အကိုလည်း အတိကျ မသိတော့ မပြောတတ်ဘူး’’ ဟု ထပ်ဆင့်
အကယ်ဒမီ ရန်အောင်က ၄င်း၏ အမြင်ကို ပြောသည်။

“ စွဲမယ်ဆိုလည်း စွဲပေါ့။ ရင်ဆိုင်ရမှာပေါ့။ ဒီသရုပ်ဆောင်
လောကတစ်ခုလုံးကတော့ ဦးဇင်ဝိုင်းဘက်က ရှိကြပါတယ်။
ကျွန်မလည်း ဦးဇင်ဝိုင်းဘက်က ရှိပါတယ်” ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ပြောသည်။

အိအိ
The Myanma Age
ref:https://www.facebook.com/photo.php?fbid=514735268568127&set=a.445129605528694.104366.439724399402548&type=1&theater

Tuesday, March 19, 2013

တကြော့ပြန် ရုပ်သံပေါ်က ဦးခင်ညွှန်

တကြော့ပြန် ရုပ်သံပေါ်က ဦးခင်ညွှန့်

အစိုးရ ရုပ်သံသတင်းတွေမှာ ပါလွန်းလို့ တချိန်က တီဗီမင်းသားလို့ လူပြောများတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကို အစိုးရရဲ့ မြန်မာ့ရုပ်မြင်သံကြား
အစီအစဉ် ဖန်သားပြင်တွေပေါ်မှာ ၁၀ နှစ်တာ ကာလအတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့ရက်အတွင်းက ပြန်လည် မြင်တွေ့ရပါတယ်။
...
မတ်လ ၁၇ ရက်နေ့က ကျိုက်ထီးဆောင်း ဆရာတော် ကြီးမှူးတဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က ကျိုက်ဓနုတ် စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေတို့နဲ့အတူ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ် တွေ့ရတာပါ။

MRTV 4 ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ဦးခင်ညွှန့်ဟာ ရွှေထီးတဆင့်ကို သယ်ဆောင်လာရင်း ယခင်တုန်းကလို သွက်လက် လန်းဆန်းနေပါတယ်။ သူရ ဦးရွှေမန်းနဲ့ အပေါင်းအပါတွေကလည်း သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံတာ မြင်တွေ့ရပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာလည်း အဆိုပါ ဓာတ်ပုံတွေအပေါ် မှတ်ချက်အမျိုးမျိုးပေး ရေးသားနေကြပြီး
ပြန်ပေါင်းထုတ်တဲ့ ပွဲလို့ သမုတ်သူတွေလည်း ပါဝင်ပါတယ်။

စိတ်ဝင်စားစရာ နောက်တချက်က ကျိုက်ဓနုတ် စေတီတော်ကြီး အကြောင်းပါ။

ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ် စေတီတော်မြတ်ကြီးဟာ တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်ကလည်း သဘာဝ ဘေးဒဏ်ကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင်မွမ်းမံ တည်ထား ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ ထပ်မံ ပြိုကျခဲ့ပါတယ်။

အဆိုပါ ကျိုက်ဓနုတ် စေတီတော်ကြီးဟာ ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီးကာ ရွှေထီးတော်တင်လှူအပြီး ရက်ပိုင်း အတွင်းမှာပဲ ပြန်လည် ပြိုကျပျက်ဆီးခဲ့ပြီး စစ်သားများ အပါအ၀င် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ
ပေါ်ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီတုန်းက သေဆုံးသူ ၂၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရှိတယ်လို့ နောက်ပိုင်း သတင်းများ ထွက်ပေါ်လာပေမယ့်
သေဆုံးသူများနဲ့ ပတ်သက်လို့ သတင်းအမှောင် ချထားခဲ့ပါတယ်။

တချိန်က မြန်မာ့ရုပ်မြင်သံကြားမှာ နေ့စဉ် မြင်တွေ့နေကျကနေ ၂၀၀၄ ခုနှစ်မှာ နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက် ရုပ်သံဖိုင် တခုကြောင့် ပွဲဆူခဲ့တာကလွဲလို့ ဦးခင်ညွှန့်ဟာ လူမြင်ကွင်းက ပျောက်ကွယ် သွားခဲ့ပါတယ်။

ယမန်နှစ် ဇန်န၀ါရီလက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး ဦးခင်ညွှန့်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ လူအများ စိတ်ဝင်စားမှု ဖြစ်စေခဲ့တာပါ။

အကျယ်ချုပ်က လွတ်လာပြီးနောက် ပထမဆုံး လူသိရှင်ကြား အငြင်းပွားဖွယ် ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း လုပ်ကြံမှုမှာ သူကယ်တင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒီပဲယင်းဒေသ အကြမ်းဖက်မယ့် လူအုပ်ကြီးကြားထဲ ရောက်သွားတဲ့
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားရေး ကြိုးပမ်းခဲ့တာ သူပါပဲတဲ့။

“လူအုပ်ကြီး ကြားထဲက သူ့ကို ဆွဲထုတ်ဖို့ ကျနော့် လူတွေကို
အဲဒီ ညမှာ လွှတ်လိုက်ပါတယ်။ သူတို့က သူ့ကို အဲဒီနားက လုံခြုံရာ စစ်တပ်စခန်းထဲ ရောက်အောင် စီစဉ်ပေးလိုက်တာပါ” လို့ ဦးခင်ညွန့်က
ပြန်ပြောပြတာကို ထိုစဉ်က ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အထူးရဲတပ်ဖွဲ့က ဦးခင်ညွှန့်အနေနဲ့ အဲဒီလို မပြောခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးခင်ညွှန့်က ရဟန်းဘောင် ခေတ္တ၀င်ရောက်နေခဲ့ပါတယ်။

ဦးခင်ညွှန့်ဟာ နေအိမ်အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း ပါတီ နိုင်ငံရေးလုပ်ရန် စိတ်ကူးမရှိဘဲ အမျိုသား နိုင်ငံရေးကိုသာ လုပ်ဆောင်မည်ဟုလည်း ပြောဆိုခဲ့ဖူးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင်လုပ်တဲ့သူက တိုင်းပြည်ရဲ့
ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာ မရှိဘူး” လို့လည်း ဦးခင်ညွှန့်က ပြောခဲ့ဖူပါသေးတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ အတွင်းရေးမှူး (၁)၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော်
ထောက်လှမ်းရေး အကြီးအကဲ စတဲ့ ထိပ်တန်းရာထူးတွေကို တာဝန်ယူခဲ့ဖူးပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာ မြန်မာ့ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ နေ့စဉ် နေရာယူခဲ့သူပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့အဖွဲ့က ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ထောင်ဒဏ် ၄၄ နှစ်၊ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တယ်။

 လင်းသန့်
ဧရာဝတီ
ref:https://www.facebook.com/pages/Myanmar-Online-News/459386844101959

Monday, March 18, 2013

စစ်အရာရှိ တချို့ အပြစ်ပေးခံရ


စစ်အရာရှိ တချို့ အပြစ်ပေးခံရ
ကချင်ကိုစစ်ဆင်ရေးထိုးတဲ့ပွဲမှာ အမိန်မနာခံလို့ ဖမ်းစီးထောင်ချလိုက်တဲ့ စစ်အစိုးရတပ် ကအရာရှိများစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
ကချင်ကိုစစ်ဆင်ရေးထိုးတဲ့ပွဲမှာ အမိန်မနာခံသဖြင့် ဖမ်းစီးထောင်ချခြင်းခံရတဲ့ တပ်မတော်သားစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန် DSA 37 (၅) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်
ကျခံနေရသောထောင်များ
ရွှေညောင်တောင်လေးလုံးထောင်- ဗျူဟာမှုး ဗိုလ်မှုးကြီးဝင်းညွန့်နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်သက်ခိုင်
ပန်းကန်ရဲဘက်စခန်း- ဗိုလ်မှုးနန္ဒကျော် နှင့် ဗိုလ်မှုးကျော်မြင့်ထွန်း
ထီးခန်းရဲဘက်စခန်း- ဒုတိယဗိုလ်မှုးကြီးစိုးမင်းလတ်နှင့် ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွန် တို့ ဖြစ်ကြောင်းသိရပါတယ်။
ref:http://komoethee.blogspot.nl/
 

Sunday, March 17, 2013

ဗိုလ်ခင်ညွန့်တို့ ချေရှုပ်လာကြပြီ

ဗိုလ်ခင်ညွန့်တို့ ချေရှုပ်လာကြပြီ

ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်က ယခု လွှတ်တော် ဥက္ကဌ ဗိုလ်ရွှေမန်းကို အကြံပေးနေတယ်၊ ဗိုလ်ရွှေမန်းက ဗိုခင်ညွှန့်ကို လိုအပ်ရင် လိုအပ်သလို အပြေးကလေး သွားတွေ့တတ်တယ်တဲ့။
ခင်ရွှေပိုင်တဲ့ ကုမ္မဏီနှစ်ခုထဲမှာ ဗိုလ်ခင်ညွန့်တိ...
ု့က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဘိုး ထည့်ထားတယ်၊ ရွှေမန်းသားအောင်သက်မန်းတို့ထဲမှာလဲ အစုရှယ်ယာပါတယ်။
ဗိုလ်သန်းရွှေက ဦးပိုင်ကိုပြောတယ်၊ ဒီကောင်ကို ပစ်မထားနဲ့တဲ့၊ အခု ဦးပိုင်ကနေ ဗိုလ်ခင်ညွန့်ကို မြန်မာငွေ တလ သိန်း ၂၀ စပေးနေပါပြီ။
ဗိုလ်ခင်ညွန့်တို့ ကျောက်တန်းမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတခု လုပ်ထားတယ်။ အန်ဂျီအိုသဘောမျိုးဖြစ်တယ်။ ခိုးပြီး ၀ှက်ထားတာတွေကို ဟိုလူက လှူသလိုလို ဒီလူကလှူသလိုလိုနဲ့ အခု ငွေဖြူတွေ လျော်ဖွတ်နေပြီဖြစ်တယ်။
မကြာခင်မှာ ဗိုလ်ခင်ညွန့် သား ဒေါက်တာ ရဲနိုင်ဝင်း သြစတေးလျှသွားပြီး ဘူမိဗေဒ ကုမဏီတခုနဲ့ ပုဂ္ဂလိက လုပ်ငန်းတခုအတွက် လုပ်ကိုင်မယ်လို့ဆိုတယ်။
ဒေါ်ခင်းဝင်းရွှေက ရှင်ပါဂူက အစုရှယ်ယာကို ပြန်ပြီး ရှင်းတန်းလုပ်ပေးပါလို့ တောင်းဆိုတယ်။ ရှင်ပါဂူကိုနဲ့ အေးရှားကျန်းမာရေးဟော်တယ်ဆိုပြီး ယခု ကားပွဲစားတမ်း ဟံသာဝတီမှာ နေရာဝယ်ယူဖို့ ကန်ထရိုက်နဲ့ လုပ်ပြီးပါပြီ။

ref:https://www.facebook.com/maha.mingyi.1

မုံရွာခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ပြောကြားချက်

မုံရွာခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ပြောကြားချက်

(လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်ရက်အကြာ
မတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ကြေးနီစီမံကိန်း နယ်မြေအတွင်းရှိ ကျေးရွာ ရှစ်ရွာနှင့် ကြေးနီစီမံကိန်း စက်ရုံသို့ သွားရောက...်လေ့လာခဲ့ရာတွင် ကန့်ကွက်ဆန္ဒပြမှု အချို့နှင့် တွေ့ကြုံခဲ့ရခြင်း အပေါ် မုံရွာမြို့မှ
မထွက်ခွာမီ မိနစ်ပိုင်း အလိုတွင် မီဒီယာများက မေးမြန်း ခဲ့သည်များမှ ကောက်နှုတ် ဖော်ပြ ပါသည်။)

"ကော်မရှင်ရဲ့ စီရင်ချက်ဟာ မှန်ကန်တယ်ထင်လို့ အကောင်းဆုံးဖြစ်အောင် ချတဲ့ စီရင်ချက်။ အဲဒီ စီရင်ချက်ကို အမေ တာဝန်ယူတယ်။ ဒီကိစ္စကို သဘောမတူဘူးဆိုရင် သဘောမတူပိုင်ခွင့် ရှိတယ်။ အတင်းအကျပ် သဘောတူ ရမယ်လို့ ဘယ်သူကိုမှ ပြောလို့မရဘူး။

အမေတို့ တွေ့ရှိချက်တွေအရ ရဲတွေက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူး။ မီးလောင်ဗုံး ဆိုတာလည်း မဟုတ်ဘူး။ ဒါ Smoke ဗုံး။ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေ မပြောနိုင်ဘူး။ အမေဒါကို ထုတ်တဲ့စက်ရုံမှာ ကိုယ်တိုင်သွားပြီး စမ်းသပ်ပြီးသွားပြီ။ အမေတို့သွားခဲ့တဲ့ တချို့ရွာ တွေက အစီရင်ခံစာလည်း ဖတ်မထားကြတဲ့အပြင် ရှင်းပြတာ ကိုလည်း နားမထောင်ကြဘူး။ ဒါဟာလဲ သူတို့မှာ ဟိုးအရင် ကတည်းက ပဋိပက္ခတွေ ဖြစ်ခဲ့ကြတာဆိုတော့ ပြေပြေလည်လည် လုပ်တဲ့အကျင့် မရှိသေးလို့ပါ။ ဒါကိုအမေ အပြစ် မတင်ပါဘူး။ ဒီခရီးက စည်းရုံးဖို့သွားတာ မဟုတ်ဘူး။ ရှင်းပြဖို့ သွားတာ။ အများစုက ဖတ်တောင် မဖတ်ရသေးဘူး။ ဘာလို့ မဖတ်ရလဲဆိုတော့ သတင်းစာမရလို့ ပြောတယ်”

“နိုင်ငံရေး လုပ်တယ်ဆိုတာ အမုန်းခံသင့်ရင် အမုန်းခံရမှာပဲ။ ကိုယ်မှန်တယ်ထင်တာ လုပ်လို့ရှိရင်။ အမုန်းခံရဲရမယ်။ အမုန်း မခံချင်ရင် နိုင်ငံရေး မလုပ်နဲ့။ အချစ်ခံချင်လို့ လုပ်တာဆိုရင် နိုင်ငံရေး မဟုတ်ဘူး။ အမေတို့မှာတော့ ဇာတ်ကဖို့ အချိန်မရှိဘူး"

ဓာတ်ပုံ -တုံကျေးရွာအနီးသပိတ်စခန်းအနီးတွင်တွေ့ရသည့်
ဒေါ်အောင်ဆန်းစုကြည်။ ဂျေမောင်မောင်(အမရပူရ)
ref:7Day News Journal
The Voice Weekly
See more

Thursday, March 14, 2013

ရှီကျင်ပင်းကို တရုတ်သမ္မတအဖြစ် ခန့်အပ်

ရှီကျင်ပင်းကို တရုတ်သမ္မတအဖြစ် ခန့်အပ်


ယမန်နှစ်နိုဝင်ဘာလက ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်
...
ခန့်အပ်ခံခဲ့ရသည့် မစ္စတာရှီုသည် ရာထူးမှအနားယူ
သွားသော ဟူကျင်းတောင်နေရာတွင် သမ္မတအဖြစ်
ရောက်ရှိလာသည်။ လူထုခန်းမကြီးတွင် နှစ်စဉ်ကျင်းပ
လေ့ရှိသော လွှတ်တော်စည်းဝေးပွဲတွင် အမျိုးသားပြည်
သူ့လွှတ်တော် ကိုယ်စားလှယ်၃၀၀၀က မတ်လ ၁၄ရက်
နေ့တွင် မဲပေးရွေးချယ်ခဲ့ကြသည်။

မဲပေးပွဲကို အခမ်းအနားနှင့်လုပ်ပြီး မဲပေးရွေးချယ်ကြသော်
လည်း ရလာဒ်သည် အံ့သြလောက်သော ပြောင်းလဲမှုမရှိ
ခဲ့ချေ။ မစ္စတာရှီသည် သမ္မတအဖြစ်ရွေးချယ်ကြောင်း
ကြေညာချိန်တွင် ကိုယ်စားလှယ်များကို ဦးညွတ်ခဲ့သော်
လည်း မှတ်ချက်တစုံတရာ မပြောဆိုခဲ့ပေ။ မစ္စတာ ရှီသည်
ထောက်ခံမဲ၂၉၅၂မဲရရှိခဲ့ပြီး ကန့်ကွန့်မဲ ၁မဲ၊ ပျက်ကွက်သူ၃ဦး
ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာ၈ရက်နေ့တွင် ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ်
ခန့်အပ်ခံခဲ့ရပြီး ဗဟိုစစ်ကော်မရှင်၏ စစ်တပ်ဆိုင်ရာ ထိပ်ပိုင်း အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုသမ္မတအဖြစ် ခန့်အပ်ခံရသူသည် ဟူကျင်းတောင်နှင့် နီးစပ်
သော၊ ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဖြစ်သူ မစ္စတာ လီယွန်
ချောင် ဖြစ်သည်။ အသက်၆၁နှစ်ရှိ မစ္စတာလီသည် ကွန်မြူနစ် ပါတီအရာရှိများကို ရာထူးတိုးပေးခြင်း၊ မူဝါဒဆိုင်ရာကိစ္စများတွင်
ပြည်သူများကို အကြံဥာဏ်တောင်းခြင်းများ လုပ်ခဲ့သည်။

တော်လှန်ရေးသမားဟောင်းတစ်ယောက်၏ သားဖြစ်သူ
မစ္စတာရှီသည် တရုတ်၏ အရေးပါဆုံးအဖွဲ့ဖြစ်သော
အမြဲတမ်းကော်မတီဝင် မဖြစ်မီ ၂၀၀၇နှစ်ခုနှစ်တွင်
ရှီကျန်မြို့နှင့် ရှန်ဟိုင်းမြို့တို့တွင် ပါတီခေါင်းဆောင်
ဖြစ်ခဲ့သည်။

ပါတီဥက္ကဋ္ဌအဖြစ် တာဝန်စတင်ထမ်းဆောင်စဉ် တရုတ်
မီဒီယာများက မစ္စတာရှီသည် သူ၏နေရာကို ရယူရန် အထူးတလည်လုပ်ဆောင်ခဲ့ခြင်း မရှိဟု အမွန်းတင်ခဲ့
ကြသည်။

မစ္စတာရှီက ပါတီ၏ သြဇာကိုသုံးပြီး အလွှာအသီးသီးတွင် ရှိနေသည့် ခြစားမှုကို တိုက်ဖျက်ရမည့်အကြောင်း၊ အရပ်
ဘက် မတည်ငြိမ်မှုသတိပေးချက်ကို နိုင်ငံပိုင်သတင်း မီဒီ ယာတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

မစ္စတာရှိသည် သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးခရီးစဉ် အဖြစ် တောင်အာဖရိကတွင် ကျင်းပမည့် ဘရာဇီး၊ ရုရှုား၊
အိန္ဒိယ၊ တရုပ်နှင့် တောင် အာဖရိကတို့ စည်းဝေးပွဲသို့
တက်ရောက်ရန် မတ်လကုန်တွင် သွားရောက်မည်ဖြစ်သည်။
ရုရှားသို့ သွားရောက်မည့် အစီအစဉ်ရှိကြောင်းလည်း နိုင်ငံ
ခြားရေးဝန်ကြီးက ပြောကြားသည်။
ref:https://www.facebook.com/MyanmaAgeMedia

Wednesday, March 13, 2013

အောင်ဆန်းစုကြည် အသေးစိတ် ပြန်လည်ဖြေကြားခဲ့တဲ့ ရုပ်သံ

လက်ပံတောင်း အစီရင်ခံစာနဲ့ ပက်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အသေးစိတ် ပြန်လည်ဖြေကြားခဲ့တဲ့ ရုပ်သံပါ။ လက်ပံတောင်း ဒေသခံတွေ ကြည့်ရ စေချင်တယ်။(11-3-2013) ref:https://www.facebook.com/khundeerum
 

Sunday, March 10, 2013

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက်
၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့
... ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။

အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ
သေသွားခဲ့မိတယ်။

အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ
ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။

အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။

ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက်
နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့
ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။

ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။
REF:https://www.facebook.com/#!/photo.php?fbid=546952755345367&set=a.459462620761048.101426.459386844101959&type=1&theater
 

Saturday, March 9, 2013

ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ


ဂျင်ဆင်း၏ ကျန်းမာရေး အကျိုးပြု အာနိသင်များ
 
ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည...်။ ယင်းကို လိုက်လျောညီထွေ ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။

၁။ဂျင်ဆင်းသည် စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင် ကိုလည်း မြှင့်တင် ပေးနိုင်သည်။

၂။အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်း ကိုလည်း ကာကွယ် ပေးနိုင်သည်။ ယင်းတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti-oxidants)များက အိုမင်း ရင့်ရော်ခြင်းကို ကာကွယ် စေနိုင်ရုံ သာမက အခြား နုပျိုစေသော ပစ္စည်း တစ်မျိုးဖြစ်သည့် maltol ကိုထွက်ရှိ စေသည်။

၃။တက်ကြွ ရွှင်လန်း စေသည်။ ဂျင်ဆင်း လက်ဖက်ရည်ကို သောက်သုံးခြင်းက ဦးနှောက်ဆဲလ် များကို လှုံ့ဆော် ပေးနိုင်ပြီး အာရုံ စူးစိုက်မှု၊ အတွေး အခေါ်များနှင့် မှတ်ဥာဏ်ကို ပိုမို တိုးတက် စေသည်ဟု သိရသည်။

၎။အမျိုးသား စွမ်းရည်ကို မြင့်တက် စေသည်။ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုး ဖြစ်ခြင်းကို ကာကွယ် နိုင်ပြီး အိမ်ထောင်ရေး သုခကို ပိုမို ခံစားရ စေနိုင်သော အာနိသင်ရှိပြီး လိုအပ်သော ကျားဟော်မုန်း များကို သင့်တော်သော ပမာဏအတိုင်းရှိစေသည်။

၅။ကိုယ်အလေးချိန်ကို ထိန်းချုပ် ပေးနိုင်သည်။ ဂျင်ဆင်းသည် သဘာဝမှ ရရှိသော အစာစားချင် စိတ်ကို ထိန်းချုပ်ပေးသည့် အပင်ထွက် ပစ္စည်းဖြစ်ပြီး အ၀လွန်ခြင်းကို ကာကွယ် ပေးနိုင်သည်။

၆။သွေးအချို ဓာတ်ကို ထိန်းပေး နိုင်သည်။ လေ့လာမှုများအရ ဂျင်ဆင်းသည် ဆီးချို၊ သွေးချို ရောဂါရှင် များ၏ သွေးအချို ဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် အထောက်အကူ ပြုပြီး သွေးတွင်း သကြားဓာတ် လျော့ပါး စေသော အာနိသင်လည်း ရှိနေသည်။

၇။ဓမ္မတာ ပြဿနာများကို ဖြေရှင်း ပေးနိုင်သည်။ အမေရိကန် နိုင်ငံတွင် ပြုလုပ်သော သုတေသန အရ အမျိုးသမီး များတွင် ဂျင်ဆင်းက ဓမ္မတာ လာခါနီး နာကျင်မှုကို လျော့ပါး စေနိုင်သည်ဟု သိရသည်။

သတိပေးချက်။ ။ အခြားသော ဆေးဝါးနှင့် တိုင်းရင်းဆေး အာနိသင် များကဲ့သို့ပင် ဂျင်ဆင်းသည်လည်း ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း အသုံးပြု သင့်သော အပင်ထွက် ပစ္စည်း ဖြစ်သည်။ ကိုယ်ဝန်ဆောင် များနှင့် နို့တိုက် မိခင်များတွင် အခြား ဆေးဝါးများနှင့် တွဲဖက် မသောက်သုံး သင့်ကြောင်းကို ကျန်းမာရေး ပညာရှင်များက တိုက်တွန်းထားသည်။

REF:https://www.facebook.com/royalheromedia#!/photo.php?fbid=550209311676608&set=a.452811328083074.110728.452793661418174&type=1&theater


Thursday, March 7, 2013

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan
 
ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။
...
ဆောက်လုပ်ခြင်း

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။

အော်ပရေးရှင်း

အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။

သင်္ဘောအချက်အလက်

နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။


Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ

အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
Ref: http://www.innewsmyanmar.com/2013/03/uss-ronald-reagan.html

Tuesday, March 5, 2013

လက်နက်ကိုင်ဆောင် လာသူများကို ဗာဂျီးနီးယားပြည်နယ် ပီဇာဆိုင်မှဈေးလျှော့ပေး

လက်နက်ကိုင်ဆောင် လာသူများကို ဗာဂျီးနီးယားပြည်နယ် ပီဇာဆိုင်မှဈေးလျှော့ပေး
 
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေရှိ ပီဇာအရောင်းဆိုင် တစ်ဆိုင်သည် ၎င်းဆိုင်သို့ လာရောက်စားသုံး သူများအနေနှင့် လက်နက်များ ကိုင်ဆောင်လာပါက ပီဇာရောင်းဈေး၏ ၁၅ရ...ာခိုင်နှုန်းကို ဈေးလျှော့ ရောင်းချပေးလျက်ရှိသည်။ ပီဇာဆိုင်ပိုင်ရှင်ဖြစ်သူ ဂျေကာဇီဆိုသူသည် အမေရိကန်နိုင်ငံတွင် လက်နက်ကိုင်ဆောင်ခွင့် လျှော့ချရေးဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် လက်နက်ကိုင်ဆောင်ပြီး ၎င်းဆိုင်သို့ ပီဇာလာရောက် စားသုံးသူများကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှစတင်၍ ဈေးလျှော့ရောင်းချ ပေးခြင်းဖြစ်သည်။အစောပိုင်းတွင် အချိန်ပိုင်း ဈေးလျှော့ပေးရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် မည့်သည့်အချိန်တွင်မဆို လက်နက်ကိုင်ဆောင်၍ လာရောက်စားသုံးများကို ပီဇာတန်ဖိုး ၁၅ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြန်မာ
 

Monday, March 4, 2013

မိတ်ဆွေစစ် (ရေး-အောင်ဆန်းစုကြည်)

မိတ်ဆွေစစ် (ရေး-အောင်ဆန်းစုကြည်)

အပြင်ပန်းအားဖြင့် သံမဏိစိတ်ဓာတ်ရှိပုံရတဲ့သူတွေဟာ မြန်မာ့နွေခေါင်ခေါင် အပူဒဏ်ထဲမှာ ဖယောင်းလိုပျော့ခွေကုန်ပါတယ်။ စိတ်ဓာတ်ကလွဲပြီး အမှီသဟဲပြုစရာမှန်သမျှ ချွတ်ခြုံကျအောင်လုပ်တာခံရသူ ဟာ အောက်တန်းကို ဘယ်လောက်ကျအောင် ဆင်းနိုင်သလဲဆိုတာသာမက အထက်တန်းကိုဘယ်လောက်မြင့်အောင် တက်နိုင်သလဲဆိုတာဆိုတာပါ အကဲစမ်းခံနေရသူဖြစ်ပါတယ်။

ပျော့ညံ့တဲ့အသွင်သဏ္ဍာန်ရှိ...တဲ့သူကလည်း စိတ်ဓာတ်ခိုင်မာတဲ့ အရည်အချင်းကို ပြသလာတတ်ပါတယ်။ ပေါ့ပေါ့နေပေါ့ပေါ့စားနေထိုင်တတ်သူကလည်း ကိုယ်ကျိုးစွန့်နိုင်တဲ့စွမ်းရည်နဲ့ တည်ကြည်ဖြောင့်မတ်နိုင်တဲ့ စွမ်းရည်ကို အခိုင်အမာပြလာတတ်ပါတယ်။

ဘာသိဘာသာနိုင်လှပါတယ်လို့ ထင်ရသူကလည်း ဂရုတစိုက်ပြုစုစောင့်ရှောက်တတ်တဲ့ သူနာပြုဆရာမတစ်ဦးက ခန္ဓာကိုယ် ထိခိုက်နာကျင်နေတဲ့သူတွေ၊ စိတ်ဝေဒနာထိခိုက် ခံစားနေရသူတွေ ကို သေသေချာချာပြုစုသလို နွေးထွေးစွာ သနားကြင်နာမှုရဲ့ပြယုဂ်ကို မမျှော်လင့်ဘဲနဲ့ ပြသတတ်ပါတယ်။

လောကဓံအခက်အခဲရဲ့ ၀င်းထိန်တဲ့အလင်းရောင်အောက်မှာ လူ့စရိုက်အရောင်အသွေးပေါင်းစုံဟာ ပေါ်လွင်လာပါတယ်။ လူတွေရဲ့ ပင်ကိုစရိုက် အထူးသဖြင့် သင့်ရဲ့မိတ်ဆွေပါဆိုသူတွေရဲ့ ပင်ကိုစရိုက်ဟာ ပေါ်လွင်လာပါတယ်။

လောကဓံအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ဟာ တကယ့်ကိုများပြားလှပါတယ်။ အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးကတော့ ကျွန်မတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို စူးစမ်းလေ့လာဖို့ တခြားမှာ အခွင့်အရေးတွေပေးခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ညှင်းပန်းမှုဒဏ်ကို လှလှကြီးခံခဲ့ရတဲ့ ကျွန်မတို့တစ်တွေရဲ့ အတွေ့အကြုံဟာ အခါခပ်သိမ်း သက်သောင့်သက်သာရှိတာမဟုတ်ပေမယ့် အင်မတန်ကြွယ်ဝတဲ့အတွေ့အကြုံပါ။ တရားမျှတမှုကင်းမဲ့ခြင်းနဲ့ ရက်စက်ကြမ်းတမ်းခြင်းဆိုတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ ၀တ္ထုဇာတ်လမ်းထဲမှာ ပါတတ်တာမျိုးအဖြစ်ကနေ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အန္တရာယ်မျိုးအဖြစ်ကို ပြောင်းလဲကုန်ပါတယ်။

လေးစားဂုဏ်ယူဖွယ်ရာအပြုအမူနဲ့ ဆိုးသွမ်းကြမ်းတမ်းတဲ့အပြုအမူ၊ သူရဲဘောကြောင်တာနဲ့ သူရဲကောင်းဆန်တာတွေဟာ တစ်ခါတုန်းက ကဗျာအတွေးတွေ၊ အယူအဆတွေဖြစ်ခဲ့ပေမယ့်လည်း အခုနေအခါမှာတော့ သာမန်ဖြစ်ပျက်နေတဲ့အရာတွေဖြစ်လာကာ ကဗျာရှည်ကြီးတွေမှာ ဖွဲ့နွဲ့တတ်တဲ့အဖြစ်အပျက်တွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ဘ၀ဖြစ်နေပါတယ်။

လိမ်လည်လှည့်ဖျားခြင်းနဲ့ သစ္စာဖောက်ခြင်းဟာ စိတ်ကူးကောင်းတဲ့စာရေးဆရာတွေရဲ့ ကွက်ကွက်ကွင်းကွင်း ဖန်တီးရေးသားချက်မျှသာ မဟုတ်တော့ဘဲနဲ့ ကိုယ်ရဲ့ခင်မင်မှုကို ခံစားခဲ့တဲ့၊ ကိုယ်ရဲ့မေတ္တာစေတနာကို စိတ်တိုင်းကျသုံးဆောင်ခဲ့တဲ့ မိသားစုတွေရဲ့ အဆောင်အယောင်ဖြစ်လာပါတယ်။

Judas ရဲ့အနမ်းဆိုတာ တင်စားချက်မဟုတ်တော့ပါဘူး။ မိတ်ဆွေမပီသတဲ့ သစ္စာသွေဖည်မှုကြီး ကိုယ့်ပါးပြင်ပေါ်ကို လာလာပြီး ထိပါးနေတာပါ။ ယုံကြည်လေးစားခဲ့ရတဲ့သူတွေ ဟာလည်း သူများတကာကို လိမ်လည်ဖို့လုပ်တာနဲ့ သူတို့ကိုယ်သူတို့ အတိုင်းမသိ လိမ်လည်နိုင်စွမ်းရှိပုံကို ပြသနေကြပါတယ်။

သင် နာမကျန်းဖြစ်နေတဲ့အချိန်၊ မပြည့်စုံနေတဲ့အချိန်၊ ဒါမှမဟုတ် အခက်အခဲတွေ့နေတဲ့အချိန်မျိုးမှာ၊ သင် ရန်သူရဲ့ ဖမ်းဆီးမှုခံရတဲ့အခါမျိုးမှာ၊ ဘုရင့်ရှေ့မှောက်ဝင်ရမယ့်အချိန်မျိုးမှာ၊ ဒါမှမဟုတ် အလောင်းကောင် ဘ၀ရောက်တဲ့အခါမျိုးမှာ သင့်အပေါ် သစ္စာရှိတဲ့မိတ်ဆွေဟာ တကယ့်ကို စစ်မှန်တဲ့မိတ်ဆွေဖြစ်ပါတယ်

Sunday, March 3, 2013

ကျနော် မျက်ရည် ကျခဲ့ရသော ရုပ်သံ။

copy from: Lachid Kachin fb

Saturday, March 2, 2013

စိုင်းနော်ခမ်းရဲ့ လူ့ဘ၀ နောက်ဆုံးအချိန် ဆုတောင်းပုံပါ...

စိုင်းနော်ခမ်းရဲ့ လူ့ဘ၀ နောက်ဆုံးအချိန် ဆုတောင်းပုံပါ...

သူ့မိခင်နဲ့ သူ့ကလေးတွေ ဒီပုံတွေ မြင်ရင်ဘယ်လောက်များ ကြေကွဲကြ မလည်း???????
ပေါက်ဖေါ်ကြီးခင်ဗျား တူဖြစ်တုန်း ထုထားပါ....
ပေဖြစ်တဲ့အခါကြရင်လည်း မအော်နဲ့ပေါ့ဗျာ နော့.....
ထင်းခွေ မကြုံ ရေခပ်ကြုံမှာပါ ပေါက်ဖေါ်ကြီးရယ်....
 
 စိုင်းနော်ခမ်းကို တရုတ် အစိုးရက ခွေးချီထိုင်ခုံမှာ ထိုင်ခိုင်းပြီး ဆေးထိုးသတ်တာကို .. Media ကလွှင့်သလိုပဲ .. ငါတို့မြန်မာတွေကလည်း ... သူတို့ပြည်က တရုတ်တွေ ငါတို့နိုင်ငံမှာ လာပြီး
ပြစ်မှုကျူးလွန်ရင် ... အလောင်းမင်းတရားခေတ်ကလို .. လည်မျိုကို ဝါးရင်းတုတ်နဲ့ မသေမချင်း ငုတ်တုတ်ထိုင်ခိုင်းပြီး ရိုက်သတ်တာကို Media ကနေ စိမ်ပြေနပြေ လွှင့်ပြရမယ်။။။

ငါတို့မြန်မာတွေလည်း ဒီလိုသတ်တတ်တယ်ဆိုတာ ကမ္ဘာကို သိအောင်ပြရမယ်...။ ခေတ်မကောင်းလို့ ငြိမ်နေတာ မြန်မာတွေ သွေးကြောင်တဲ့ လူမျိုး မဟုတ်ဘူး ... ခွေးမသားးးးးးးးး စောက်တရုတ်တွေ ........... သိထားး ............................................................................................စိုင်းနော်ခမ်း ဆေးထိုးသေဒဏ် ပေးခံရတာကို ......

အရှင်းဆုံး အားမနာတမ်း ဝေဖန်ရရင်တော့ .. ကိုယ့်မြန်မာအစိုးရကိုယ်တိုင် ခေတ်အဆက်ဆက် .. စောက်သုံးတစ်စက်မှ မကျခဲ့ဘူး .. ကိုယ့်လူမျိုးအတွက် အာမခံချက် ခိုင်မာမှုရှိတဲ့ .. လုံခြုံစိတ်ချရမယ့် ဥပဒေတွေ မရှိခဲ့ဘူး .. ရှိတယ်ဆိုလည်း မျက်ကွယ်ပြုတယ်။ အစိုးရအဖွဲ့က လူကြီးတွေ စိတ်ဓါတ်ကိုက ဘယ်အချိန် အမြီးကျက်မလဲ .. ဘယ်အချိန် ခေါင်းကျက်မလဲ .. ဘယ်အချိန် ပရောဂျက်ကြီးကြီး လက်ထဲရောက်မလဲ .. ဒါပဲတွေးတယ်။

အစိုးရအဖွဲ့ လူကြီးတွေ ဗိုလ်ချုပ်တွေ ခေတ်အဆက်ဆက် လာဘ်စားခဲ့လို့ တိုင်းပြည် ချွတ်ချုံကြရတယ်။ ဒီတော့ ကမ္ဘာမှာ မြန်မာဆိုတာ မျက်နှာမွဲ မျက်နှာပြာနဲ့ အကြွေးပတ်လည် ဝိုင်းနေတဲ့ သနားစရာ နိုင်ငံလေးအဖြစ် ရပ်တည်နေရတယ်။ ဒီတော့ လိုသလောက် ပိုက်ဆံကို ထုတ်ချေးပေးနိုင်တဲ့ တရုတ်နိုင်ငံကို ဖင်မရတယ်။။။ မျက်နှာလုပ်ရတယ်။ စိတ်အကွက်မခံရဲဘူးးး။။

ဒါကြောင့် ကိုယ့်နိုင်ငံသား ဘယ်လိုပဲ သူများနိုင်ငံမှာ ပြစ်မှုကျူးလွန်ပါစေ ... ယက်ထောကိစ္စမှာ ... အမေရိကန်နိုင်ငံ အစိုးရ သူ့လူသူ ပါအောင် ပြန်ခေါ်သွားတယ်။။။ ဘယ်နိုင်ငံမှာ ပြစ်မှုကျူးလွန် ကျူးလွန် ... အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံသားကို သက်သာအောင် ... ကူညီပေးတယ်။..........................................................စိုင်းနော်ခမ်းရဲ့ လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့
စိတ်ဓါတ်ကိုတော့ ကြိုက်တယ် ။။။ (ပြုံးနေတာဘဲ...မျက်နှာတစ်ချက် မပျက်ဘူး သွေးမကြောင်သွားဘူး)................................................. Kyaw Swar Myint
တရုတ်အစိုးရက သူ့ကို သေဒဏ် မပေးခင် (၂၈)ရက်နေ့မှာ ထောင်က
ထုတ်လာပြီး သတင်းသမားတွေ ရှေ့မှာ ပွဲထုတ် လူလုံးပြပြီး တိရိစ္ဆာန်တစ်ကောင်လို ကြိုးနဲ့တုတ်ပြတာကတော့ လူမဆန်တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်တော် အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။

လူသတ်သမားတစ်ယောက် ဖြစ်နေသည့်တိုင် လူသားတစ်ဦးအနေနဲ့
သူ့ရဲ့ ဂုဏ်သိက္ခာကိုတော့ လေးစားသင့်တယ်။

သူ့မိခင်နဲ့ သူ့ကလေးတွေ ဒီပုံတွေ မြင်ရင်ဘယ်လောက်များ ကြေကွဲကြ မလည်း။ ဒါကြောင့်လည်း သူ ကင်မရာ ရိုက်နေတဲ့ အချိန်တစ်လျှောက်လုံး ကြောက်ရွံ့ပုံ လုံးဝမပြဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားခဲ့တာနေမှာပါ။]

သူသေဆုံးချိန်မှာ နော်ခမ်းဟာ အသက် ၄၃ နှစ်ရှိပါပြီ။.................................................ကိုသောင်း ပုလဲမြေ's photo.
ဦးသိန်းစိန် ကိုယ်စာ စိုင်းနော်ခမ်း ဒူးထောက်လိုက်ရတာပါ။ --------------------------------------------------------- တရားခံ စို်င်းနော်ခမ်းကို ဒူးထောက်ခိုင်းထားတာဟာ လူဂုဏ်သိက္ခာကို ချိုး နှိမ်တာပေါ့။ လူဂုဏ်သိက္ခာကိုလေးစားတဲ့နိင်ငံတွေမှာ ဒါမျိုးမရှိဘူး။တရုပ်နိင်ငံက ဆူပါပါဝါဖြစ်ဖို့ ဆိုရင် ဆူပါပါဝါယျဉ်ကျေးမှုရှိဖို့ တော့လိုတယ်။ စိုင်းနော်ခမ်းကို သတ်ဖြတ်မှုမှာ နိင်ငံရေးရည်ရွယ်ချက်တွေအများကြီးပါနေတယ်။ အရင်က သတ်ဖြတ်မှုတွေမှာဒီလောက်အသေးစိတ်မပြဘူး။ ဒီလောက်အသေးစိတ်ပြနေတာကတော့ အမျိုးသားထုတရပ်လုံးကိုစောကားမှု ( National Humiliation) ဖြစ်ပါတယ်။ တရုပ်ပြည်က ဒီဒေသမှာ ငါဗိုလ်ပဲဆိုတာကို ပြလိုက်တာ။ အထူးသဖြင့် လာအို စ်နဲ့မြန်မာအစိုးရတွေကို သတိပေးလိုက်တာ။ ဦးသိန်းစိန် ဒူးထောက်လိုက်ရတာပါပဲ။ စိုင်းနော်ခမ်းကို သတ်ဖြတ်မှုက ငါဒို့  လူတွေကိုထိရင် ဒီလိုအရေးယူမယ်ဆိုတာကိုပြတာပါ။ စိုင်းနော်ခမ်းကို ဒူးထောက်ခိုင်းတာ မင်းတို့  ကြည့်ထားကြ။ တရုပ်အင်ပါယာကို စမ်းဝံသူတွေဟာဒီလိုဒူးထောက်ရမယ်ဆိုတာကို မြန်မာ နဲ့လားအို စ်ကို သခန်းစားပေးလိုက်တာပါ။ တရုပ်ပြည်ကို ဒုက္ခပေးခဲ့တဲ့မူးယစ်ရာဇာ တွေဖြစ်တဲ့ လောစစ်ဟန်၊ လောစစ်မင်း၊ ခွန်ဆာ တို့ ကို ကြတော့ဒီလိုအရေးမယူခဲ့ပါဘူး။ ဒီတခါတော့တိုက်တိုက်ဆိုင်ဆိုင် ရှမ်းအမျိုးသားတဦးဖြစ်တဲ့ စိုင်းနော်ခမ်းဟာ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့ရပါတယ်။တရုပ်ပြည်က မြန်မာအစိုးရကို အမြက်သိုနေတဲ့ကာလ ဖြစ်နေပါတယ်။ သူတို့ အရင်က သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို ဒီလို ဒူးထောက်ရတာတွေမရှိဘူး။ ဘယ်နိင်ငံမှာမှ လဲ ဒီလိုသေဒဏ်ကျတဲ့တရားခံကို ထပ်ပြီး ဒူးထောက်ခိုင်းတာမရှိဘူး။ဒါဟာ ဦးသိန်းစိန် ကို်ယ်စား စိုင်နော်ခမ်း ဒူးထောက်လိုက်ရတာပါ။ မြန်မာ ပြည်မှာ ဒီမိုကရေတစ်ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ တရုပ်ပြည်ဟာ မြန်မာ ကို ဒီလို မစောကားခဲ့ဘူး။ နောင် ဒီမိုကရေစီသမတ ကိုလဲ ဒီလိုမစောကား ၀ံပါဘူး။ ခံသူရှိလို့ လုပ်တဲ့သူကလုပ်ရဲတာပါ။ ဒီတော့ကျနော်တို့ လုပ်စရာရှိတာကတော့ တရုပ်ကြေးနီမိုင်းကို မြန်မာမြေပေါ်က နေမောင်းထုတ်ကြဖို့ ပါပဲ။ လက်ပတောင်းတောင် တိုက်ပွဲ ကို ဗဟိုပြုပြီး ကျန်တဲ့လူထုတိုက်ပွဲတွေဝိုင်ရံဖေါ်ထုတ်ဖို့ ပါပဲ။.................................................Ahman Tayar


တရုတ်ပြည်က စိုင်းနော်ခမ်းကို မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ယောက် အသတ်ခံရမှုနဲ့ပတ်သတ်လို့ တဖက်သတ်စွပ်စွဲချက်များနဲ့ သေဒဏ်ပေး ဆေးထိုးသတ်ဖြတ်လိုက်ပါတယ် . .

ဆေးထိုးအသတ်ခံလိုက်ရတဲ့ စိုင်းနော်ခမ်းဟာ ဗမာနိုင်ငံသားဖြစ်ပါတယ် . .

တရားခံအဖြစ် စွပ်စွဲခံရတဲ့ စိုင်းနော်ခမ်းဟာ တရားခွင်မှာ ပြန်လည်ချေပခွင့်အပြည့်အဝ ရရှိခဲ့သလား ဆိုတာ တရုတ်တရားစီရင်ရေးကျင့်ထုံးများအပေါ် မေးခွန်းထုတ်စရာဖြစ်လာပါတယ်

ဗမာနိုင်ငံသားဖြစ်တဲ့အတွက် အဲဒီအမှုနဲ့ပတ်သတ်ပြီး အမှန်အမှားဘယ်လိုရှိတယ်ဆိုတာနဲ့ ကိုယ့်နိုင်ငံသားကို ဘယ်လို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ပြသဖို့ လက်ရှိ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအတွက် အမိုင်းဝင်ပျက်ကွက်မှုကြီးတစ်ခုလည်း

ဖြစ်သွားပါတယ် . .

ဗမာတစ်နိုင်ငံလုံးကတော့ စိုင်းနော်ခမ်းကို ဆေးထိုးသတ်ဖြတ်လိုက်တဲ့ ရုပ်သံမှတ်တမ်းတိုက်ရိုက်ထုတ်လွှင့်မှုကိုရော အွန်လိုင်းမီဒီယာများမှရော ကြည့်ရှုပြီး မေးခွန်းပေါင်းများစွာ ထုတ်နေကြပါတယ်

ဘာဖြစ်ခဲ့လို့ ဒီလိုသတ်ဖြတ်ရတယ်ဆိုတာကို မသိရှိရပဲ ဆေးထိုးသတ်ဖြတ်လိုက်တာကို ကြည့်နေရတဲ့ ဗမာနိုင်ငံသားတွေရင်ထဲမှာ တရုတ်အစိုးရဟာ အင်အားသုံး တစ်ဖက်သတ် အနိုင်ကျင့်လိုက်တယ်လို့ ခံစားနေရပါတယ်

တရုတ်အစိုးရရဲ့ စိုင်းနော်ခမ်းကို ဆေးထိုးသတ်ဖြတ်မှုဟာ မကြာမှီကျင်းပတော့မယ် NLD ညီလာခံကို သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးလိုက်တာလား ဆိုတာလည်း မေးစရာဖြစ်လာပါတယ်

တရုတ်အစိုးရဟာ ဗမာပြည်တွင်းမှာ လျှို့ဝှက်စီမံကိန်ပေါင်းများစွာကို ဆောင်ရွက်လျှက်ရှိပါတယ် . .

ဗမာပြည်အတွင်းဆောင်ရွက်နေတဲ့ တရုတ်အစိုးရရဲ့ စီမံကိန်းအားလုံးကို ဒေသခံပြည်သူများရော ဗမာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါ ကန့်ကွက်မှု သဘောမတူမှုများ ဖြစ်ပေါ်နေပါတယ် . .

တရုတ်အစိုးရရဲ့ စီမံကိန်းတွေ အပေါ် ဗမာပြည်သူလူထုအ အရှိန်ကြီးကြီးနဲ့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာတိုင်းမှာ အာရုံလွှဲအရေးအခင်းများ ဗမာပြည်နေရာ အနှံ့မှာ ဖြစ်လာတတ်တာကိုလည်း ဗမာပြည်သူတွေ သဘောပေါက်စပြုလာပြီဖြစ်ပါတယ် . .

ယခုတလော ဖြစ်ပွားခဲ့တဲ့ ကျောက်ပန်တောင်း နှစ်ကျပ်ခွဲရွာ အရေးအခင်း နဲ့ မအူပင် မလက်တိုရွာ အရေးအခင်းတွေမှာ ဗမာ့ရဲတွေဟာ အရိုင်အစိုင်းတွေအဖြစ် အရုပ်ဆိုးအကျည်းတန်စွာ ဖော်ပြခံရပါတယ် . .

ဒီလိုမျိုး ရဲတွေကို အရိုင်းအစိုင်းတွေ အဖြစ် ဗမာပြည်သူတွေက မြင်သွားစေတာဟာ တိုက်ဆိုင်မှုလား တမင်လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်လို့ ဗမာ့အရေးစိတ်ဝင်တစားစောင့်ကြည့်လေ့လာနေသူတွေအကြားမှာ စောကြောစရာဖြစ်လာပါတယ် . .

လက်ပံတောင်းတောင် အရေးအခင်းက အစီရင်ခံစာကြီးဟာလည်း လူကြားမကောင်းတဲ့ ဝမ်ပိုင်နဲ့ဦးပိုင်ရဲ့ အတွင်းရေးအရှုပ်တော်ပုံတွေကြောင့် တို့လို့တန်းလန်း ဖြစ်နေပါတယ် . .

မအူပင်မလက်တိုအရေးအခင်းမှာ နာမည်ဆိုးဖြစ်သွားတဲ့ ရဲတွေရဲ့ ပုံရိပ်ကို နင်းပြီး လက်ပံတောင်းတောင်အရေးအခင်းအစီရင်ခံစာကြီး ထွက်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ . .

ဆေးထိုးအသတ်ခံလိုက်ရတဲ့ စိုင်းနော်ခမ်း ကိစ္စမှာ တရုတ်အစိုးရဲ့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်ဆောင်ရွက်ခဲ့သလဲ ဆိုတာ ဗမာပြည်သူလူထုအနေနဲ့ သိခွင့်ရှိပါတယ် . .

ဗမာပြည်သူလူထုရဲ့ သဘောတူညီချက်မပါပဲ ဗမာနိုင်ငံထဲက လျှို့ဝှက်စွာဆောင်ရွက်နေတဲ့စီမံကိန်းတွေ မကြာခင်အပြီးရပ်သွားရတော့မယ်ဆိုတာကိုလည်း တရုတ်အစိုးရကို တနည်းနည်းနဲ့ အသိပေးရတော့မှာပါ . .

တရုတ်အစိုးရရဲ့ စိုင်းနော်ခမ်းကို လူသိရှင်ကြားဆေးထိုးသတ်ဖြတ်ပြလိုက်တဟာ ဗမာတွေက တရုတ်အစိုးရကို ပိုကြောက်သွားအောင်ရည်ရွယ်ပြီး လုပ်လိုက်တာ ဆိုရင် တရုတ်အစိုးရ အမှားကြီးမှားသွားပြီလို့ ပြောရမှာပါ . .

သန်းရွှေမိသားစုနဲ့ သန်းရွှေမိသားစုပိုင်ဆိုင်မှုတွေကို အကာကွယ်ပေး နေတဲ့ အစိုးရ အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေကြောင့် ဗမာပြေအောက်ကျနောက်ကျဖြစ်ပြီ တရုတ်အစိုးရ အနိုင်ကျင့်တာ ခံခဲ့ရတာပါ . .

အဲဒီခေတ် ကုန်ပါတော့မယ် . . မကြာခင် အဲဒီခေတ်ကုန်ပါပြီလို့ ပြောနိုင်မယ့် အချိန်ရောက်လာပါတော့မယ် . . ဗမာပြေထဲက တရုတ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေ ဖျာလိပ်ထားကြပါတော့လို့ ပြောပါရစေ .Black Angle
copy from: Zawmintun(FB)မှတ်တမ်းမှ