Saturday, February 23, 2013

ကလေးမွေးပြီးနောက် အသက် ၂၂ နှစ်အရွယ်မှ အသက် ၆၀ အရွယ် ဖြစ်သွားသည့် အမျိုးသမီး

ကလေးမွေးပြီးနောက် အသက် ၂၂ နှစ်အရွယ်မှ အသက် ၆၀ အရွယ် ဖြစ်သွားသည့် အမျိုးသမီး
 
တရုတ်နိုင်ငံ Henan ခရိုင်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ ကလေးတစ်ယောက် မွေးဖွားပြီး သည့်နောက် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးကဲ့သို့ မျက်နှာ အရေပြားများ ပျက်စီးခဲ့ရကြောင်း Asiaone သတင်းတစ်ခုတွင် ဖော်ပြခဲ့ပါတယ်။
...
၂၀၀၇ ခုနှစ်အတွင်း ဟူ လို့အမည်ရှိတဲ့ တရုတ် အမျိုးသမီးလေးဟာ အသက် ၂၁ နှစ်အရွယ်မှာ လက် ထပ်ပြီး ၁ နှစ်အကြာမှာတော့ ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် သူမရဲ့ အရြေ ပားတွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာပြီး ၆ လအကြာမှာတော့ သူမဟာ အသက် ၆၀ အရွယ် အဘွားကြီး တစ်ဦး ကဲ့သို့ ဖြစ်လာပါတော့တယ်။

ဒီလောက် နှစ်အနည်းငယ်အတွင်းမှာ ယခုလို အဖွားကြီးတစ်ယောက်လို ဖြစ်လာမယ်လို့ ကျွန်မ ဘယ်တုန်း ကမှ မစဉ်းစားခဲ့ပါဘူးဟု သူမက ပြောပါတယ်။

သူမရဲ့ ရောဂါအတွက် တရုတ်နိုင်ငံ ရုပ်သံများက လွှင့်တင်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဆရာဝန် များက လည်း စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးကပြောတဲ့ အဖြေကတော့ သူမဟာ ပလတ်စတစ် ဆာဂျရီ သာ လုပ်သင့်တယ် လို့ပဲ ဖြစ်ပါတယ်တဲ့။

မြန်မာနိုင်ငံမှာဆိုရင်တော့ ကံကံ၏ အကျိုး၊ ၀ဋ်တစ်မျိုးလို့ပဲ ဆိုရမှာပါ။
 

 copy from: https://www.facebook.com/

Friday, February 22, 2013

“ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အားပေးကြပါ ”

“ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အားပေးကြပါ ”
 
“ ဘင်္ဂလားဒေ့ရှ်ရှိ -
လူနည်းစုဗုဒ္ဓဘာသာဝင်တို့ရဲ့
... ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်
ဘာသာတရားကို လေးစားပါ။ ”
ဟူသော စာတမ်းကို ကိုင်ဆောင်လျက်
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သေ
သမီးငယ်လေးပါ။
သူတို့ဘ၀တွေက မေ့လျော့ခံဖြစ်လို့
မရအောင် အန္တရာယ်ကြီးလှပါတယ်..။
ကရုဏာစိတ်ရှိသော၊ စာနာစိတ်
ရှိသော၊ ညှာတာစိတ်ရှိသော
လူသားများ၊ လောကသားများ -
ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ
နှင့် မြန်မာအစိုးရတို့သိအောင် မျှဝေ
“ Share ” ပေးကြပါ ..။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )
copy from:  https://www.facebook.com/youngbuddhistassociation.mm
 

Thursday, February 21, 2013

ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်

ကားလမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားသော လေဆိပ် အမှန်တကယ် ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်း ရှိ ဗြိတိန်ပိုင် ကျွမ်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar ကျွမ်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar ကနေ စပိန်နိုင်ငံသို့ ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။

လေယာဉ်ပြေးလမ်း အသုံးပြုတော့မယ် (တစ်နည်း) လေယာဉ်ပျံ မိုးပေါ်ပျံ တက်တော့ မယ်ဆိုရင် ကားလမ်းမကြီးကို ယာယီပိတ်ထားရပါတယ်။ ယင်းလေဆိပ်ကို ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ခုနှစ်က ဗြိတိန်တော်ဝင်လေတပ်တို့ ကိုယ်တိုင်တည်ဆောက်ပြီး စတင် အသုံးပြုခဲ့ပါ တယ်။ မြေပြင်ညီနေရာရှားပါးမှု၊ မြေနေရာ ရှာဖွေရမယ့် အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ယခုလို နည်းပညာနဲ့ စနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။

ယခုချိန်အထိလည်း ဗြိတိန်တော်ဝင်လေတပ်မှ အသုံးပြုဆဲဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး အတွက်လည်း အသုံးပြုပါတယ်။

Gibraltar Airport ဟာ ကမ္ဘာပေါ်မှာ အဝေးပြေးလမ်းမပေါ်ဖြတ်ပြီး တည်ဆောက်တဲ့ တစ်ခုတည်းသော လေယာဉ်ကွင်း ဖြစ်တယ်လို့ သိရပါတယ်။

copy from : International news for myanmar

Wednesday, February 20, 2013

မြန်မာ့ယဉ်ကျေးမှု့ တွေ့ ပျောက်တော့မည်လား ?

မြန်မာ့ယဉ်ကျေးမှု့ တွေ့ ပျောက်တော့မည်လား ?

ယဉ်ကျေးမှု့ ဘဲ ပျောက်တော့မည်လို့ တော့ မထင်နဲ့ နော် စာပေနှင့် လူမျိုးပါ ပျောက်ပါနော် ခေါင်းစဉ်ပါ အတိုင်းပျောက်ဖို့ နီးလာသလို့  လူမျိုးအတွက်လည်း တပါတည်း လိုက်ပါနေပါပြီ ပိုဆိုးလာတာက ရွှေမန္တလေးပါဘဲ ( ကိုယ်တိုင်ရောက်ရှိနားထောင်ခဲ့သည် စက်မှု့ အနီးနားက စာပေဟောပြောပွဲမှာ စာရေးဆရာ ကိုသာချို ( ဂျက်-ကွမ်းခြံကုန်း )က မန္တလေးမြီု့ နဲ့  ဝေးသည့် ဒီလို နေရာမှာ ဘာဖြစ်လို့ ...စာပေဟောပြောပွဲ လုပ်ရတာလည်း ဘာဖြစ်လို့ မြို့ ထဲမှာ မလုပ်တာလည်းလို့ မေးခွန်းမေးပါတယ် ။။။။။ ပြန်ပြီး အဖြေကို ပြောကြပါတယ် ….ဆ၇ာသာချိုရယ် အခုလို မြန်မာစကားနားလည်တာဆိုလို့  ဒီလိုမြို့ သစ်ဘဲ ရှိပါတော့တယ် ဆရာတဲ့ ) …..

အခုလို့ မေးခွန်းနဲ့ အဖြေကိုသိလိုက်ရတော့ အလွန်ပင် စိတ်မကောင်းစရာပါဘဲ အခုလို ဖြစ်ရတာဘာကြောင့်လည်း ပြောပြန်ရင်လည်း ပရောဖက်ဆာ တစ်ဦးလို့ ဖြစ်လာမှာလည်း ဆိုပါတယ် ။

ကျန်းမာရေး အမြင် ဥပမာပြောရရင် လူတစ်ဦးမှာ ခေါင်းမကောင်းတော့ မူး ၊ မူးနေတော့ အမြင်တွေ ဝါး ၊ ဝါးနေတော့ အဝေးကို မမြင် ၊ အဝေးကို မကြည့်တော့မှတော့ လက်တလော ကိုဘဲ သူအမြင် ဆုံးဖြတ်နိုင်တော့မှာပါ ။

ဆရာဝန်ဆိုတာ လူသားတဦးအမြင်ဘဲ မြင်ရပါတယ် ကုသပါတယ် စောင့်ရှောက်ပါတယ် သူကတော့ ဘာလူမျိုးဖြစ်လို့ ဆိုတာကတော့ ကျန်းမာရေး ဆိုင်ရာမှာ လုံးဝ မရှိပါဘူး …အားလုံးသည် သက်ရှိလူသားတွေပါ ။

လူမျိုးကို တန်းဖိုးထားတက်စေခြင်းနှင့် မျိုးချစ်စေသည့်စိတ်ဖြစ်ပေါ်ဖို့ အတွက် စာပေအသိသည့် အဓိက အရေးပါ။

အခုလည်းကြည့်လိုက်ပါ ဒီလို ပုံဂျာနယ်စာပေတွေ မဂ္ဂဇင်းတွေ များများထွက်လာလို့ တော့ အနာဂတ်တွက် ယဉ်ကျေးမှု့ အပိုင်းနဲ့  အသိတရားတွေ မကောင်းနိုင်ပါဘူး ။စာပေတန်းဖိုးထက် လိင်ပိုင်းဆိုင်ရာကိုသာ အသားပေးသည့် ပုံတွေဖြစ်နေပါတယ် ။ အဲဒီရဲ့ နောက်ဆက်တွဲ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ များပါတယ် ဆေးပညာအသိကျန်မာရေး လို့  ဥပမာ- ရင်သားကင်ဆာဖြစ်တယ် ရောဂါရင်သားပုံကို ပြတာက မတူဘူးနော် ၊ အကျယ်ချဲရေးရင် များနေပါမယ် အဓိက အပိုင်းကို ဖော်ပြပေးပါမယ်။ အနာဂတ်တွက် လူငယ်တွေက အရေးကြီးပါတယ် လူငယ်မျိုးဆက်သစ်တွေ စာပေနဲ့ ယဉ်ကျေးမှု့ ကို ထိန်းသိမ်းပါ စောင့်ရှောက်ပါ ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးယဉ်ကျေးမှု့ ကိုမှ မစောင့်ထိန်းနိုင်ရင်တော့ …… ( မင့်တို့ ခေတ်မှ ညံ့ကျတော့မှာလား )

တိုင်းတစ်ပါး ယဉ်ကျေးမှု့ ကြတော့ လိုက်ပြီး တိုကျတယ် ၊ အသိပညာတိုးတက်ရာကျတော့ အတုမခိုးဘူး အသိမပါဘဲ ဖော်ဆောင်လို့ ကတော့ သင့်ဘဝ ဆိုးမည်သာမှတ်ပါလို့ ပြောပါရစေ ။

Mg Mandalay အိမ်တအိမ်မှာ ဆယ်တန်းကျောင်းသားသုံးဦးလောက်ကို သီသန့် စာသင်ခဲ့တုန်းကပေါ့ လူမျိုးခြားတစ်ယောက်ပါလာပါတယ် ။ သူ့ ကို စာလည်းသင် ၊ ဆရာတပည့် အပြောအဆို ယဉ်ကျေးမှု့ လည်း ပြောပေးပါတယ် သူယဉ်ကျေးမှု့ ကို နားလည်းပေးပေမဲ့ ကိုယ့်နိုင်ငံ လူမျိုးယဉ်ကျေးမှု့ ကိုတော့ မသိနားမလည်သလို့ လုပ်ပါတယ် ။ နှစ်ခါလောက် ပြောလို့  စာဆက်မသင်တော့ဘဲ စာသင်ကြေး ပေးထားသည့် ငွေကို ပြန်ပေးလိုက်ပါတယ် တပည့်တစ်ယောက်က ပြောသည့် စကားလေးက ………….. ( ဟေ့ရောင် ဆရာ ဒါ ငါမသိဘူး ရှင်းပြပေးစမ်း ) ။

ယဉ်ကျေးမှု့ ကိုတန်းဖိုးထားသည့်စိတ်ကြောင့်ပါ ။ ခံယူချက် ခပ်ညံ့ညံ့ ပညာတတ်တစ်ယောက် ငတေမာရင်ပြီးရောဆိုခဲ့သည် ဆိုပါက အခုချိန်တွင် အမည်လေးက ……….
ဆရာ ကုန်စွန်း (ခေါ်) ဒေါက်တာ မန်း
 
 

Sunday, February 17, 2013

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်



ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။
မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

... ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။


Wednesday, February 13, 2013

တမာရွက်ရဲ့ထူးကဲတဲ့ အာနိသင်များ (ကျန်းမာရေး ဆိုင်ရာ)

တမာရွက်မှာ ဆေးဖက်ဝင် အာနိသင် တွေရှိတယ် ဆိုတာ လူအများစုက သတိပြု မိကြ ပါတယ်။ တမာရွက်တင် မက တမာခေါက် တွေကို အိန္ဒိယမှာ အလွန် ထင်ရှားတဲ့ ဆေးဖက်ဝင် ပစ္စည်း အဖြစ် အသုံးပြု ခဲ့ပါတယ်။
 
အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တမာရွက်ကို များများ စားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့် အတင့်သာ စားပေး သင့်ပါတယ်။

မျက်စိအားကောင်းစေရန်


 
မျက်စိအားကောင်းစေရန်
 
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူမျ...ား ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။

(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။

(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။

(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)

(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။

၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။

(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။

(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။
 copy from: https://www.facebook.com/royalheromedia

Tuesday, February 12, 2013

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေး
ပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြော
ပါတယ်။

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင်ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲထည့်ပြီး
ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်း
ရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွားဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့
ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။

ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ သြဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး
မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ
နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံး
ကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာနကို
ပြောကြားသွားပါတယ်။

copy from: DVB

Friday, February 8, 2013

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ
 
ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝ သရုပ်ဖေါ် ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ် ။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့ အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ် ။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ် ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာ ခွဲတမ်း လည်း ကုန်သလောက် ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ် ရောက် နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန် ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာ ထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့် ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။

- ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါ သေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ

ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့

လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည် ပေးမှု့ရှိသည် ။

၆။ အနာခံမှု့

နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည် . ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်း လိုက်နာကျင့်သုံး ကြသည် ။

၉။ မီဒီယာ

သတင်း မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်

စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။

(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။ )
 

မက္ကစီကို နိုင်ငံမှ ၉ နှစ်အရွယ် ကလေးမ တစ်ဦး ကလေးမွေးဖွား


မက္ကစီကို နိုင်ငံမှ ၉ နှစ်အရွယ် ကလေးမ တစ်ဦး ကလေးမွေးဖွား
 
မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။

... အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီးမိန်းခလေးကို မက္ကစီကိုနိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ မိသားစုနဲ့ ဒေသအာဏာပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ် တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေးသွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။

ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။

(နိရဉ္စရာ)

လူငယ်နှင့် နိုင်ငံရေးအမြင်ဆရာနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း

လူငယ်နှင့် နိုင်ငံရေးအမြင်
ဆရာနေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
 
ဒီတစ်လတော့ ဖူးငုံ စာဖတ် ပရိသတ်ကြီး အတွက် လူငယ် စာရေးဆရာ တစ်ယောက်နဲ့ မိတ်ဆက် ပေးချင် ပါတယ်။
ပုံနှိပ် မီဒီယာ တွေမှာ ၀တ္ထုတိုများ ရေးသား နေသလို၊ အွန်လိုင်း မီဒီယာ မှာလည်း ဘလော့ဂါ တစ်ယောက် အဖြစ် လူသိများ အောင်မြင် နေတဲ့ သူပါ။ လူငယ်တို့ရဲ့ ပင်ကို စိတ်ခံ အတိုင်း ဖိရင်ကြွတယ်။ ထိရင် ချမယ်ဆိုတဲ့ စိတ်တွေနဲ့လုပ်သင့်တယ် ထင်တဲ့ အရာတွေကို ၀င်ကူ လုပ်ပေးရင်း နိုင်ငံတော် ဧည့်သည် အဖြစ်နဲ့လည်း နေခဲ့ဖူးသူ တစ်ယောက်ပါ။ လူငယ် တစ်ယောက်ရဲ့ တာဝန် သိတတ်မှု တစ်ခု အတွက် ပခုံးပြောင်း တာဝန် ၀င်ယူရင်း ပခုံးပွန်းပြီး ပေးဆပ် နေထိုင်ခဲ့ ရတဲ့ ကာလ တစ်ခုက သူ့အတွက် အသားမာ တက်ပြီး အရည်အသွေးတွေ ပိုတိုးလာ နေသလိုပါပဲ။ဒီတစ်ပတ် ကျွန်မ ရွေးချယ် ထားတဲ့ ခေါင်းစဉ်က သူနဲ့သာ အလိုက်ဖက် ဆုံးမို့ သူ့ကို ရွေးချယ်ပြီး အကူအညီ တောင်းခဲ့ ရတာပါ။ သူကတော့ ဘလော့ဂါ ဆရာ နေဘုန်းလတ် ဖြစ်ပါတယ်။ လူငယ်နဲ့ နိုင်ငံရေး အမြင်ကို ဆရာ နေဘုန်းလတ်ကို မေးကြည့်တဲ့ အခါ မှာတော့-

“တစ်ခေတ် တစ်ခါက နိုင်ငံရေး အကြောင်း ပြောမိတာနဲ့ ဆွဲခေါ် ထောင်ချ ခံရတဲ့ အနေအထား ကနေ လူငယ်တွေ တော်တော် များများ နိုင်ငံရေးကို စိတ်ပါ ၀င်စား လာကြပြီး နိုင်ငံရေး ဆိုတာ မတို့မထိ ကောင်းတဲ့ အရာဆိုတဲ့ အမြင်တွေ တဖြည်းဖြည်း ပါးလျ လာတာဟာ တိုင်းပြည်ရဲ့ အနာဂတ် အတွက် အားတက်စရာ ကိစ္စ တစ်ခုပါ။ တစ်ချိန် တစ်ခါက ဆိုရင် လူငယ် တစ်ယောက် အနေနဲ့ နိုင်ငံရေးက လွဲရင် အခြားကြိုက်တာ အကုန်လုပ် အားလုံး အတွက် လမ်းဖွင့် ပေးထား တယ်ဆိုသလိုပဲ။ အရက် သောက်မလား။ တစ်လုံး နှစ်လုံး သုံးလုံးတွေ လောင်းမလား။ မိန်းမ လိုက်မလား။ ဘိန်းရှူ မလား။ အပျော်အပါး လိုက်စားမလား စသည်ဖြင့် လူငယ်တွေ နိုင်ငံရေး မလုပ်ရင် ပြီးရော အခြား ပျက်စီးရာ ပျက်စီး ကြောင်းလမ်းစ တွေက သိပ်ကို များလွန်း ခဲ့ပါတယ်။ အခုတော့ အဲဒီ့ အခြေအနေ တစ်ခုကို လွန်မြောက်ပြီး လူငယ်တွေ အနေနဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက်၊ နိုင်ငံ အတွက် အလုပ်လုပ် ချင်တယ် ဆိုရင် ၀င်ရောက် လုပ်ကိုင် နိုင်တဲ့ လမ်းစတွေ ပွင့်လာပြီလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး ပွင့်လင်း လာတဲ့ အခြေအနေ တစ်ခုမှာ လူငယ်တွေရဲ့ စိတ်ဝင်စားမှု အပိုင်း၊ စိတ်အား ထက်သန်မှု အပိုင်းတွေကို လေ့လာ ဆန်းစစ်ကြည့်တဲ့ အခါ အားရ ကျေနပ် ဖွယ်ရာတွေ တွေ့ရ သလိုပဲ၊ အားမလို အားမရ ဖြစ်ရတာတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်ရတာ တွေကိုပါ ယှဉ်တွဲပြီး တွေ့လာ ရပါတယ်။

အားရ ကျေနပ်ဖွယ် ကောင်းတာ၊ လူငယ်တွေ ၀င်ကစား ခွင့်ရှိတဲ့ ကစားကွင်းတွေ၊ ကစားပွဲတွေ ရှိလာခြင်းနဲ့ ခြေစွမ်းပြ ချင်နေတဲ့ လူငယ် ခြေတက်တွေ ပေါ်လာ ခြင်းပါပဲ။ တစ်ခု ရှိတာက လူငယ်တွေဟာ ကျရာ နေရာမှာ ကြုံသလို ၀င်ကစား နေကြ ရတယ် ဆိုပေမဲ့ အများစုက သေချာ လေ့ကျင့် ပျိုးထောင် ပေးထားတဲ့ Well-trained person တွေ မဟုတ်ကြဘူး ဆိုတာပါ။ အဲဒီ့တော့ အလုပ်လုပ်ရင်း သင်ယူ၊ သင်ယူရင်း အလုပ်လုပ် ဆိုတဲ့ အနေအထား တစ်ခုမှာ အမှား အယွင်းတွေ၊ လိုအပ်ချက်တွေ၊ မပြည့်စုံ မှုတွေ မလွှဲမရှောင် သာဘဲ ရှိလာ ပါတယ်။ ဒါပေမဲ့ ဒီလို အခြေ အနေမျိုးကို ကျွန်တော် ကတော့ ကျေနပ်ပါတယ်။ လူငယ်တွေ ဘာမှ မလုပ်ကြလို့ ဘာမှ မမှားကြ တာထက် လူငယ်တွေ လုပ်ရင်း ကိုင်ရင်းမှား ရင်း ပြင်ရင်း တဖြည်းဖြည်းနဲ့အရည်အသွေး တွေ တိုးတက် မြင့်မား လာကြတဲ့ အနေ အထားက ပိုကောင်းပါတယ်။ လူငယ်တွေ အနေနဲ့ သင်ယူ ဖြည့်ဆည်းမှုကို အမြဲမပြတ် လုပ်နေပြီး မိမိ ကိုယ်ကို အချိန်နဲ့အမျှထက် မြသထက် ထက်မြအောင် သွေး နေဖို့တော့ လိုအပ် ပါလိမ့်မယ်။ ကုန်ပစ္စည်း တစ်ခုခုက သူ့ရဲ့ ကုန်အမှတ် တံဆိပ် Brand ကို လူကြိုက် အောင်၊ လူသိများအောင် လုပ်ပြီး အဲဒီ့ အမှတ်တံဆိပ် တစ်ခု ရေရှည် တည်တံ့ဖို့ အတွက် အရည်အသွေး ထိန်းသိမ်းခြင်း (Quality Control) လုပ်ရ သလိုပါပဲ။ လူငယ်တွေ အနေနဲ့လဲ မိမိရဲ့ အမှတ် လက္ခဏာ တစ်ခုဖြစ်တဲ့ မိမိရဲ့ နာမည်ကို လူတွေကြားမှာ ကောင်းသော ဂုဏ်သတင်း မျိုးနဲ့ အသိအမှတ် ပြုလာအောင် ကြိုးစား ရမှာ ဖြစ်သလို လူအများက ပေးတဲ့ နေရာ တစ်ခု ရလာပြီ ဆိုရင်လည်း ကိုယ့်ရဲ့ အမှတ် လက္ခဏာရဲ့ အရည် အသွေးကို ကျမသွားအောင် မိမိကိုယ်ကို အရည်အသွေး ထိန်းသိမ်းခြင်း၊ အရည်အသွေး မြှင့်တင်ခြင်း ကိစ္စတွေ ကိုလည်း ဂရုတစိုက် ဆက်လက် လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အားမလို အားမရ ဖြစ်ရတယ် ဆိုတာက အဲဒီ့ အပိုင်းမှာပါ။ အချို့သော လူငယ် တွေဟာ မိမိတို့ရဲ့ အရည် အသွေးတွေ၊ အစွမ်းအစ တွေကို ဖြည့်ဆည်းမြှင့် တင်ကြဖို့ ကိစ္စကို စိတ်မ၀င် စားကြဘဲ ရေလိုက်လွဲ နေကြတာ ကို တွေ့နေ ရလို့ ပါ။ ဗိုလ်ချုပ် စကားနဲ့ပြောရရင် တလွဲ ဆံပင်ကောင်း နေကြတာ မျိုးပေါ့။ လူငယ် တွေဟာ သဘာဝအရကို စွမ်းအား ရှိကြသူ တွေပါ။ ဒါပေမဲ့ အဲဒီ့ စွမ်းအား တွေကို ဘယ်လိုနေရာမှာ သုံးမလဲ ဆိုတဲ့ ကိစ္စမှာ လွဲချော်မှု တွေ ရှိလာပါတယ်။ လူငယ် တွေရဲ့ အင်အားကို တလွဲ အသုံးချ ချင်ကြသူ တွေကလည်း ရှိနေတော့ကာ မလိုအပ်ဘဲ အားအင် ပြုန်းတီးမှု တွေဖြစ်ရတာ လူငယ်တွေ အတွက်ရော၊ တိုင်းပြည် အတွက်ပါ မကောင်းပါဘူး။ စိတ်ပျက် လက်ပျက် ဖြစ်ရတယ် ဆိုတာက လည်း အဲဒီ့ကိစ္စနဲ့ ဆက်စပ် နေပါတယ်။ လူငယ်တွေရဲ့ အင်အား (Strength) နဲ့ အားနည်းချက် (Weakness) တွေကို ပါးပါးနပ်နပ် အသုံး ချပြီး ကိုယ့်ရဲ့အောင် မြင်မှုအတွက် အသုံးချ ချင်သူတွေ ရှိနေလို့ပါပဲ။
 
ဘယ်လို အကြောင်းခြင်း ရာတွေ ရှိနေ ပေမဲ့လည်း ကျွန်တော် ရေးခဲ့ဖူးတဲ့ ကဗျာလေးထဲ ကလိုပါပဲ လူငယ်ဆိုတာ သမိုင်းရဲ့ အချိုး အကွေ့ တွေတိုင်းမှာ ဘယ်သော အခါမှ မတွေဝေ မတုံ့ဆိုင်း ခဲ့တဲ့သူ၊ လူငယ်ဆိုတာ ခေတ်ရဲ့ အဆိုး အကောင်းတွေ ထဲမှာ ဘယ်တော့မှ ယိမ်းယိုင် ပြောင်းလဲ မသွားတတ်သူ၊ လူငယ် ဆိုတာ လိုအပ်ရင် လိုအပ် တဲ့အချိန်တိုင်း အတွက် အမြဲ အဆင်သင့် ရှိနေတတ် တဲ့သူ၊ ကြယ်အစင်းအစင်း ကြွေခဲ့ ကြဖူး ပေမဲ့ ကြယ်အစင်းစင်း ဝေမြဲဝေဆဲ ကောင်းကင် လူငယ်ဆိုတာ အမှောင်ထု တိုင်းကို အန်တု ဆန့်ကျင်မဲ့ ခေတ်တိုင်းရဲ့ အလင်း စွမ်းအင် ဖြစ်တယ်။ လူငယ်တွေ နိုင်ငံရေး ထဲမှာ ပါဝင် ကြရမယ်။ နိုင်ငံရေး စိတ်ဓာတ်ကို မျိုးဆက် အဆင့်ဆင့် လက်ဆင့် ကမ်းရင်းနဲ့ ကျွန်တော် တို့ အားလုံးရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစား ကြရမယ်” လို့ ဆရာ နေဘုန်းလတ်က အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြ ခဲ့ပါတယ်။

နောင်တစ်ပတ် တွေမှာလည်း လူငယ်စာရေး ဆရာ တွေရဲ့အသံကိုဆက် လက် တင်ဆက်ပေး သွား မှာဖြစ်ပါတယ်။စောင့်မျှော် ဖတ်ရှု ပေးကြပါဦး။ ဒီတစ်ပတ် Writer’s Voice ကဏ္ဍလေးကို ကျေနပ် နှစ်သက် ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ခင်သန္တာ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
 

Tuesday, February 5, 2013

ကြက်သွန်ဖြူ ( အားလုံးနဲ့ မစိမ်းသည့် ကြက်သွန်ဖြူ အစွမ်း )


ကြက်သွန်ဖြူ ( အားလုံးနဲ့ မစိမ်းသည့် ကြက်သွန်ဖြူ အစွမ်း )
 
အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို... ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

Saturday, February 2, 2013

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း

 အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု
ဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့
... တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ
အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။
အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ
ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက်
ဘက်ပိုင်း ယူနန်ပြည်နယ် မြို့ တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ် တန်းကာ တည်ရှိ လာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်းကြောင်း
အတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါတော့မယ်။

တရုတ်ဟာ ပထဝီအနေအထားအရ အမေရိကန်လို
တစ်ဖက်စီမှာ ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာတွေ
တည်ရှိနေပြီး ပင်လယ်ထွက် ပေါက် အတွက် ပူစရာမရှိတဲ့
အနေအထားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ တရုတ်ဟာ နောက်ထပ်အကောင်းဆုံးတစ်ခုလို့ ဆိုရမယ့် ပင်လယ်ထွက်ပေါက်တစ်ခုကို မြန်မာထံမှ ရရှိတော့မှာ
ဖြစ်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်ပြီး မြန်မာ
အစိုးရရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သူ ဦးသန့်မြင့်ဦး
ကတော့ “တရုတ်မှာ ချို့တဲ့နေတာကတော့ သူ့ကိုယ်ပိုင် ကာလီဖိုးနီးယားပဲ ဖြစ်ပါတယ်။ အဲဒါက နောက်ထပ်
ပင်လယ် ကမ်းရိုးတန်း တစ်ခုဖြစ်ပြီး ဟိုးအတွင်းပိုင်းက
ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်တွေဆီကို ကုန်စည်ဆက်သွယ်
ပို့ဆောင်နိုင်ဖို့ ပါ” လို့ ပြောပါတယ်။

မြန်မာရဲ့ ပထဝီနိုင်ငံရေးအရ ထူးခြားစွာတည်ရှိမှုကို
၎င်း၏ Where China Meet India စာအုပ်တွင် ရေး
သားဖေါ်ပြခဲ့သော ဦးသန့် မြင့်ဦးက တရုတ်-မြန်မာ
ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်းဟာ ပေကျင်းရဲ့ “ပင်လယ်နှစ်ခု
ပေါ်လစီ” မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ ထို့
အတူပင် သြဇာကြီးမားတဲ့ ပညာရှင်၊ စာရေးဆရာ ရောဘတ်
ကတ်ပလန်က ကမ္ဘာကြီးရဲ့ တတိယအကြီးဆုံးရေပြင်ဖြစ်သော
အိန္ဒိယ သမုဒ္ဒရာ တွင် တည်ရှိရေးတရုတ် တို့ စွမ်းဆောင်မှသာ ယင်းအချက်က တရုတ်တို့ ကမ္ဘာ့အင်အားကြီး စစ်အင်အား
နိုင်ငံဖြစ်လာမည်လား၊ သို့မဟုတ် ပစိဖိတ်သမုဒ္ဒရာနဲ့သာ ထိတွေ့ နေရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်ဖြင့်သာ ရှိနေမလားဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ ပြောထား ပါတယ်။ ကတ်ပလန်က ၎င်းရဲ့ခန့်မှန်းမှုကို နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီ
Foreign Affairs မှာ စိတ်ဝင်စားစရာ ဆောင်းပါးအမည်
နှစ်ဆယ့်တစ် ရာစုအတွက် ဗဟိုချက်နေရာ-အိန္ဒိယသမုဒ္ဒရာ
ထဲမှာ ကစားရမယ့်ပါဝါ "Center Stage for the 21st Century:
Power Plays in the Indian Ocean " ဖြင့်ရေးသားခဲ့ခြင်း
ဖြစ်ပါတယ်။            

နှစ်ပေါင်းများစွာ ကြာအောင်ပဲ အနောက်တိုင်းဟာ မြန်မာကို လူ့အခွင့်အရေး၊ဒီမိုကရေစီ ရှုထောင့်များကသာ ကြည့်ခဲ့တာ ပါ။ဒီဇာတ်လမ်းထဲမှာ အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်
စနစ်ကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ရုန်းကန်နေခဲ့တာ ပါဝင်
ခဲ့ပါတယ်။ ဒါကလည်း လူဦးရေ သန်း ခြောက်ဆယ် ပမာဏရှိတဲ့
မြန်မာပြည်အတွက် အထူးအရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
ဒါပေမယ့် ဒီလိုကိစ္စကြီးက နောက်ထပ်အရေးပါတဲ့ အချက်တစ်
ချက်ဖြစ်တဲ့ အာရှရဲ့ မဟာဗျူဟာအမြောက်ဆုံး နိုင်ငံတွေထဲက
တစ်ခုကို အလုအယက် ဖြစ်နေကြတဲ့ပွဲကြီးကို အမြင်မှုန်ဝါးအောင် လုပ်ထားပါတော့တယ်။

တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးထားတဲ့
ဒီပိုက်လိုင်းဟာ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာ
သတိရသင့်ပါတယ်။ ၁၉၉၀နှစ် များ အတွင်းမှာပဲ မြန်မာဟာ
ပြင်သစ်တိုတယ် ရေနံကုမ္ပဏီက တည်ဆောက်ပေးတဲ့ ပိုက်လိုင်း
ကတဆင့် ထိုင်းဆီကို ၎င်းရဲ့ကမ်းလွန်ဓါတ်ငွေ့ တွေကို စတင်
ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ 
တရုတ်တို့ဟာ နောက်ထပ် ပိုကြီးတဲ့ လုပ်ကွက်တစ်ခုကိုလည်း
ထပ်ရ ခဲ့ပါသေးတယ်။ ၂၀၀၆ မှာတော့ ပေကျင်းဟာ ကုလ လုံခြုံရေးကောင်စီမှာ မြန်မာရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု
တွေကို ရှုတ်ချကြောင်း ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံး
ပယ်ချခဲ့ပါတယ်။ ဒီနောက် အချိန်တိုလေးအတွင်းမှာပဲ ယူနန်ပိုက်လိုင်းစာချုပ်ကို တရုတ်တို့ ရရှိသွားပါတော့တယ်။
အခုလို အိန္ဒိယသမုဒ္ဒရာဆီ မြန်မာကို ဖြတ်လို့ လမ်းပေါက်သွား
တာဟာ အခုရာထူးကအနားယူတော့မယ် သမ္မတ ဟူကျင်တောင်
ပြောတဲ့ “တရုတ်ရဲ့  မာလက္ကာရေလက်ကြား ပြဿနာ” ကို
ဖြေရှင်းဖို့ စတင်နိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။ တရုတ်ဟာ ၎င်းတင်သွင်းသမျှ ရေနံ စုစု ပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အခု
အချိန်ထိ အမေရိကန်ရေတပ်က ထိန်းချုပ်နိုင်စွမ်းရှိတဲ့ မလေး
ရှားနဲ့ ဆူမတြားကျွန်းတို့ကြားက ကျဉ်းမြောင်းတဲ့ အဲဒီ ရေလက်
ကြားလေးကို အသုံးပြုနေရတာပါ ။ဒါ့ကြောင့် သူ့အတွက်
အန္တရာယ်ရှိတဲ့ ဒီလမ်းကြောင်းလေးကို ရှောင်လွှဲချင်နေတာ
သဘာဝ ကျပါတယ်။ အခု မြန်မာကဖြတ်မယ့် ပိုက်လိုင်းသစ်
ကတော့ တရုတ်တို့ အရှေ့အလယ်ပိုင်းက သင်္ဘောနဲ့ သယ်လာတဲ့
ရေနံတွေကို ရခိုင်ကမ်း လွန်ကနေ မြန်မာကိုဖြတ်ပြီး ပို့မှာဖြစ်လို့ မာလက္ကာရေလက်ကြားကို မှီခိုရမှုမှာ သုံးပုံတစ်ပုံလောက်
လျော့ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာကပို့ မယ့် ဓါတ်ငွေ့ပိုက်လိုင်းဟာ တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလီယံ ပို့နိုင်ပြီး ဒါဟာ တရုတ်ပြည်အနေနဲ့ တင်သွင်းနေသမျှ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းအထိ ရှိနေတာပါ။

မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကလည်း ဆက်ရှိနေ
ပါဦးမယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသား သန်းချီပြီး
ပြောင်းရွှေ့ဝင်ရောက်လာခဲ့ ပြီး နိုင်ငံရဲ့ဒုတိယမြို့တော်
မန္တလေးဟာ ဆိုရင်လည်း တရုတ်မြို့လို့ လူတွေခံစားနေ
ကြရတယ်။ ဝ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့
နယ်ဟာ တရုတ်နဲ့ ကပ်လျက်ရှိနေပြီး မြန်မာဘက်က သွားရင်
တော့ စစ်တပ်ကင်းစခန်းတွေကနေသာ ဖြတ်သွားနိုင်မှာ
ဖြစ်တယ်။ ဒါပေမဲ့ တရုတ် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲ
နှစ်ပါင်းများစွာကြာအောင် ဝင်လာခဲ့တာမို့  အခုဆို သတ္တုတွင်း
တွေနဲ့ ဆည်မြောင်းတွေ တည်ဆောက် ရေး လုပ်ငန်းတွေမှာ
ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားနေပြီးပါပြီ။ ဒါ့ကြောင့် မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ သိပ်ကြီး နေတာကို
၂၀၁၀ တုန်းက အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦး
ဖြစ်တဲ့ ဂျင်မ်ဝက်ဘ်က တချိန်က ဗြိတိသျှ အိန္ဒိယပြည်ရဲ့
တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာဟာ “တရုတ်ရဲ့ ပြည်နယ်တစ်ခု
ဖြစ်ဖို့ အန္တရာယ် ရှိလာနေပြီ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ကြောက်တဲ့ အကြောက်တရားတွေဟာ ဗိုလ်ချုပ်ကြီးတွေနဲ့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရတို့ကို အပေးအယူလုပ် ညှိနှိုင်းမှုတွေ ရအောင် ပြုလုပ်ပေးလိုက်တာပါပဲ။ မြန်မာရဲ့ ၂၀၁၁ မှာ အစိုးရသစ်တက်လာပြီး အပြောင်းအလဲအတွက် လမ်း ဖွင့်ပေးလာတာတွေဟာ အာရှကို ဦးတည်ချဉ်းကပ်လာနေတဲ့
အမေရီကန်ရဲ့ အလှည့်အပြောင်းနဲ့ လာတိုက်ဆိုင်နေပါတယ်။
ဒီအချက်က ရုတ်တရက် အောင်မြင်မှု ရသွားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေထက် ပထဝီနိုင်ငံရေးအရ စဉ်းစားမှုတွေက ပိုပြီးအဆုံးအဖြတ်ကျနေတာကို ပြ သနေတာလည်း ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ့ ပထမဆုံးသော အချက်ပြမှုကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး လိုက်တာမဟုတ်ပါဘူး။ တန်ဖိုးငွေ ဒေါ်လာ ၃ ဒဿမ ၆
ဘီလီယံရှိတဲ့ တရုတ်တို့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်
ကြီးကို ရပ်ဆိုင်းခိုင်းလိုက် ခြင်းပါပဲ။

အဲဒီကစလို့  မြန်မာကို ယှဉ်ပြိုင်လွန်ဆွဲလုရတဲ့ ပွဲကြီးဟာ စတင်လာခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဥရောပတို့ဟာ လက်ရှိအချိန်ထိတော့ မြန်မာ မှာ ထောက်ပံ့ရေးအေဂျင်စီ
တွေ၊ အဖွဲ့ အစည်းပေါင်းစုံတွေကတဆဆင့်သာ ဝင်ရောက်
နေပါတယ်။ ဒီကာလအတွင်း ဆန်ရှင်တွေလုပ် ပြီး မြန်မာကို ပိတ်ဆို့ထားတဲ့အချိန်တွေ အတွင်းကတောင် တစ်ခါမှထွက်
မသွားဖူးတဲ့ ဂျပန်ဟာ ကြွေးမြီ ဒေါ်လာ ခြောက်ဘီလီယံခန့်ကို
လျှော်ပစ်ကာ မြန်မာနဲ့ ထိတွေ့ဆက်သွယ်မှုတွေ လျင်လျင်
မြန်မြန် ပြန်လုပ်လာနေပါတော့တယ်။ ဒါဟာ ပြည်တွင်းမှာ
ဂျပန်အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်တော့မယ်ဆိုတဲ့
သဘောကို ပြသနေတာပါ။ ဒါ့အပြင် ဒီတစ်ပတ် အတွင်းမှာပဲ ပါရီကလပ်ကနေ မြန်မာကို ကြွေးမြီတွေ လျှော်ပစ်ဖို့နဲ့
နောက်ထပ် ငွေစီးကြောင်းအသစ်တွေဝင်လာဖို့ လမ်း
ဖေါက်ပေးတာတွေ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာ ဘယ် အနောက်နိုင်ငံကမှရော၊ ဂျပန် ကပါ ရင်းနှီးမြုပ်နှံမှု ကြီးကြီး
မားမားတွေကို အသစ်စတင်လုပ်ဆောင်ဖို့ မရှိသေးပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့
ကိုတော့ စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။

သံတမန်ရေး အဝန်းအဝိုင်းမှာလည်း အမေရိကန်ဟာ
မြန်မာကို ၎င်းရဲ့ အရှေ့တောင်အာရှ ကော်ဘရာဂိုးလ်မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ် ထားပါတယ်။ ဒီလိုဖြစ်စဉ်
တွေထဲမှာ တရုတ်ကတော့ နောက်ကျကျန်နေပါတယ်။
နေပြည်တော်ဟာ ပြည်တွင်းမှာ အကြီးမားဆုံး ကြေးနီမိုင်း
ဖြစ်တဲ့ လက်ပတောင်းတောင် စီမံကိန်းတည်ဆောက်မှု
နောက်ကွယ်က မြေယာသိမ်းယူမှုတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းနေပြီး မကြာမီက
တရုတ်နယ်စပ်မှာ ကချင်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ရင်း
တရုတ်နယ်စပ်ထဲ အမြောက်ဆံတွေ ကျရောက်စေကာ
စိတ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့  လက်ရှိဖြစ်ပေါ်မှု အခင်းအကျင်းများကို သုံးသပ်ရရင် နေပြည်တော်ဟာ တရုတ်ကို စွန့်လွှတ်ပစ်
လိုက်မှာတော့ မဟုတ်သေးပါ ဘူး။ အခြေအနေက အရှေ့
ကို လွှင့်ပစ်ပြီး အနောက်ကိုဖက်တွယ်လိုက်ဖို့ကလည်း
အများကြီး ဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို
ခေါင်းဆောင်တစ်ဦးကတောင်မှ အခုအနေအထားကို မဟာဗျူဟာကျကျ ကောင်းကောင်းကြီး သိထားနေပါတယ်။
သူမက “တရုတ်ဟာ မြန် မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိ
ကန်ကတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ်ဆိုတာကို မေ့ပစ်
လို့ မရပါဘူး”လို့ ပြောထားတာပါ ။တကယ်လို့ သူမသာ သမ္မတဖြစ်လာခဲ့ရင်တော့ သူမဟာ အမေရိကန်နဲ့ တရုတ် ကြားက မြန်မာရဲ့အနေအထားကို ပထဝီနိုင်ငံရေးကစားပွဲ
တစ်ခုအဖြစ်ရော၊ ဒီမိုကရေစီရေး ကစားပွဲတစ်ခုအဖြစ်ပါ
ဘယ်လို ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုသွင်

Ref: David Pilling, Pipeline marks scramble for Myanmar. Fanicial Times,30 th Janaury.

မူရင်းဆောင်းပါးရှင် ဒေးဗစ်ပေးလင်းသည် Financial Times သတင်းစာ၏ အာရှအယ်ဒီတာဖြစ်ကာ ၎င်း၏ ပင်တိုင်ကဏ္ဍတွင် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။